နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေး တာဝန်ရှိသူများအနေနဲ့ ပူးပေါင်းအဖြေရှာဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောဆို
နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈ မြတ်မင်းခန့်   နိုင်ငံ့ဝန်ထမ်းယန္တယားအတွင်း ကြိုးနီစနစ်များလျော့ချရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ အမြန်ဆုံးနည်းလမ်းရှာဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကမေတ္တာရပ်ခံပြော ဆိုခဲ့တာဖြစ်ပါတယ်။   နိုဝင်ဘာလ ၁၄ ရက်နေ့ကနေပြည်တော်မှာပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးအတွင်း တွံတေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်မေးမြန်းတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေးနှင့် စပ်လျှဉ်း ၍ မည်သို့ မည်ပုံ ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးသိလိုကြောင်း မေးမြန်းမှုကို သက်ဆိုင်ရာပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြန်လည်ဖြေဆိုမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌက ဖြည့်စွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။   “ပြည်သူ့လွှတ်တော်ဥက္ကဌ အနေနဲ့ ဖြည့်စွက်တင်ပြလိုတာကတော့ ပြည်ထောင်စုရာထူးဝင်အဖွဲ့ ဥက္ကဌ အနေနဲ့ Civil Servant Reform (နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်ဆိုတဲ့နေရာမှာ ဒီလို သင်တန်းပို့ချနေရုံနဲ့ မရပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို လျှင်မြန်စွာ ဥပဒေနဲ့အညီ တုန့်ပြန်နိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားပေးဖို့…
Read More
ထီးတော်တင်ပါက ရေကြီးနစ်မြုပ်မည်ဟု တဘောင်ထွက်ပေါ်နေသည့် နေပြည်တော် နေရောင်ပြအင်းဘုရား ဒုတိယအကြိမ် ထီးတင်မည်
နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈ ဒီပ(နေပြည်တော်)   လူမှုကွန်ယက်စာမျက်နှာများနဲ့ နေပြည်တော်ဒေသခံ အသိုင်းအဝိုင်းကြားမှာ ထီးတော်တင်လျင် တစ်မြို့လုံး ရေနစ်မြုပ်မည်ဆိုတဲ့ တဘောင်အတိတ်နိမိတ်တွေ၊ ကောလဟလတွေကြောင့် လူပြောများလာတဲ့ ကိုးတောင်ပြည့် စေတီတော်နဲ့ ဥာဏ်တော် ၁၀၈ ပေမြင့်တဲ့ နေရောင်ပြအင်းဘုရားကို နိုဝင်ဘာ(၂၂)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ဒုတိယအကြိမ် ထီးတော်ပြန်တင်မယ်လို့ နေရောင်ပြအင်ဘုရား တည်ဆောက်ရေး ဥက္ကဌဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။   “ကျွန်တော်တို့ရဲ့ ပါဋိဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့တာရှိပါတယ် ထီးတင်တဲ့အလုပ်ဆိုတာ အင်မတန် အကျိုးကျေးဇူးရှိတဲ့ အလုပ်ဖြစ်ပါတယ် ကုသိုလ်အကျိုးကျေးဇူး ကြီးမားတဲ့အလုပ်ဖြစ်လို့ အကုသိုလ်မဖြစ်ပါဘူး ရေကြီးတယ် ရေလွှမ်းတယ်ဆိုတာကတော့ အကုသိုလ်ရှိလို့ ဖြစ်ကြတာပဲ၊ ရေလွှမ်းမယ်ဆိုလည်း ဒီနေရာလေးတစ်ခုတည်း ကွက်ပြီးတော့မှ လွှမ်းမယ်ဆိုလည်း မဖြစ်နိုင်ဘူး၊ ဒီနေရာလွှမ်းမှတော့ နေပြည်တော်တခွင် နစ်မြုပ်မှာပဲ ဒါလည်းမဖြစ်နိုင်ဘူး အဲ့ဒီတော့ ကျွန်တော်တို့ ဖြစ်နိုင်ခြေ အကြောင်းတရားကို စဉ်းစားကြည့်တဲ့အခါ ဒါတွေက…
Read More
ချမ်းမြသာစည်​မြို့နယ်​က ကျူး​ကျော်​တဲ့(၈၀)​ကျော်​ ဖယ်​ရှား
မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၈ ဟိန်းကို (VOM) မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​ ၊ မြို့သစ်​အမှတ်​(၅)ရပ်​ကွက်​ နဲ့ ချမ်းမြသာစည်​​တောင်​ရပ်​ကွက်​ ၇၃လမ်း နဲ့ ၇၅လမ်းကြား ​ရေနီ​မြောင်း နဲ့ ​လေယာဉ်​ကွင်း​ဟောင်းကြားက ​ကျူး​ကျော်​​နေထိုင်​​နေတဲ့ ​နေအိမ်​(၈၀)​ကျော်​ကို ယ​နေ့ နိုဝင်​ဘာ(၁၃)ရက်​ နံနက်​ပိုင်းက ဖယ်​ရှားရှင်းလင်းခဲ့ပါတယ်​။ #voiceofmyanmar #မန္တလေး #ချမ်းမြသာစည် #ကျူးရှင်းလင်းရေး
Read More
ကိုရီယားမှာ နှာခေါင်း နဲ့ မျက်ရစ် ခွဲစိတ်ပြုပြင်လိုက်တဲ့ နန်းခင်ဇေယျာ
ရန်ကုန် နိုဝင်ဘာ ၁၃ – ၂၀၁၈ သင်းသဒ္ဒါ သရုပ်ဆောင် နန်းခင်ဇေယျာကတော့ မိမိလက်ရှိနှာခေါင်း နဲ့ပတ်သက်ပြီး ယုံကြည်မှုသိပ်မရှိလို့ ကိုရီယားမှာ သွားပြီး ခွဲစိတ်ပြုပြင်လိုက်ပါတယ်လို့ ဆိုလာပါတယ်။ ”နန်းခင်ရဲ့ နှာခေါင်းက နဲနဲပြားတော့ မကြိုက်ဘူး။ဓာတ်ပုံရိုက်ရင်သိပ်မလှဘူးဖြစ်နေတယ်။ အပြင်ထွက်ရင် နှာတံဖော်ရတာ အလုပ်တစ်လုပ်ပေါ့။ ခုဆိုရင်နှာတံလည်း ဖော်စရာမလိုတော့ဘူးပေါ့။ အခုလို ခွဲစိတ်ပြုပြင်လိုက်တော့ ယုံကြည်မှုအပြည့်အဝရှိလာပါတယ်”လို့ ပြောပါတယ်။ နန်းခင်ဇေယျာ မျက်နှာပြင်ဖြစ်တာ အဓိကက ကိုရီးယားက ဆေးရုံက Ambassadorအနေနဲ့ လုပ်ဆောင်ဖြစ်တာပါ။ကိုယ့်မကြိုက်တဲ့ နှာခေါင်းကို ပြင်လိုက်တာပါ။ ဒါပေမယ့် ကိုရီးယားကဆေးရုံ နန်းခင်ရဲ့ မျက်ရစ်ကိုပါမကြိုက်လို့ ပြင်ပေးလိုက်တာပါ။ နန်းခင်က ခွဲစိတ်တာ တစ်ရက်ကိုမှ နေ့တစ်ဝက်ပဲ ဆေးရုံမှာနေရတယ်။ နန်းခင်ကို ပရိသတ်မှတ် မိပြီးသားရုပ်အတိုင်းလေးပဲ ဖြစ်ချင်တယ်။ ၃ လနေပြီရင်တော့ နန်းခင်ရဲ့ ပုံမှန်ရုပ်လေးရုပ်လုံးပေါ်လာမှာပါ။ နန်းခင်ဇေယျာကတော့ လက်ရှိမှာခွဲစိတ်ပြီး ၁၁ ရက်သာရှိသေးပြီးတော့ မျက်နှာမှာအရောင်တွေမကျသေးဘဲ…
Read More
အစ္စရေးကို ဒုံးကျည်အစင်း ၃၀၀ ကျော်ဖြင့် ပါလက်စတိုင်း စစ်သွေးကြွတို့တိုက်ခိုက်
  ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၃ မျိုးဆက် (VOM) အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ဂါဇာကမ်းမြောင်ဒေသမှာ တင်းမာမှုတွေမြင့်တက်နေပြီး အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၃၇၀ နဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက နိုဝင်ဘာ ၁၂ ရက်က တိုက်ခိုက်လိုက်ပါတယ်။ တင်းမာမှုတွေမြင့်တက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း စစ်သွေးကြွ ပစ်မှတ် ၇၀ ကျော်ကို အစ္စရေးတို့က လေကြောင်းကနေတိုက်ခိုက်ပြီးနောက် ပါလက်စတိုင်းဘက်က အခုလို တုံ့ပြန်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားတစ်ဦးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ခုနှစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာ လူ၁၀ဒဏ်ရာရရှိထားတယ်လို့ အစ္စရေးဆေးအမှုထမ်းတွေက ပြောပါတယ်။ အစ္စရေးစစ်ဘက်ကနေ ပါလက်စတိုင်း စစ်သွေးကြွ ဟားမက်အဖွဲ့ပိုင်တဲ့ ဂါဇာစီးတီးက ရုပ်မြင်သံကြားဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ရုပ်မြင်သံကြားဌာနက အက်ဖ်-၁၆ တိုက်လေယာဉ်ပေါ်ကနေ ဒုံးပျံ သုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်းမာမှုတွေကြောင့် ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ပထမကမ္ဘာစစ်ပြီးဆုံးတဲ့…
Read More
မြောက်ကိုရီးယားက လျှို့ဝှက်နျူကလီးယားစခန်းတွေ ဆက်လုပ်နေဟု အမေရိကန်လေ့လာရေးအဖွဲ့ပြော
Read More
ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ လူ့အခွင့်အရေးမြင့်ဆုံးဆု AI ရုပ်သိမ်း
  လန်ဒန်၊ နိုဝင်ဘာ-၁၃- ၂၀၁၈ မျိုးဆက် (VOM) ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကပေးအပ်ထားတဲ့ အမြင့်ဆုံးလူ့အခွင့် အရေးဆုဖြစ်တဲ့ ယုံကြည်ချက်ကို အစဉ် စွဲကိုင်ထားသူ (Ambassador of Conscience Award) ဆုကို နိုဝင်ဘာ ၁၂ ရက်က ရုပ်သိမ်းလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က အဆိုပါဆုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပေးအပ်ခဲ့တာဖြစ်ပြီး ရှစ်နှစ်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ လူ့ခွင့်အရေး ကာကွယ်မြင့်တင်ရေးရဲ့ ပြယုဂ်တစ်ခုမဟုတ်တော့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုလိုက်ပြီး ဘင်္ဂါလီဒုက္ခသည်အရေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပြောဆိုမှုမရှိဘဲ နှုတ်ဆိတ်နေတဲ့အတွက် ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ခြင်း၊ ခွန်အားသတ္တိနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးရဲ့ ပြယုဂ် မဟုတ်တော့ဘူးလို့ နိုင်ငံတကာလွတ်ချမ်းသာခွင့်အဖွဲ့အကြီးအကဲ ကူမီနိုင်ဒူးက ဆုရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၁၁ ရက်က…
Read More
ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့်ရအောင် ကြိုးစားထားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
ရန်ကုန် နိုဝင်ဘာ ၁၃- ၂၀၁၈ သင်းသဒ္ဒါ (VOM) အိမ်ထောင်ကျပြီးသော်လည်း ပရိသတ်အားပေးအခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ ကယားပြည်နယ်မှာ ရိုက်ထားတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားမှာတော့ ဝိဥာဉ်ဝင်ပူးတဲ့ ဇာတ်ဝင်ခန်းကို မလုပ်ဖူးပေမယ့် ရအောင်ကြိုးစားထားတယ်လို့ ဆိုပါတယ်။ အူဝဲလည်း တကယ်အပြင်မှာဝိဥာဉ်ဝင်ပူးတာ မခံရဘူးတော့ မသိဘူးလေနော်။ဒါပေမယ့်ကိုယ် ကြည့်ဖူးတဲ့ဟာတွေဆိုရင် နိုင်ငံခြားတွေမှာတွေ့ရတယ်။ ဝင်ပူးလိုက်တယ်ဆိုတဲ့ Affect ကို ပြရတာလည်းဖြစ်တယ်။ ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့် လည်း ဒီမုဒ်ကိုရအောင် ကြိုးစားပြီးတော့ လုပ်ဆောင်ထားပါတယ်”လို့ ပြောပါတယ်။ နှစ်ပေါင်း ၆၀ ဇာတ်ကားရိုက်ကူးမှုတွေမရှိခဲ့တဲ့ လွိုင်ကော်မြို့ရဲ့ အနီးတစ်ဝှိုက်က ရိုးရာယဉ်ကျေးမှုအလှအပတွေပါတွေ့ရမယ့် ” ကြတ်ဂူ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နဲ့ သရုပ်ဆောင်အနေနဲ့ လူမင်း ၊ မြင့်မြတ် ၊ကျော်ထက်အောင် ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို အနုပညာရှင်တွေအများကြီးနဲ့ သရုပ်ဆောင်ထားကြပါတယ်။…
Read More
မသန်စွမ်းတွေအတွက် စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ တီဗီ ဆမ်ဆောင်းထုတ်လုပ်မည်
ဇူးရစ်၊ နိုဝင်ဘာ-၁၂ မျိုးဆက်(VOM) ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ မသန်စွမ်းတွေအတွက် ရည်ရွယ်ပြီး စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ နည်းပညာထည့်သွင်းထားတဲ့ တီဗီအမျိုးအစားတစ်ခုကို ဆမ်ဆောင်းက ထုတ်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။ အဆိုပါ တီဗီအမျိုးအစားထုတ်လုပ်ဖို့အတွက် Project Pontis လို့အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဆမ်ဆောင်းက အဖွဲ့တဖွဲ့နဲ့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေနဲ့အတူ ပူးပေါင်းပြီး လွန်ခဲ့တဲ့ သုံးလကတည်းက စမ်းသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနည်းပညာမှာ လူ့ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို အာရုံခံနိုင်တဲ့ ဆင်ဆာတွေတပ်ဆင်ထားတဲ့ ခေါင်းစွပ်လို ကိရိယာက အချက်ပြလှိုင်းတွေကို သူနဲ့ချိတ်ဆက်ထားတဲ့ တီဗီက ဆော့ဖ်ဝဲနဲ့ ချိတ်ဆက်အလုပ်လုပ်မှာဖြစ်ပြီး မျက်လုံးအကြည့်ရဲ့ ဦးတည်ရာကို ခြေရာခံတဲ့ ကိရိယာတခုလည်း ပါဝင်ပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအနေနဲ့ ဒီတီဗီကိုအသုံးပြုရာမှာ စိတ်နဲ့ထိန်းချုပ်ပြီး ရုပ်သံလိုင်းပြောင်းတာတွေ၊ အသံအတိုးအကျယ်နဲ့ တီဗီမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပုံမှန်လူတွေလည်း ဒီနည်းပညာပေါ် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါတီဗီကို ၂၀၁၉ နှစ်…
Read More
VOM News
FREE
VIEW