ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင် နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။ ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ…
Read MoreYear: 2018
စတော်ဘယ်ရီသီးတွေမှာ အပ်တွေထည့်တဲ့ အမျိုးသမီးကို သြစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး
ကင်ဘာရာ၊ နိုဝင်ဘာ-၁၂-၂၀၁၈ မျိုးဆက် (VOM) သြစတြေးလျ နိုင်ငံမှာ စတော်ဘယ်ရီသီးတွေထဲကို အပ်တွေထည့်ထားတာနဲ့ ပတ်သက်ပြီး ပတ်သက်ဆက်နွယ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကွင်းစလန်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။ စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက် ၅၀ နှစ်အရွယ် အဆိုပါအမျိုးသမီးကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေကို အံအားသင့်ဖွယ် ပထမဆုံးတွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စတော်ဘယ်ရီးသီးစားသုံးပြီးနောက်အစာအိမ် နာကျင်မှုကြောင့် ကွင်းစလန်ပြည်နယ်က အမျိုးသားတစ်ဦး ဆေးရုံတင်လိုက်ပြီးနောက် စတော်ဘယ်ရီသီးတွေထဲမှာ အပ်တွေပါတာကို ပထမဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စတော်ဘယ်ရီသီးတွေမှာ အပ်တွေပါတယ်ဆိုတဲ့ တိုင်ကြားမှု ၁၀၀ ကျော်ရှိနေပြီး စတော်ဘယ်ရီသီး တန်ချိန်ပေါင်းများစွာကို စွန့်ပစ်ဖို့ ဖိအားပေးခံခဲ့ရပြီး ကုန်တိုက်တွေမှာလည်း ရောင်းချခြင်းပိတ်ပင်ထားပါတယ်။ အဆိုပါဖြစ်စဉ်သည် သြစတြေးလျနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်…
Read Moreချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်
စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။ နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့…
Read Moreကုန်ပစ္စည်းဝန်ဆောင်မှုများအတွက် ရန်ကုန်ကုန်းတွင်းဆိပ်ကမ်းကို တရားဝင်ဖွင့်လှစ်
ရန်ကုန် – နိုဝင်ဘာ ၁၁၊ ၂၀၁၈- ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်းများအတွက် ယာဉ်ကြော သွားလာရေး ပိတ်ဆို့မှု လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ် သောကုန်းတွင်းဆိပ်ကမ်း စီမံကိန်းဖြစ်သည့် Yangon Dry Port ကို ရွာသာကြီးတွင် ယနေ့ တရားဝင် ဖွင့်လှစ်လိုက်ကြောင်း ကြေညာခဲ့သည်။ ဤကုန်းတွင်းဆိပ်ကမ်း စီမံကိန်းများကို ဆောက်လုပ်၊စီမံ၊ လွှဲပြောင်းစနစ် (Build, Operate and Transfer, BOT) system) ဖြင့် KM Terminal & Logistics Limited မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ “ဒီနေ့ ရန်ကုန်မှာ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း ဖွင့်လိုက်ပြီဆိုတဲ့အကြောင်းကို ကြေညာနိုင်တဲ့အတွက် အင်မတန်ဂုဏ်ယူ မိပါတယ်။ ဒီကုန်းတွင်းဆိပ်ကမ်းက ၂၀၁၈ မေလလောက်ကတည်းက…
Read Moreမီးနီရပ်နေတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ လူနှစ်ယောက်သေတဲ့ကိစ္စ ပြိုင်ကားပိုင်ရှင်ဘက်က ဘာပြောသလဲ
မန္တလေး နိုဝင်ဘာ ၁၁-၂၀၁၈ ဟိန်းကို (VOM) ၂၀၁၈ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ညပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊ ၇၈လမ်း နဲ့ ၂၆လမ်း ဒေါင့်မှာ လူငယ်နှစ်ဦးဟာ ဆိုင်ကယ်နဲ့မီးပွိုင့်မီးနေတာကို စောင့်နေတဲ့အချိန် နောက်ကနေ Lexus အမျိုးအစား ပြိုင်ကားအနီရောင်က ၀င်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပြိုင်ကားအနီရောင် ကားပိုင်ရှင်ဟာ ကားကိုတခြားသူကိုငှားလိုက်တာဖြစ်တာမို့ ကောလဟလဖြစ်နေတဲ့ လူစားလဲတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဒီနေ့ နိုဝင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက မန္တလေး မီဒီယာစင်မှာပြုလုပ်တဲ့ သတင်းစားရှင်းပွဲ မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်ကိုတိုက်လိုက်တဲ့ ယာဉ်မောင်းကို ၊ နယ်မြေခံ အမှတ်(၂)ရဲစခန်းက ယာဉ်(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့်လူသေမှု)၊ (ပ)၄၂၀/ ၂၀၁၈၊ပြည်သူပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေးပြိုင်ကားတိုက်မှု
Read Moreမာလီဘူးကမ်းခြေမှာ အိမ်ဝယ်ထားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေ ကယ်လီဖိုးနီးယားတောမီးကြောင့် စိုးရိမ်နေကြ
ကာလီဖိုးနီးယား၊ နိုဝင်ဘာ-၁၁-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အပန်းဖြေမြို့ဖြစ်တဲ့ မာလီဘူးအထိပါ ကူးစက်လောင်ကြွမ်းနေပြီး မာလီဘူးမြို့ဟာ ဟောလီဝုဒ်အကျော်အမော်တွေ နဲ့ နာမည်ကြီး အနုပညာရှင်တွေ အပန်းဖြေအနားယူဖို့ အိမ်တွေဝယ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။ ဒီိလိုတောမီးကျွမ်းမှုကြောင့် မင်းသားအော်လန်ဒိုဘလွန်း၊ လေဒီဂါဂါတို့အပါအ၀င် နာမည်ကျော်ဟောလီးဝုဒ် စတားတွေကကလည်း ၎င်းတို့ရဲ့နေအိမ်တွေ၊ ဒေသခံတွေကို မီးသတ်သမားတွေကို စိုးရိမ်ပူပန်ကြောင်း ၎င်းတို့ရဲ့လူမှုကွန်ရက်တွေမှာ ထုတ်ဖော်ပြောဆိုနေကြပါတယ်။ နေအိမ်တွေမီးလောင်မှာကို စိုးရိမ်နေကြသူတွေထဲမှာတော့ One Direction အဖွဲ့ဝင်ဟောင်း Liam Payne၊ သရုပ်ဆောင် Alyssa Milano ၊ အဆိုတော် Cher နဲ့ John Schreiber ၊ Lady Gaga ၊ Orlandobloom တို့ပါဝင်ကြပါတယ်။ ကယ်လီဖိုးနီးယားတောမီးဟာ နေရာသုံးခုခွဲပြီး အလျင်အမြန်ကူးစက်လောင်းကြွမ်းနေပါတယ်။ လက်ရှိအချိန်အထိ လူပေါင်း ၂၅ ဦးသေဆုံးပြီး လူနှစ်သိန်းလောက်ကို…
Read MoreLion Air ပျက်ကျရာမှု ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်း၊ ခရီးသည် ၇၉ ဦးရဲ့ အလောင်းသာပြန်တွေ့
ဂျကာတာ၊ နိုဝင်ဘာ-၁၁ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည် ၁၈၉ ဦးကိုတင်ဆောင်ထားတဲ့ Lion Air ပျက်ကျရာမှာ ပါဝင်တဲ့သူတွေကို ရှာဖွေကယ်ဆယ်တဲ့ လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုများက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ခရီးသည် ၁၈၉ ဦးထဲကမှ မည်သူဆိုတာကို ခွဲခြားနိုင်တဲ့ ရုပ်အလောင် ၇၉ လောင်းသာပြန်လည် တွေ့ရှိခဲ့တာဖြစ်ပြီး သဂြိုလ်ဖို့အတွက် မိသားစုတွေဆီကို လွဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ခနာကိုယ်အစိတ်အပိုင်းတွေအပါအ၀င် ခရီးသည်တွေရဲ့ အိပ် ၁၉၆ အိပ်ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ ယမန်နေ့နေ့လည်ကနေ ယနေ့အထိ ရုပ်အလောင်းတစ်စုံတစ်ရာကိုမှတွေ့ရှိခြင်းမရှိတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးဌာနအကြီးအကဲ မိုဟာမက် ဆာရာဂျီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့အင်ဂျင်၊ ဘီးတွေနဲ့ ထိုင်ခုံတွေကိုလည်း ပင်လယ်အတွင်းကနေ ကယ်ဆယ်ရေးသမားတွေက ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး …
Read More“ စသိသိချင်း “ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ
