ရေနံတင်ပို့မှုကို အမေရိကန်ကတားမြစ်လာရင် ပါရှန်ပင်လယ်ကွေ့ ပိတ်ပစ်မယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက် (VOM) အီရန်ရဲ့  ရေနံတင်ပို့မှုတွေကို ပိတ်ပင်တားဆီးပြီး ၎င်းရဲ့ရေနံတင်သင်္ဘောတွေကို ရပ်တန့်ဖို့  အမေရိကန်က အားထုတ်မှုတွေလုပ်ဆောင်ခဲ့ရင် ရလဒ်အနေနဲ့ အရေးပါတဲ့ ပါရှန်ပင်လယ်ကွေ့ကို ပိတ်ပစ်မယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို  လုံးဝမရှိတဲ့အထိ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဒီလိုလုပ်ဆောင်မယ့် ဘယ်လိုအားထုတ်မှုမျိုးကိုမဆို အီရန်က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောပါတယ်။ မိမိတို့အနေနဲ့ လက်ရှိမှာ ရေနံတွေကို ရောင်းချနေသလို ဆက်လက်ပြီးလည်း ရောင်းချသွားမှာဖြစ်ပြီး အီရန်ရဲ့ရေနံတင်ပို့မှုတွေကို ရပ်တန့်မရဘူးဆိုတာ အမေရိကန်အနေနဲ့  သိထားသင့်တယ်လို့   ၎င်းက ပြောပါတယ်။ တစ်ချိန်ချိန်မှာ  အီရန်ရဲ့ ရေနံတင်ပို့မှုကို အမေရိကန်က တားဆီးလာရင်တော့ ပါရှန်ပင်လယ်ကွေ့ကနေ  နိုင်ငံတကာ ရေနံတင်ပို့တာတွေ ရှိလာတော့မှာ မဟုတ်ဘူးလို့ ရူဟာနီက ဆိုပါတယ်။ ၂၀၁၅…

Read More

ခင်ပွန်းသည်တွေ ထောင်ချခံရတာကြောင့် မှီခိုသူတွေတောင်းစားနေရ

မန္တလေး၊ဒီဇင်ဘာ ၅-၂၀၁၈ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာ က ဒေသခံ အမျိုးသမီးအချို့ဟာ ခင်ပွန်းသည်တွေ ထောင်ကျသွားတဲ့အတွက် မှီခိုစားသောက်စရာမရှိဖြစ်နေတာကြောင့် ကနေ့ နံနက်ပိုင်းက မန္တလေးဈေးချိုတော်မှာ တောင်းရမ်းစားသောက်မှု ပြုလုပ်နေပါတယ်။ မြင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံတည်ဆောက်နေတာကို ဒေသခံတွေက မကျေနပ်တဲ့အတွက် တားဆီးမှုတွေပြုလုပ်တာကို ကုမ္ပဏီက တရားစွဲဆိုခဲ့ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့က အောင်သပြေရွာသား ဦးရွှေအုန်း အပါအဝင် (၅)ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ-၃၄၁(မတရားတားဆီးကန့်ကွက်မှုအတွက်ပြစ်ဒဏ်) နဲ့ထောင်ဒဏ်(၁)လ ချမှတ်ခဲ့တဲ့အတွက် အခုလို တောင်းရမ်းစားသောက်မှု ပြုလုပ်နေခြင်းဖြစ်ပါတယ်။ “ မြင့် ကုမ္ပဏီက  အမ ယောကျာင်္းကို အတင်းအဓမ္မအနိုင်ကျင့်ပြီးထောင်ချလိုက်တယ်လေ၊ အမမှာကလေးသုံးယောက်နဲ့လုပ်ကိုင်မစားနိုင်တဲ့အတွက် ဒီလိုတောင်းစားနေရတာပါ ၊ ပြည်သူလူထုဘက်မှာ တရားဥပဒေရှိသေးလာလို့ မေးချင်ပါတယ် “ လို့ အောင်သပြေဒေသခံ မသင်းခိုင် က ပြောပါတယ်။ လက်ရှိမှာ အောင်သပြေဒေသခံ ၁၈ဦးကို ကုမ္ပဏီဘက်က လမ်းတံတားဥပဒေ၊…

