ချင်းပြည်နယ်​တွင်​ ၂၀၁၈ခုနှစ်​အတွင်း ​​​​ခရီးသွားဧည့်သည် ၂သောင်းနီးပါး ဝင်ရောက်

မင်းတပ် ဇန်နဝါရီ ၃-၂၀၁၈
မိုင်​ချယ်​ရီ(VOM)

ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ ခေါနူးစုမ်(ခေါ်) နတ်မတောင် အမျိုးသား ဥယျာဉ်နဲ့ မတူပီမြို့နယ်မှာ ရှိတဲ့ ဘုံတလာရေတံခွန်တွေကို ၂၀၁၈ ခုနှစ် အတွင်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှု အနေနဲ့ လူဦးရေ ၂သောင်း နီးပါး ရှိတယ်လို့ မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနရုံးကနေ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီးတော့ ဒီဇင်ဘာလ အထိ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၁၆၈၄၀ ဦး ရှိပြီးတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၂၃၆၄ ဦး ရှိပါတယ်။

ဒီစာရင်းတွေ အရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် တစ်နှစ်တာ ခရီးသွားဧည့်သည်ဝင်ရောက်မှု နှုန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၁၀၀ နီးပါး လျော့နည်းခဲ့ပြီး ပြည်တွင်းခရီးသွား ဧည့်သည် ဝင်ရောက်မှု အနေနဲ့ကတော့ ၅၀၀၀ ကျော် ပိုမို ဝင်ရေက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

“တောင်ဇလပ်ပန်း အဖြူအနီကို သူတို့ စိတ်ဝင်စားပြီး လာတာရှိတယ်၊​နောက် နှာခေါင်းနဲ့ ပုလွေမှုတ်တာတို့ ချင်းရိုးရာကျောက်ဖျာတွေလဲ လေ့လာတယ်၊ ​နောက် မင်းတပ်နဲ့ ကန်ပက်လက်မှာ ရှိတဲ့ ပါရဲ ထိုးတာလဲ စိတ်ဝင်စားကြတယ်” လို့ မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန က လက်ထောက်ညွန်ကြားရေးမှူးဦးဟုန်းလိန်း က ပြောပါတယ်။

ခေါနူးစုမ်(ခေါ်)နတ်မတောင် ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပေါင်း တစ်သောင်းကျော်မှာ တည်ရှိတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ မြေသားတောင်တွေ ထဲမှာတော့ အမြင့်ဆုံးတောင်တန်း ဖြစ်ပြီး မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် မှာ တည်ရှိပါတယ်။

ဘုံတလာရေတံခွန်ဟာဆိုရင်တော့ မတူပီမြို့နယ်မှာ ရှိတာဖြစ်ပြီး ခေါနူးစုမ်တောင်ကို သွားရောက်လည်ပတ်တဲ့ သူတွေဟာ ဆိုရင် ခေါနူးစုမ်ကနေတဆင့် မတူပီမြို့နယ်မှာ ရှိတဲ့ ဘုံတလာရေတံခွန်ကိုလည်း သွားရောက် လည်ပတ်ကြလေ့ ရှိပါတယ်။

#voiceofmyanmar#ချင်းပြည်နယ်​#၂၀၁၈ခုနှစ်​ခရီးသွားဧည့်သည်၂သောင်းနီးပါးဝင်ရောက်#

Photo.hkl mindat

Related posts

Leave a Comment

VOM News

FREE
VIEW