ရန်ကုန် နိုဝင်ဘာ ၁၁ သင်းသဒ္ဒါ ( VOM) ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ အလှမယ်လောကနေ တဆင့် အနုပညာသရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာပြီးတော့ ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ “စသိသိချင်း” ဇာတ်ကားကြီးကို ကာရိုက်တာမရင်းနှီးပဲ ရိုက်ရတော့ အခက်အခဲ တော့ရှိတာ ပေါ့။ ညီမအတွက် တကယ်လို့ ဗန့်ကာရိုက်တာဆိုရင်လည်း အဖြည်လေးတော့ပါစေချင်တယ်လေ။ မလွဲမသာ ဒီလိုကာရိုက်တာမျိုးက ကြုံလာမှာပဲဆိုတော့ အကောင်းဆုံး ဖြစ်အောင် ကာရိုက်တာတစ်ခုကို လုပ် ဆောင်ပါတယ်”လို့ဆိုပါတယ်။ ဒါ့ပြင် သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ “အကြင်နာမြစ်ဖျား”မှာ ပါဝင်သရုပ် ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ သူ့မ…
Read Moreအမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အလုပ်မဖြစ်ဘူးလို့ အီရန်သမ္မတရူဟာနီ တုံ့ပြန်
တီဟီရန်၊ နိုဝင်ဘာ-၁၁-၂၀၁၈ မျိုးဆက် (VOM) အီရန်နိုင်ငံအပေါ် အမေရိကန်ဟာ ယခင်ကတည်းက အရေးယူပိတ်ဆို့မှုတွေ ချထားတဲ့အတွက် အခု နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘဲ အီရန်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းမရှိဘူးလို့ အီရန်သမ္မတ ရူဟာနီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ဟာ ရှိသမျှနည်းလမ်းတွေနဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို အသုံးပြုပြီးဖြစ်တာကြောင့် အီရန်စီးပွားရေးအပေါ် မည်သည့်သက်ရောက်မှုမှမရှိဘဲ မိမိတို့ကို ဆန့်ကျင်ဖို့အတွက် အသုံးပြုဖို့ နောက်ထပ် နည်းလမ်း အသစ်မရှိတော့ဘူးလို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောဆိုလိုက်တာဖြစ်ပါတယ်။ အီရန်နျူကလီးယားသဘောတူညီချက်ဟာ ချို့ယွင်းချက်တွေရှိနေတဲ့ အဆိုးရွားဆုံး သဘောတူညီချက် လို့သတ်မှတ်ပြီး အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွအကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားတဲ့ စာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်လိုက်ပြီးနောက်မှာတော့ အီရန်ရဲ့ ရေနံကဏ္ဍကိုအဓိက ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်ချမှတ်လိုက်ပါတယ်။…
Read Moreကာလီဖိုးနီးယား တောမီးအရှိန်ပြင်းနေ၊ လူကိုးဦးသေဆုံးပြီး နှစ်သိန်းခွဲကျော်ဘေးလွတ်ရာရွှေ့ပြောင်း
ကာလီဖိုးနီးယား ၊နိုဝင်ဘာ-၁၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုဟာ ဆက်လက်ပြီး အရှိန်ပြင်းစွာလောင်ကျွမ်းလျှက်ရှိတာကြောင့် လူကိုးဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခွဲကျော်ကိုလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးလိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် မှာလောင်ကျွမ်းနေတဲ့ တောမီးဟာ အထင်ကရ အဝေးပြေး လမ်းမကြီးတစ်ခုပေါ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်လောင်ကျွမ်းနေပြီး မာလီဘူးကမ်း ခြေရှိရာမြို့အပါအဝင် ကမ်းရိုးတန်း ဒေသတွေကလည်း ကူးစက်လောင်ကျွမ်းနေပါတယ်။ မြောက်ပိုင်း စကရာမန်တူဒေသအနီး တောင်မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးသွား မြို့တစ်မြို့မှ ကားများတွေထဲမှ သေဆုံးနေသူ ငါးဦးကို တွေ့ရှိခဲပြီး တောမီးကြောင့် စုစုပေါင်း လူကိုဦးသေဆုံးကာ ၃၅ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တောမီးဟာ လက်ရှိမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေရာသုံးနေရာမှာအကြီးအကျယ်လောင် ကျွမ်းနေပြီး လေပြင်းများတိုက်ခတ်မှုကြောင့်လျင်မြန်စွာ မီးကူးစက် လောင်ကျွမ်း လျက်ရှိပါတယ်။ တောမီးဟာ အလျင်အမြန်လောင်ကျွမ်းပြန့်နှံ့နေပြီး လော့စ်အိန်ဂျလိစ်မြို့အနောက်ဖက် အဓိကကျတဲ့ အမှတ် ၁၀၁ အမြန်လမ်းမကြီးကိုကျော်ပြီး ဆက်လက်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။…
Read More