နျူစာချုပ်မှ အမေရိကန်နှုတ်ထွက်ရင် ဒုံးပျံတွေ ထုတ်လုပ်သွားမယ်လို့ ရုရှားသမ္မတပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ-၆ မျိုးဆက် (VOM) ၁၉၈၇ခုနှစ် တာလတ်ပစ်နျူးကလီးယားစာချုပ်ကနေ အမေရိကန် နှုတ်ထွက်ခဲ့မယ်ဆိုရင် အဆိုပါစာချုပ်က တားမြစ်ထားတဲ့ ဒုံးပျံတွေကို ရုရှားနိုင်ငံက ထုတ်လုပ်သွားမှာဖြစ်တယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ တာလတ်ပစ်နျူကလီးယားစာချုပ်ကို ရုရှားက ဖောက်ဖျက်နေတယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ နေတိုးအဖွဲ့က စွပ်စွဲလိုက်ပြီးနောက် သမ္မတ ပူတင်က ဒီလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် နေတိုးအဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ စာချုပ်ကနေ  အမေရိကန် နှုတ်ထွက်ဖို့အတွက် ယိုးမယ်ဖွဲ့တာဖြစ်တယ်လို့ ရုရှားသမ္မတ ကပြောပါတယ်။ အဆိုပါစာချုပ်ကို အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ ၁၉၈၇ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စာချုပ်အရ တာတိုနဲ့ တာလတ်ပစ် ဒုံးပျံတွေ အသုံးပြုခြင်းကို နှစ်နိုင်ငံစလုံးက ပိတ်ပင်ထားပါတယ်။ တာလတ်ပစ်နျူကလီးယားစာချုပ်အရ တားမြစ်ထားတဲ့ လက်နက်တွေကို အခြားနိုင်ငံအများပြားကလည်း ထုတ်လုပ်ခဲ့တယ်လို့ ပူတင်က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ  မှတ်ချက်ပြုပြောဆိုပါတယ်။ လက်ရှိအချိန်မှာ အခြေအနေတွေဟာ…

Read More

“ မေက ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါဆိုတဲ့ အလင်းရောင် ”

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) လူကြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရလာတဲ့ မင်းသားအလင်းရောင် နဲ့ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါလုပ်ဆောင်နေ မေနဲ့ လူမှုကွန်ရက်မှာပြန့်ခဲ့တဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ ” ပရိသတ်တွေက ပြောကြပေမယ့် ကျွန်တော်တို့က ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါ၊ ဒါကြောင့် နှစ်ယောက်က အမြဲတမ်းပဲ သူငယ်ချင်းပါပဲ  ”လို့ ဆိုပါတယ်။ အလင်းရောင်က မေနဲ့ပတ်သက်ပြီးသုံးသပ်ချက် ကတော့” မေက သရုပ်ဆောင်ပိုင်းကို သိပ်မလုပ်ချင်ဘူး၊ အဆိုပိုင်းကို ပိုလုပ်ချင်တယ်လေ၊ သူက အောင်မြင် တဲ့အဆိုတော်ဖြစ်ချင်တယ်၊ကျွန်တော် ကတော့ အဆိုပိုင်းတင်မဟုတ်ပဲ သရုပ်ဆောင်ပိုင်းပါလုပ်ဖို့ အကြံပေးဖြစ်ပါတယ်၊ကျွန်တော်စိတ်ရှုပ်နေတာ ဝေခွဲမရတဲ့အခါမျိုးမှာ သူကလည်း အကြံပေးပါတယ်။ နိုဝင်ဘာလ ကားရိုက်နားထားချိန်မှာတော့ ကိုရင်မဝတ်ဖူးတာကြောင့်မို့ ၅ရက် ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသကျောင်းမှာ ဝတ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပုံရိပ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပြီးတော့ TV ကြော်ငြာတွေ ရိုက်ကူးနေတာလည်း…

Read More

ဟွာဝေးကုမ္ပဏီ ဒုတိယဥက္ကဌ ကနေဒါနိုင်ငံမှာ အဖမ်းခံရ၊ ပြန်လွှတ်ပေးဖို့ တရုတ်တောင်းဆို

