တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချင်းသူရဲကောင်းဆု ပေးအပ်မှု ဇိုမီး/ချင်း အမျိုးသားထု နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်

တီးတိန် ဒီဇင်ဘာ ၆-၂၀၁၈

မိုင်ချယ်ရီ(VOM)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်) ကနေ ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့တဲ့ အပေါ်မှာ ချင်းပြည်နယ်မှာ ရှိတဲ့ အရပ်ဖက် အဖွဲ့အစည်း ၂၂ ဖွဲ့ကနေ စုပေါင်ပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအချိန် က ဒီလိုပေးအပ်တာဟာ ဇိုမီး/ချင်း အမျိုးသားထု နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး ဆိုတဲ့ အပိုဒ် လေးပိုဒ် ပါဝင်တဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ထုတ်ပြန်ခဲ့ရာမှာ ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်သည့် သတင်းအပေါ် ဇိုမီး/ချင်းလူမျိုးများ နဲ့ အခြားတိုင်းရင်းသား ပြည်သူများ အကြားတွင် အလွန်အံ့သြပြီး စိတ်မချမ်းမသာ ဖြစ်ရပါကြောင်း ၊ ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်ခြင်း နှင့် ပတ်သက်၍ ဇိုမီး/ချင်းလူမျိုးများ ၊သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးများ ၊ယဉ်ကျေးမှု အဖွဲ့အစည်းများ ၊လူမျိုးစုခေါင်းဆောင်များ ၊အရပ်ဘက်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများမှ သိရှိသဘောတူဆုံးဖြတ်ခြင်း ၊ကိုယ်စားစေလွှတ်ခြင်း လုံးဝ(လုံးဝ) မရှိခဲ့ပါကြောင်း ၊ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ထူထောင်နိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နေကြချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူလူထုများ သည် ကြမ်းတမ်းအေးစက်လှသော တောတောင်ထဲတွင် ပင်ပန်းဆင်းရဲစွာ ဒုက္ခကြုံတွေ့နေရသည့် အချိန်ကာလ ဖြစ်ပါကြောင်း ၊ထို့ကြောင့် တီးတိန်(ဇိုမီး)အဖွဲ့အမည်ခံ လူတစ်စု ၏ ချင်းသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်သည့် လုပ်ရပ်သည် ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တိုင်းရင်းသား အချင်းချင်း ချစ်ကြည်စည်းလုံးရေးကို ထိခိုက်စေနိုင်သည် ဟု ရှုမြင်သည့် အပြင် မိမိတို့ ဇိုမီး/ချင်း အမျိုးသားထု နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်း စာသားများပါသည့် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဒီလို ထုတ်ပြန်တာနဲ့ ပတ်သတ်လို့ တီးတိန်(ဇိုမီး)အသင်း ရန်ကုန် မှ အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင် က “သူတို့လုပ်တိုင်းလည်း ကျွန်တော်တို့ က သဘောကျချင်မှ ကျမှာ ၊ကျွန်တော်တို့လုပ်တဲ့ဟာလည်း သူတို့ သဘောကျချင်မှ ကျမှာ၊အခု ကျွန်တော်တို့လုပ်တဲ့ ဟာကို သဘောမကျဘူးဆိုရင် ပိုကောင်းတာရှိရင် သူတို့လည်း လုပ်ပါ” လို့ ပြောပါတယ်။

ချင်းတိုင်းရင်းသာေးတွ နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဒီလို ထုတ်ပြန်လိုက်တာ ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်း အချိန်က နေပြည်တော် မှာ ရှိနေတဲ့ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်မှာ တီးတိန်(ဇိုမီး)အသင်း (ရန်ကုန်)ကနေပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ခဲ့တာနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar# တပ်မတော်ကာကွယ်ရေးဦးစီးချုပ်#ချင်းသူရဲကောင်းဆုပေးအပ်မှု#

Related posts

Leave a Comment

VOM News

FREE
VIEW