ဈေးဝယ်လာတဲ့ လူငယ်တစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိ

ကျောက်တော်၊ဒီဇင်ဘာ ၃၁-၂၀၁၈
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တော်မြို့နယ်အတွင်း အခုလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီလောက်က မိုင်းနင်းမိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီလူငယ်ဟာ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်မှာရှိတဲ့ လိပ်ဖာကျေးရွာက မောင်မင်းမင်း (ဘ) ဦးထွန်းအောင်ကျော် ၁၆ နှစ်ဟာ အဲဒီနေ့က အစ်ကိုဖြစ်သူ ဦးကျော်သိန်းနဲ့အတူ ခမောင်းကျေးရွာကို ဈေးဝယ်လာစဉ် လမ်းမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

“မိုင်းနင်းမိတဲ့ကလေးက အသက် ၁၆ နှစ်ပါ။ သူတို့ညီအစ်ကိုနှစ်ဦးဟာ ဆန်၊ဆီ၊ ဆားစတဲ့ အစားအစာတွေဝယ်ဖို့အတွက် လာကြတာလို့သိရတယ်။ အဲဒီမှာ ခမောင်းကျေးရွာနားအကိုအရောက်မှာ ချောင်းကမ်းစပ်မှာ မိုင်းနင်းမိတယ်လို့ပြောပါ တယ်။”လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းဝင်းက ပြောပါတယ်။

ခမောင်းကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၀ အိမ်အောက်သာရှိကြောင့်နဲ့ သွားလာရေးခက်ခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲဒီကျေးရွာသားတွေဟာ စားနပ်ရိက္ခာအတွက် အခုလိုနီးစပ်ရာကျေးရွာတွေကို သွားရောက်ဝယ်ယူနေကြရတာဖြစ်ပါတယ်။

“မိုင်းနင်းမိတဲ့အတွက် ဒဏ်ရာတွေတော့ နည်းနည်းရသွားတယ်၊ ခြေထောက်ဒဏ်ရာရတယ်၊ လက်နှစ်ဖက်လုံးဒဏ်ရာရတယ်၊ သိပ်ကြီးကြီးမားမားတော့မဟုတ်ဘူး၊ စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ပါဘူး၊ ကိုယ်အင်္ဂါပျက်လောက်တဲ့ ဒဏ်ရာတွေလည်းမဟုတ်ဘူး၊ သူ့ကို အခုကျောက်တော်ဆေးရုံမှာ ဆေးကုသလို့ရှိနေပါတယ် ”လို့ ဦးမောင်ထွန်းဝင်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့ ကျေးရွာသားတွေ သွာလာအသုံးပြုနေကြတဲ့ လမ်းတွေနဲ့ရွာအနီးအနားနေရာတွေမှာ မြေမြှုပ်မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေသွားလာရေးစိုးရိမ်နေကြသလို နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ကျေးရွာတွေမှာလည်း ရွာသားတွေပြန်လည်သွားရောက်တဲ့အချိန်မှာ မိုင်းရှင်းလင်းမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar#ဈေးဝယ်လာတဲ့လူငယ်တစ်ဦး#မိုင်းနင်းမိပြီးဒဏ်ရာရရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW