ရန်ကုန် နိုဝင်ဘာ ၁၀ ၂၀၁၈ သင်းသဒ္ဒါ (VOM) ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ပုံဖော်ရိုက်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသွေးလည်းပါပါတယ်။ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်ပြီးတော့ နေတိုးက ” ကျွန်တော်အတွက် ကြီးမားတဲ့ အမှတ် တရ ကတော့ မင်းသွေးမရှိတော့တာပါပဲ။ ဒီဇာတ်ကားကို ပြန်ပြီးလည်း မကြည့်ခဲ့ရဘူး။အကြိမ် ကြိမ်ပြန်ကြည့်ဖို့ ချိန်းခဲ့ပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူးပေါ့။သူ့ ဒီ ဇာတ်ကားကို အ ရမ်းလည်း ကြိုးစားထားတယ်။ကျွန်တော်ထက်တောင် စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။သူ့ ဘ၀အတွက်လည်း တကယ်အမှတ်တရတွေဖြစ်ခဲ့ပါတယ်။သေခြင်းတရားပေါ်မှာ သူကိုယ်တိုင်အစွဲဖြတ်နိုင်အောင် အသိတရားနဲ့ လမ်းပြပေးခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြောပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၅၉ခုနှစ်ဝန်းကျင်က…
Read MoreYear: 2018
ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ မှားပို့မိတဲ့စာတွေ ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက် ထည့်သွင်းတော့မည်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၀ မျိုးဆက် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှာ မှာပို့မိတဲ့စာတွေကို ပြန်ဖျက်နိုင်တဲ့ Unsend Message လုပ်ဆောင်ချက်ကို ဖေ့စ်ဘွတ်ခ်က မကြာမီထည့်သွင်းတော့မှာဖြစ်ပါတယ်။ ယခင်က မက်ဆေ့ခ်ျတွေဖျက်တဲ့ လုပ်ဆောင်ချက်ဟာ ဖျက်လိုက်သူရဲ့ မက်ဆင်ဂျာမှာသာ ပျက်သွားပြီး အခြားသူရဲ့ ဘက်မှာတော့ မက်ဆေ့ခ်ျတွေ ကျန်နေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Unsend Message လုပ်ဆောင်ချက်ကတော့ နှစ်ဘက်လုံးရဲ့ မက်ဆင်ဂျာမှာပါ မှားပို့မိတာတွေ ပျက်သွားမှာဖြစ်ပြီး အချိန် ဆယ်မိနစ်အတွင်း ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကိုသာ ဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ် လုပ်ဆောင်ချက်ကိုGoogle ကလည်း သူ့ရဲ့ Gmail ၀န်ဆောင်မှု မှာ အချိန်အနည်းငယ်အတွင်း ပို့ပြီးသား အီးမေးလ်တွေကို ပြန်ဖျက်နိုင်တဲ့ Undo လုပ်ဆောင်ချက်ထည့်သွင်းထားပြီး ဖေ့စ်ဘွတ်ခ်ရဲ့ Whatapp မှာတော့ တစ်နာရီအတွင်း ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို ဖျက်နိုင်ပါတယ်။ မကြာမီမှာ ထည့်သွင်းတော့မယ့် ဖေ့စ်ဘွတ်ခ်ရဲ့ Unsend…
Read Moreရေစကြိုမြို့နယ် ဇီကုန်းရွာ တောင်သူတွေ မြေနုကျွန်းကိစ္စ ဆန္ဒပြ
ရေစကြို နိုဝင်ဘာ ၉ ၂၀၁၈ အောင်မြင့် ပခုက္ကူ(Voice Of Myanmar) ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဇီကုန်းကျေးရွာ အုပ်ချုပ်ရေးမှုနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးပေါင်းကာ ဇီကုန်းရွာပိုင် မြေနုကျွန်းကို လေလံရောင်းခဲ့ပါတယ်။ ဒီလိုလေလံရောင်းချရာမှာ ၅ နှစ်စာ လုပ်ကိုင်ခွင့်ကို သိန်း ၁၃၀ နဲ့ရောင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီလေလံရောင်းချခဲ့သူ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးကို အရေးယူပေးရေး၊ ဇီးကုန်းမြေနုကျွန်းကို ဇီးကုန်းကျေးရွာတောင်သူတွေ လုပ်ကိုင်ရရေးဆန္ဒပြခဲ့ကြတာပါ။ အရင်တုန်းကလဲ ခုလို လေလံရောင်းချခဲ့လို့ မြေဧက ၂၀ ကျော်ဆုံးပြီးပြီ ခုလဲကျေးရွာသားတောင်သူတွေက ဆုံးရှုံးမှာ ကျောက်ပြီး တောင်သူလုပ်လိုတာကြောင့် ခုလိုဆန္ဒပြရတာလို့ ဆန္ဒပြခေါင်းဆောင် ဦးဆွေလင်းဦးကပြောပါတယ်။ ခုလိုရောင်းချလိုက်တဲ့မြေနုကျွန်းက ဧက ၇၀ ကျော်ရှိကာ နောက်ထပ်ရေကျလို့ ထပ်ပေါ်လာမှာက ၃၀ လောက်ရှိတယ်လို့လဲ ပြောပါတယ်။ ဒီကိစ္စကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနဲ့ မြို့နယ်မြေစာရင်းဌာနကို တိုင်ကြားခဲ့တာကြောင့်ရေစကြိုမြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီက ခေါ်ယူစစ်ဆေးကာ လေလံရောင်းချထားတာက…
Read Moreတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်မပေးတော့ဟု အမေရိကန်အစိုးရထုတ်ပြန်
ဝါရှင်တန်၊နိုဝင်ဘာ-၉ မျိုးဆက် မက္ကဆီကိုနိုင်ငံကိုဖြတ်သန်းပြီး အမေရိကန်တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်ပေးမှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက နိုဝင်ဘာ ၈ ရက်မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်တရားရေးနဲ့ ပြည်တွင်းလုံခြုံရေးဌာနတွေကကြေညာလိုက်တဲ့ အဆိုပါအမိန့်ထုတ်ပြန်ချက်ဟာ အခိုလှုံခွင့်တောင်းခံသူမှန်သမျှကို ရပ်တန့်စေမှာဖြစ်ပြီး သမ္မတဟာ အမျိုးသားအကျိုးစီးပွားအတွက် ရွေှ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်ခြင်းကို ရပ်တန့်နိုင်ဖို့ မည်သည့်ကန့်သတ်ချက်ကိုမဆို လုပ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သမ္မတထရန့်ရဲ့ ၂၀၁၈ခုနှစ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုတွေမှာ ရွှေ့ပြောင်း နေထိုင်သူများ အရေးဟာ အဓိကအာရုံစိုက်ခံရတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ဗဟိုအမေရိက ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ ယာဉ်တန်းဟာ အမေရိကန်နယ်စပ်ကို ဦးတည်လာနေပြီး ဒီလိုလာရောက်မှုကို ကျူးကျော်ခြင်းအဖြစ် ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီး နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား ဥပဒေအောက်မှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုရင် မည်သည့်ကန့်သတ်ချက်မျိုးကိုမဆိုချမှတ်နိုင်သလို နိုင်ငံအတွင်း ၀င်ရောက်တာတွေကိုလည်း…
Read Moreဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီအချို့ မလေးရှားသို့ လှေဖြင့်သွားဖို့ ကြိုးစားနေ
ကော့ဘဇား၊ နိုဝင်ဘာ-၉ မျိုးဆက် နိုဝင်ဘာ လလယ်မှာ ဘင်္ဂါလီတွေကိုမြန်မာဘက်က စတင်လက်ခံတဲ့ အစီအစဉ်မစတင်မီ ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားမှာ ခိုလှုံနေတဲ့ ဘင်္ဂါလီအချို့ဟာ မလေးရှားနိုင်ငံကိုလှေနဲ့ သွားရောက်ဖို့ ကြိုးစားနေ တာတွေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက နိုဝင်ဘာ- ၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံကို လှေနဲ့ ဦးတည်သွားရောက်နေတဲ့ ဘင်္ဂါလီ အယောက် ၅၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားခဲ့ကြနောက် ၎င်းတို့ကို အခကြေးငွေယူပြီး ပို့ဆောင်ပေးခဲ့တယ်လို့ သံသယရှိသူ ခြောက်ဦးကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြပါတယ်။ ကလေးငယ် ကိုးဦးအပါအ၀င် ဒုက္ခသည် ၃၃ ဦးကို စိန့်မာတင်ကျွန်းအနီးက ငါးဖမ်းလှေပေါ်မှ ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ဘင်္ဂါလီ ၁၄ ဦးကိုတော့ ရှာရှ်ပိုရီကျွန်းကနေ ကယ်တင်နိုင်လိုက်တယ်လို့ လုံခြုံရေးတပ်ဖွဲ့ အရာရှိ ပရာဒစ် ကူးမားဒက်က ပြောပါတယ်။ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်း ပြင်ပမှာ…
Read Moreကမ္ဘာ့ပထမဆုံး ဥာဏ်ရည်တု နည်းပညာသုံး သတင်းတင်ဆက်သူ ဖန်တီး
ပေကျင်း၊ နိုဝင်ဘာ-၉ ။ ၂၀၁၈ မျိုးဆက် (Voice Of Myanmar) ဥာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး သတင်းဖတ်ကြားတင်ဆက်ပေးနိုင်တဲ့ ပုံရိပ်ယောင် သတင်းကြေညာ သူနှစ်ဦးကို ကမ္ဘာ့မှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖန်တီးလိုက်ပါတယ်။ အဆိုပါသတင်းကြေညာသူနှစ်ဦးအနက် တစ်ဦးကတော့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာနိုင်ပြီး ကျန်တစ်ဦးမှာ တရုတ်ဘာသာ စကားတို့နဲ့ သတင်းကြေညာနိုင်မှာဖြစ်ကာ ဥာဏ်ရည်တုနည်းပညာနဲ့အတူ လူသား အစီအစဉ်တင်ဆက်သူတစ်ဦးလိုပင် ရုပ်ပုံနှင့် အသံတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံမှာ ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို ပွဲထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဥာဏ်ရည်တုနည်းပညာသုံး သတင်းတင်ဆက်သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောဆိုလိုက်ပြီး He လို့ အမည်ပေးထားတဲ့ သတင်းတင်ဆက်သူကို သတင်းအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ်…
Read Moreကျပ်သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးတွေ အင်းတော်မှာ ဖမ်းမိ
အင်းတော် ၊ နိုဝင်ဘာ (၉)ရက် ၊ ၂၀၁၈ ။ နိုင်ကြီး (ကသာ) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မန္တလေး – မြစ်ကြီးနား ကားလမ်းမမှာ နိုဝင်ဘာ(၈)ရက်နေ့ည (၁၀း၀၀)အချိန့်ခန့် က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး တစ်ဦးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးတာမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ) ကာလတန်ဘိုး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ် ။ ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး မန္တလေး – မြစ်ကြီးနား ကာလမ်းမမှာ မူးယစ်တပ်ဖွဲ့စု(၆) တာဝန်ရှိသူတွေက ကသာမြို့ဘက်မှ ကချင်ပြည်နယ်ဘက် သို့ (KENBO – 125)ဆိုင်ကယ် စီးလာသူ မအေးမြတ်မိုး (ခ) မအေးအေး ကျွန်းလှမြို့နယ် ငှက်ကြီးသိုက်ကျေးရွာ နေထိုင်သူကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ အဲလိုစစ်ဆေးတော့ မအေးမြတ်မိုးရဲ့ ဆိုင်ကယ်ထိုင်ခုံနောက်မှာပါတဲ့ ပီနံအိတ်ထဲကနေ Love is…