ဗန်ကူးဗား၊ ဒီဇင်ဘာ-၆ မျိုးဆက် (VOM) တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့  ဟွာဟွေးကုမ္ပဏီကို တည်ထောင်သူရဲ့ သမီးဖြစ်သူဟာ ကနေဒါနိုင်ငံမှာ အဖမ်းခံလိုက်ရပြီး ပြစ်မှုကျူးလွန်ခဲ့ရာ အမေရိကန်နိုင်ငံကို လွဲပြောင်းသွားမှာဖြစ်ပါတယ်။ ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲနဲ့ ကုမ္ပဏီဒုဥက္ကဌဖြစ်သူ မန်ဝမ်ကျို ဟာ ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ  ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးလိုက်ခြင်းရဲ့  အချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် အီရန်အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်နိုင်ခြေရှိတဲ့အတွက်  ဟွာဝေးကုမ္ပဏီကို အမေရိကန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မန်ဝမ်ကျို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက  ကန့်ကွက်လိုက်ပြီး ၎င်းကို လွှတ်ပေးရန် တောင်းဆိုလိုက်ပါတယ်။ စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အနည်း ငယ်မျှသာရှိပြီး မန်ဝမ်ကျို အနေနဲ့ တစ်စုံတစ်ရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ဟွာဝေး ကုမ္ပဏီက ပြောပါတယ်။ မန်ဝမ်ကျို  ဖမ်းဆီးခံရတဲ့  နေ့ရက်နဲ့ နေရာကို…

Read More

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချင်းသူရဲကောင်းဆု ပေးအပ်မှု ဇိုမီး/ချင်း အမျိုးသားထု နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်

တီးတိန် ဒီဇင်ဘာ ၆-၂၀၁၈ မိုင်ချယ်ရီ(VOM) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်) ကနေ ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့တဲ့ အပေါ်မှာ ချင်းပြည်နယ်မှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်း ၂၂ ဖွဲ့ကနေ စုပေါင်ပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအချိန် က ဒီလိုပေးအပ်တာဟာ ဇိုမီး/ချင်း အမျိုးသားထု နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး ဆိုတဲ့ အပိုဒ် လေးပိုဒ် ပါဝင်တဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့ရာမှာ ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်သည့် သတင်းအပေါ် ဇိုမီး/ချင်းလူမျိုးများ နဲ့ အခြားတိုင်းရင်းသား ပြည်သူများ အကြားတွင် အလွန်အံ့သြပြီး စိတ်မချမ်းမသာ ဖြစ်ရပါကြောင်း ၊ ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်ခြင်း နှင့် ပတ်သက်၍ ဇိုမီး/ချင်းလူမျိုးများ ၊သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးများ ၊ယဉ်ကျေးမှု…

Read More

မြောက်ဦးမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်

မြောက်ဦး၊ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ(VOM) မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေကြတဲ့အပေါ် ကြိုဆိုထောက်ခံတဲ့ အသည်းနှလုံးထဲကမြောက်ဦး တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပန်းချီဆရာမောင်မောင်စောက ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။ မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲက သာသနိကအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့ ပန်းချီကားပေါင်း ၃၀ နီးပါးပါဝင်မှာဖြစ်ပြီး အဲဒီပြပွဲဟာ မြောက်ဦးနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲကို မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ပွဲကိုတစ်ပတ်ခန့်အကြာပြသပေးသွားမှာဖြစ်ပါတယ်။ #voiceofmyanmar#မြောက်ဦး#တစ်ကိုယ်တော်ပန်းချီပြပွဲ#

Read More

ယင်းမာပင်မြို့ မှာ သက်ငယ်မှုဒိမ်းမှု ဖြစ်ပွား

မုံရွာ၊ ဒီဇင်ဘာလ ၆-၂၀၁၈ တာရာ(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊မောက်သရက်(ရှေ့)ရွာမှာ ဒီဇင်ဘာ(၄)ရက်နေ့ ည(၇)နာရီအချိန်က (၉)နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ မောင်ဖြစ်သူ နဲ့ အိပ်ပျော်နေစဉ် မောက်သရက် (ရှေ့)ရွာနေ ကျော်ဝင်းဌေး၊ ၃၅နှစ် နေအိမ်သို့ရောက်လာပြီး (၉)နှစ်အရွယ်မိန်းကလေးရဲ့ပါးစပ်ကို လက်နဲ့ပိတ်ပြီး သားမယား(၂)ကြိမ် ပြုကျင့်ခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။ သားမယားအဖြစ်ပြုကျင့်သူ ကျော်ဝင်းဌေးအား  ဥပဒေအရအရေးယူပေးရန် သားမယားပြုခံရတဲ့ မိန်းကလေးရဲ့ အဖေဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းကာ ယင်းမာပင်မြို့မရဲစခန်း က (ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။   #voiceofmyanmar#ယင်းမာပင်မြို့#သက်ငယ်မုဒိန်း#