Read More

စစ်ကိုင်းမြို့၊ဂုံညင်းတောင်ကျေးရွာက ရာအိမ်မှူး /ဆယ်အိမ်မှူး များ နုတ်ထွက်

စစ်ကိုင်း၊ဒီဇင်ဘာ ၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊တဲကြီးတိုက်နယ်၊ဂုံညင်းတောင်ကျေးရွာ က ရာအိမ်မှူး /ဆယ်အိမ်မှူးတွေက ၎င်း တို့ ရဲ့  တာဝန်တွေကနေ  နုတ်ထွက်ကြောင်း ကို ဒီဇင်ဘာလ(၄)ရက်နေ့က စစ်ကိုင်းမြို့နယ် အထွေထွအုပ်ချုပ်ရေးမှူးဦးစီဌာနရုံး သို့ စာတင်ခဲ့ပါတယ်။ “ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး၊ရာအိမ်မှူး တွေကို ဥပဒေအရ  ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာရယ် ၊ကိုယ့်ထမင်း ကိုယ်စားပြီး ရပ် ရွာ အကျိုးကို ထမ်းဆောင်နေတဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ ကို ကာကွယ်မပေးတာကြောင့် တာဝန်ကနေ အားလုံး နုတ်ထွက်တာဖြစ်ပါတယ် ” လို့ ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။ ဂုံညင်းတောင်ကျေးရွာအနီးက ဘုရားပွဲကို အက၊အလှ များနဲ့ သွားရောက် ဖျော်ဖြေဖို့အတွက် နိုဝင်ဘာလ၂၉ ရက် ညပိုင်း က ရွာလယ် ဓမ္မာရုံမှာ လူငယ်တွေ အက တိုက်နေစဉ် ကိုအောင်အောင် ဆိုသူ …

Read More

ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို

  နေပြည်တော် ဒီဇင်ဘာ ၅-၂၀၁၈ မြတ်မင်းခန့်(VOM) မြန်မာအစိုးရအနေနဲ့ ပြည်တွင်းကြွေးမီ ကျပ်ဘီလျံ ၁သောင်း၅ထောင်ကျော်ရှိနေပြီး နှစ်စဉ်အတိုးဘီလျံ ၁၀၀၀ကျော်ဆပ်နေရတာကြောင့် ဘတ်ဂျတ်လိုငွေပြမှု ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့ လိုအပ်နေပီဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဌ ကပြောဆိုလိုက်ပါတယ်။ မြတ်မင်းခန့်သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#ဗဟိုဘဏ်ကနေချေးယူနေရတာကိုလျော့ချဖို့လို # ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ

Read More

အတိုက်အခံတွေအပေါ် နိုင်ငံရေးဖြေလျော့မှုပေးဖို့ ကမ္ဘောဒီးယားအစိုးရ စီစဉ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၅-၂၀၁၈ မျိုးဆက်  (VOM) ဥရောပသမဂ္ဂက (အီးယူ) ကမ္ဘောဒီးယားနိုင်ငံကို အခွန်ကင်းလွတ်မှုပေးထားတာကို ရုပ်သိမ်းဖို့ ခြိမ်းခြောက်လိုက်ပြီးနောက် ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီဝင် ၁၀၀ ကျော်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ ငါးနှစ်ကြာ ပိတ်ပင်ထားတာကနေ  ပြန်လည်ခွင့်ပြုဖို့ ကမ္ဘောဒီးယား ပါလီမန်က သုံးသပ်နေပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ပါလီမန်အမတ်နေရာအားလုံးကို အနိုင်ရရှိခဲ့တဲ့  ဇူလိုင် ရွေးကောက်ပွဲမှာ ဟွန်ဆန်ပြန်လည်အာဏာရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို လက်နက်မှအပ အားလုံးကို အခွန်တင်းကြပ်ဖို့ တရားဝင် လုပ်ထုံလုပ်နည်းတစ်ရပ်ကို အီးယူက လွန်ခဲ့သည့်လက စတင်ခဲ့ပါတယ်။ အနာဂါတ်မှာ ဒီမိုကရေစီနဲ့ ဥပေဒစိုးမိုးရေးကို မြှင့်တင်ဖို့  နိုင်ငံရေးလှုပ်ရှားမှုတွေကနေ ပိတ်ပင်တားမြစ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကို  ပြန်လည်ခွင့်ပြုပေးနိုင်တဲ့  ဥဒေရေးရာပြဌာန်းချက်တွေကို အမျိုးသားလွှတ်တော်က ပြန်လည်သုံးသပ်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ-၃ ရက်က ထုတ်ပြန်ပါတယ်။ အမေရိကန်ရဲ့ အကူအညီနဲ့ အာဏာရယူဖို့ ကြံစည်ကြောင်း စွပ်စွဲခံရပြီးနောက် အဓိက အတိုက်အခံ…

Read More

”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ် မေမြတ်နိုး”

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်လောကတဆင့် သရုပ်ဆောင်ပါလုပ်နေတဲ့  မေမြတ်နိုးကတော့ ”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ်”လို့ ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ”Music အမျိုးအစားကတော့ အစုံထည့်ထားပါတယ်။ လူကြီးအကြိုက်ရော၊လူငယ်အကြိုက်ရော ဗိုလ်ဆန်ဆန်ရောထည့်ထားပါတယ်။ မကြာခင်မှာတော့ ပရိသတ်ဆီကို ဆက်တိုက်ဆိုလို့ မြတ်နိုးကိုတွေ့ရမှာပါ”လို့ ဆိုပါတယ်။ လက်ရှိမှာ မြတ်နိုး အဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ သီချင်း ၉ပုဒ်လောက်ပြီးသွားတော့ အင်္ဂလိပ် သီချင်း ၃ပုဒ်ထည့်ဖို့ စီစဉ်ထားပါတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက် ဘန်ကောက်မှာ Invincible ဇာတ်ကားရဲ့ Casting အတွက် Audition ဝင်ရာမှ ရွေးချယ်ခံရပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ရခဲ့တာလည်းဖြစ်ပါတယ်။Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစားဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။ ” မေမြတ်နိုးအက်ရှင်-ဒရာမာဆန်ဆန်လေး ဇာတ်ကားမှာ မြတ်နိုးသရုပ်ဆောင်ထားပါတယ်။ ဘန်ကောက်မှာ ရိုက်ကူးတယ်ဆိုပေမဲ့ ဇာတ်ကားတစ်ကားလုံးမှာတော့ အင်္ဂလိပ်စကားပြောနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။…

Read More

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ချင်းသူရဲကောင်းဘွဲ့ ဇိုမီးအသင်း(ရန်ကုန်)က ပေးအပ်

တီးတိန် ဒီဇင်ဘာ ၅ -၂၀၁၈ မိုင်ချယ်ရီ (VOM) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တီးတိန်မြို့(ဇိုမီး) အသင်း (ရန်ကုန် ) အဖွဲ့ဝင်တွေက ချင်းသူရဲကောင်း ဘွဲ့ ပေးအပ်ခြင်း ကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်လွဲပိုင်းက နေပြည်တော် ဘုရင်နော့င်ရိပ်သာ ဧည့်ခန်းမမှာ ပေးအပ်ခဲ့တာပါ။တီးတိန်မြို့(ဇိုမီး)အသင်း (ရန်ကုန်)ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသောမတ်ခန့်နိုး က ဦးသောမတ်ခန့်နိုး က “သူက ကိုယ့်ကို ကာကွယ်ပေးတဲ့ ပုဂ္ဂိုလ်ပဲလေ။အဲ့ဒီ ပုံစံနဲ့ ဆုချီးမြှင့်တဲ့ သဘောပါပဲ” လို့ ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ချင်းပြည်နယ် တီးတိန်မြို့(ဇိုမီး)အသင်း (ရန်ကုန်) မှ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr.Joseph Thang Zo Mung ဦးဆောင် တဲ့ အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ…

Read More

တောင်းဆိုချက်မရမချင်း ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားများပြော

  မန္တ​လေး၊ဒီဇင်ဘာ ၄-၂၀၁၈ ဟိန်းကို (VOM)   ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဆိုင်ကယ်ပျောက်ဆုံးနေတာနဲ့ ပက်သက်ပြီး လုံခြုံရေးတာဝန်ချထားပေးဖို့ နဲ့ ကျောင်းအိမ်သာတွေ သန့်ရှင်းမှုမရှိတာတွေကို သန့်ရှင်းဖို့အတွက် ဝန်ထမ်းတိုးမြင့်ချထားပေးဖို့ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ က ယနေ့ ဒီဇင်ဘာ(၄)ရက် နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုမှု ဒုတိယအကြိမ် ပြုလုပ်ခဲ့ကြပါတယ်။   “ ဒီကိစ္စကို မန္တလေးတိုင်းအစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ပြောထားပါတယ် ယနေ့ချိန်ထိ ဖြေရှင်းမပေးဘူး ပါမောက္ခချုပ်ကလည်း ခေါင်းရှောင်နေတယ် “ လို့ ဆန္ဒပြကျောင်းသား ရဲမျိုးဆွေ ကပြောပါတယ်။   ဆန္ဒပြတာကို နိုဝင်ဘာ(၂၉)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လုပ်ခဲ့ကြပြီး၊ ဒီနေ့ဆန္ဒပြတာကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း နေ့တိုင်း ကျောင်းရှေ့မှာ ဆန္ဒပြမယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။ #VoiceOfMyanmar #YadanabonUniversityStudentProtest #ရတနာပုံတက္ကသိုလ်

Read More

မော်လိုက်မြို့အနီး ချင်းတွင်းမြစ်သောင်ထွန်းမှုကြောင့် ကုန်တင်ရေယာဉ်များ ပိတ်မိ

မော်လိုက်၊ ဒီဇင်ဘာ ၄-၂၀၁၈ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အတွင်းမှာ ချင်းတွင်းမြစ်ရေကျဆင်းပြီး သောင်ထွန်းမှုတွေ ဖြစ်နေတာကြောင့် ချင်းတွင်းမြစ်အတွင်းသွားနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ နိုဝင်ဘာလ နောက်ဆုံးပတ်ကနေ စတင် ပိတ်နေတာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ပိတ်မိနေတဲ့ ရေယာဉ် အစင်းပေါင်း၂၀ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ” ရေယာဉ်ပိတ်မိနေတာ နှစ်ရက် ကြာနေပြီ အခု ဝိတ်ပေါ့အောင် ကုန်တွေကို လှေငယ် နဲ့ ကဲ့နေတယ်” လို့  ရေယာဉ်ပိုင်ရှင် ဦးဝင်းကျော် က ပြောပါတယ်။ ခုလိုဖြစ်နေတာက မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ နဲ့ ပန်းသာကျေးရွာ အကြားမှာ ရှိတဲ့ ချင်းတွင်းမြစ်ရေဟာ ပုံမှန်ဆိုရင် ရေအနက် ၃ ပေ ပတ်ဝန်းကျင်သာ ရှိနေပြီး ၄ ပေ ရေအနက် ရှိရင်တောင် သွားလို့ ရနေတဲ့…

Read More

ဘင်္ဂလားဒေ့ရှ်ကဆန်အ၀ယ်လျှော့ချလိုက်တဲ့အတွက် နိုဝင်ဘာလအတွင်း တန်ချိန် ငါးသောင်းကျော်သာ တင်ပို့ခဲ့ရ

မောင်တော၊ ဒီဇင်ဘာ ၄-၂၀၁၈ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းကထွက်ရှိတဲ့ ဆန်နဲ့တခြားစားသုံးကုန်တွေကို မောင်တောနယ်ဒေသ ကုန်သွယ်ရေးဇုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ယခင်လတွေက ရခိုင်ပြည်နယ်ဘက်ကဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆန်တန်ချိန်ပမာဏ အများအပြားတင်ပို့ ရောင်းချခဲ့ရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ တစ်ဖက်နိုင်ငံက ၀ယ်ယူမှုလျှော့ချလိုက်တာကြောင့် တန်ချိန် ငါးသောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ပြောပါတယ်။ “ ဆန်ကိုတော့ အရင်လတွေက တော်တော်များများတင်ပို့ခဲ့ရတာပေါ့နော်။ ပြီးခဲ့တဲ့လကတော့ နည်းနည်းကျဆင်းသွား တယ်၊ ပို့တော့ပို့နေရတာပါပဲ၊ လုံးဝပ်ရပ်ဆိုင်းသွားတာတော့မဟုတ်ဘူး ဟိုဘက်က၀ယ်ယူတာတွေလျှော့ချလိုက်တာ ကြောင့် နည်းသွားတာပါ ”လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းက ပြောပါတယ်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်ဝယ်ယူမှုကိုလျှော့ချခဲ့ပေမယ့် တခြားကုန်စည်တွေကို ယခင်လတွေကထက် ပိုမိုတင်ပို့ခဲ့ရတာကြောင့် နိုဝင်ဘာလအတွင်းမှာ ပို့ကုန်ကရရှိတဲ့ဝင်ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နဲ့ သွင်းကုန်ကရရှိတဲ့ ၀င်ငွေ ဒေါ်လာ ရှစ်ထောင်ကျော်ရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့…

Read More
VOM News

FREE
VIEW