Read Moreရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆွမ်းကပ်လှူပွဲ
မှော်ဘီ နိုဝင်ဘာ၉ ၊ ၂၀၁၈ သင်းသဒ္ဒါ အဆိုတော် ရွှေထူးနှင့် သရုပ်ဆောင် ရွှေမှုံရတီတို့၏ မင်္ဂလာဆွမ်းကျွေးအလှူ မင်္ဂလာပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါတယ် ရွှေထူးနှင့် ရွှေမှုံရတီ တို့က အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်ရှိတဲ့ Novotel Hotel မှာလက်မှတ်ထိုးခဲ့ကြပြီးတော့ နိုဝင်ဘာ ၁၁ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ညစာစား ပွဲကျင်းပသွားမှာဖြစ်ပါတယ် #voiceofmyanmar #ရွှေမှုံရတီနဲ့ရွှေထူးမင်္ဂလာဆွမ်းကျွေး …
Read Moreရာထူးတိုး တန်းစီဇယားကို တက္ကသိုလ် ဆရာ/ဆရာမများ ကန့်ကွက်
နိုဝင်ဘာ ၈၊ ၂၀၁၈ Voice Of Myanmar တက္ကသိုလ် ဆရာ / ဆရာမတွေကို ရာထူးတိုးခန့်ထားရေးမှာ တန်းစီဇယား စနစ်ကို သုံးစွဲတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ဒီစနစ်ကို တက္ကသိုလ်များ သမဂ္ဂကနေ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ချက်တစောင် ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ရတနာပုံ တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တွေက ဆရာများ သမဂ္ဂတွေက ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ ဒီစာမှာ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရာထူးတိုး တန်းစီဇယားဟာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီသလို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့လည်း ကွဲလွဲနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ သမဂ္ဂတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ဆွေးနွေးကြတုန်းက ပြေလည်ပြီးသားဖြစ်ပေမယ့် အခုကျတော့ ဆွေးနွေးခဲ့တာတွေနဲ့…
Read Moreပလိပ်ချည်မျှင်စက်ရုံ အလုပ်သမား ခေါင်းဆောင်(၄)ဦး တရားစွဲခံရ
ပလိပ်။ နိုဝင်ဘာ ၈၊ ၂၀၁၈ ဟိန်းကို (VOM) ပလိပ်ပန်ဒါချည်မျှင်စက်ရုံကနေ အလုပ်ထုတ်ခံရသူတွေအရေး မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးကို သွားပြီး ဆွေးနွေးမယ့် အလုပ်သမားတွေကို ပလိပ်နယ်မြေရဲစခန်းက တားဆီးထားပြီး အလုပ်သမား ခေါင်းဆောင်ထဲက ၃ ဦးကို ဒီနေ့ မနက်က ထိန်းသိမ်းထားခဲ့ပါတယ်။ သူတို့ ၃ ဦးကို မလွှတ်ပေးတဲ့အတွက် မန္တလေးကိုသွားမယ့် အလုပ်သမား ၁၀၀ နီးပါးဟာ ပလိပ်နယ်မြေရဲစခန်းရှေ့မှာပဲ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ ထိန်းသိမ်းခံရသူ ၃ ယောက်ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ပလိပ်မြို့နယ် ရဲစခန်းမှူးက တရားလိုလုပ်ပြီး သူတို့ ၃ ဦးအပါအဝင် အလုပ်သမား ခေါင်းဆောင် ၄ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုခံရသူတွေကတော့ ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ ကိုဝင်းထွန်းညွန့်၊ ကိုဌေးအောင်၊…
Read More