Read More

လက်ပံတောင်း ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့ကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးရရေးဆန္ဒပြ

လက်ပံတောင်း၊ဒီဇင်ဘာ-၅-၂၀၁၈ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ အောက်တိုဘာလ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့တာကြောင့် စီမံကိန်းအနီးက နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်း စတဲ့ သီးနှံစိုက်ခင်းတွေအပြင် ကွမ်းခြံတွေပါ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာကို လျော်ကြေးငွေရရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဒေသခံ၁၅၀ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ မလိုက်နာတဲ့စီမံကိန်း ချက်ချင်းရပ်၊ နယ်ချဲ့တရုတ်ဝမ်ပေါင်နှင့် ဦးပိုင် အလိုမရှိ၊လူသတ် မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။   #voiceofmyanmar#လက်ပံတောင်း#ကြေးနီစီမံကိန်းကအက်ဆစ်ငွေ့ကြောင့်ပျက်စီးသွားတဲ့ သီးနှံတွေအတွက်လျော်ကြေးရရေးဆန္ဒပြ#

Read More

အိန္ဒိယသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ထိုးဖွယ်ရှိ

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက် (VOM) အိန္ဒိယသမ္မတ ရမ်နတ်ကိုဗင်းဟာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက် မှာဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ-၄ ရက်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ရမ်နတ်ကိုဗင်းဟာ  မြန်မာနဲ့ အိန္ဒိယအကြား အရေးကြီးတဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေးအတွက် ထပ်လောင်းအတည်ပြုမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ၎င်းဟာ သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး  မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့အကြား သဘောတူစာချုပ်တွေကို  လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အိမ်နီးချင်းသာ ပထမ ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပဓာန မူဝါဒအရ လွန်ခဲ့တဲ့  သုံးနှစ်တာကာလအတွင်း အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့အကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ  ပိုမိုအားကောင်းခဲ့ပြီး  ၂၀၁၇ခုနှစ် စက်တင်ဘာလမှာတော့ …

Read More

နျူကလီးယားစာချုပ်ကို ရက်၆၀အတွင်း ရုရှားက ပြန်မလိုက်နာရင် စာချုပ်ကထွက်မယ်လို့ အမေရိကန်သတိပေး

ဘရပ်ဆယ်၊ ဒီဇင်ဘာ-၅ မျိုးဆက် (VOM) ၁၉၈၇ ခုနှစ် တာလတ်ပစ်နျူကလီးယားစာချုပ်ကို ရုရှားနိုင်ငံက ချိုးဖောက်နေတယ်လို့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာ ၄ ရက်က  ပြစ်တင်ဝေဖန်လိုက်ပြီး အဆိုပါစာချုပ်ကို ရက် ၆၀ အတွင်း ရုရှားနိုင်ငံက ပြန်လည်လိုက်နာခြင်းမရှိရင်  သဘောတူစာချုပ်မှ အမေရိကန် နှုတ်ထွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတိပေး ပြောဆိုလိုက်ပါတယ်။ အဆိုပါနျူကလီးယားစာချုပ်က တားမြစ်ထားတဲ့ မိုင် ၃၁၀ မှ ၃၄၁၇ မိုင်အထိ ပစ်ခတ်နိုင်တဲ့  မြေပြင်အခြေစိုက် ဒုံးပျံတွေကို ရုရှားက ထုတ်လုပ်နေတာက ဒီစာချုပ်ကို ချိုးဖောက်တာဖြစ်ကြောင်း နေတိုးအဖွဲ့နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားအနေဖြင့် စာချုပ်ပါ အချက်အလက်တွေကို ချက်ချင်းပြန်လည်လိုက်နာဖို့ မိမိတို့အနေနဲ့ တိုက်တွန်းပြီး စာချုပ်ကိုပြန်လည်ထိန်းရမည့် အချိန်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စာချုပ်ပါ သဘောတူညီချက်တွေကို ရက်…

Read More
VOM News

FREE
VIEW