အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ မရုပ်သိမ်းရင် နျူကလီးယားစွန့်လွှတ်ရေး သဘောထားပြောင်းမယ်လို့ ကင်ဂျုံအန်သတိပေး

ပြုံးယမ်း၊ ဇန်န၀ါရီ ၁-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး ကတိပြုထားပေမယ့်လည်း အမေရိကန်က ၎င်းရဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိနေမယ်ဆိုရင် နျူကလီးယားစွန့်လွှတ်ရေး သဘောထားပြောင်းလဲသွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ ကင်ဂျုံအန်က ယင်းသို့မှတ်ချက်ပြုပြောဆို လိုက်တာဖြစ်ပါတယ်။

လွန်ခဲ့သည့်နှစ်က မိန့်ခွန်းမှာတော့ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့အတူ နိုင်ငံတကာ သံတမန်ရေးရာလမ်းကြောင်းအပေါ် မကြုံစဖူးရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့အတွက် ၂၀၁၈ ခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲမှာတော့ နျူကလီးယားစွန့်လွှတ်ရေး ရေရာတိကျမှုမရှိတဲ့ သဘောတူညီချက်အချို့သာရရှိခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ဖိအားတွေနဲ့ ပတ်သက်ပြီး တောင်းဆိုထားတာတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းရှေ့မှောက်မှာ အမေရိကန်က ကတိပေးခဲ့တာတွေကို ဖောက်ဖျက်ရင် မိမိတို့အနေနဲ့ ရွေးချယ်စရာကျန်ရှိမည်မဟုတ်ဘဲ နိုင်ငံရဲ့ အချုပ်အခြာနဲ့ အကျိုးစီးပွား လုံခြုံစိတ်ချဖို့အတွက် နည်းလမ်းသစ်ကို စဉ်းစားရမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၃၁ ရက်အစောပိုင်းက ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေအသုံးပြုတာတွေ ၊ ဖြန့်ဝေတာတွေကို မလုပ်ဖို့ အာမခံထားပြီးဖြစ်ကြောင်းနဲ့ ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့လည်း ခိုင်ခိုင်မာမာရပ်တည်လုပ်ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အချိန်မရွေးတွေ့ဆုံဖို့ အသင့်ရှိနေတယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။

  1. #voiceofmyanmar#အ​မေရိကန်​အ​ရေး#ကင်​ဂျုံအန်​သတိ​ပေး#
    Ref: BBC
    Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW