ဟွာဝေးအကြီးအကဲကို ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသား ၁၃ ဦးအထိ အဖမ်းဆီးခံခဲ့ရ တယ်လို့ ကနေဒါထုတ်ပြန်

တိုရွန်တို၊ ဇန်န်ဝါရီ ၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ရဲ့တောင်းဆိုမှုကြောင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုကို လွန်ခဲ့သည့်လက ဖမ်းဆီးခဲ့ပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသား ၁၃ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဇန်န၀ါရီ ၃ ရက်မှာ ကနေဒါနိုင်ငံက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၁၃ ဦးထဲမှ အနည်းဆုံး ရှစ်ဦးကတော့ ပြန်လည်လွှတ်မြောက်လာခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ကြေညာချက်တစ်ရက်မှာ ဖော်ပြထားပြီး ဖမ်းဆီးထိန်းသိမ်းရတဲ့ စွဲချက်တွေကို တရုတ်နိုင်ငံ ထုတ်ပြန်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်က ကနေဒါနိုင်ငံက ထုတ်ပြန်ချက်မထုတ်ပြန်မီက ကနေဒါနိုင်ငံသားသုံးဦးကိုဖမ်းဆီးတာကိုသာ တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၁ ရက်က မန်ဝမ်ကျို ဖမ်းဆီးခံ ရပြီးနောက်ပိုင်းကတည်းက ကနေဒါနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။ ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုကို ဖမ်းဆီးခံရခြင်းနဲ့…

Read More

ဘူးသီးတောင်မှာ နယ်ခြားစောင့်စခန်း ၄ ခုတိုက်ခိုက်ခံရ တိုက်ပွဲများဆက်ဖြစ်

ဘူးသီးတောင်၊ ဇန်နဝါရီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကိုဒီကနေ့မနက်ပိုင်းမှာ AA ကဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မြို့ပေါ်နဲ့မိုင် ၂၀ ခန့်အကွာမှာတည်ရှိတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းတွေဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာတော့ သတင်းရပါတယ်၊ ခထီးလှတို့၊ ငမြင်းဘော်တို့ဘက်မှာ ဖြစ်နေတာပါ၊ မနက်စောစောကတည်းက ဖြစ်နေတာပါ၊ တခြားအသေးစိပ်တော့မသိရဘူးဗျ “လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့ ရဲကင်းစခန်းတွေကတော့ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီစတဲ့ရဲကင်းစခန်းတွေဖြစ်ပြီး ရဲဝန်ထမ်း ၇ ဦးကျဆုံးပြီး ၁၄ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ “မနက်တုန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ စခန်းလေးခု တိုက်ခိုက်ခံခဲ့ရပါတယ်၊ AA ကတိုက်တာပါ၊ ကျွန်တော်တို့ဆီကတော့ စစချင်းပဲ…

Read More

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဇန်​နဝါရီ ၇ ရက်မှာ စတင်တော့မည်

ပေကျင်း၊ ဇန်​နဝါရီ ၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ အဆုံးသတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ စတင်တော့မှာဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးထိခိုက်မှု ပိုမိုဖြစ်ပေါ်နေပြီး ကမ္ဘာ့စီးပွားရေးဈေးကွက် မတည်မငြိမ်ဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား လွန်ခဲ့တဲ့နှစ်က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကုန်ပစ္စည်းများစီးဆင်းမှုတွေ ကမောက်ကမဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဒုတိယကုန်သွယ်ရေးကိုယ်စားလှယ် ဂျက်ဖရီဂါရစ်ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် တရုတ်နိုင်ငံသို့ လာရောက်မှာဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံလုံးအနေနဲ့ တွေ့ဆုံမယ့် နေရက်အချိန်ကို ဇန်န၀ါရီ ၄ ရက်က ဖုန်းဆက်အတည်ပြုခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး…

Read More

စစ်ဘေးရှောင်ကလေးငယ်တွေကို ယာယီစခန်းတွေမှာ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်နေ

ကျောက်တော်၊ ဇန်နဝါရီ ၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးရောက်ရှိလာနေတဲ့ ကလေးငယ်တွေကို ပညာသင်ကြား ရေး လှစ်ဟာမှုမရှိစေရေးအတွက် သူတို့ယာယီနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးစခန်းရှိရာ ကျေးရွာတွေမှာ ပညာသင်ကြား ပေးနိုင်ရေးအတွက် စီစဉ်နေတယ်လို့ ကျောက်တော်မြို့နယ် ပညာရေးမှူးရုံးကပြောပါတယ်။ ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာပေါင်း ၁၅ ရွာခန့်ရှိနေ ပြီး ကျောက်တော်မြို့နယ်အတွင်းက စစ်ရှောင်စခန်း ၄ ခုမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။ “ကျောက်တော်မြို့နယ်အတွင်းမှာ ထွက်ပြေးရောက်ရှိနေတဲ့ကလေးတွေကို သူတို့အခုနေတဲ့ကျေးရွာတွေမှာ စာသင်နိုင်ရေး အတွက် ဆောင်ရွက်နေပါတယ်၊ ဆရာတွေကိုလည်း အခုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာတွေက ကျောင်းတွေကိုပိတ်ထား တာဆိုတော့ အဲဒီကျောင်းတွေက ဆရာတွေနဲ့ပဲ ဒီမှာသင်ကြားပေးဖို့လုပ်နေပါတယ် ”လို့ ကျောက်တော်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဟန်မောင်က ပြောပါတယ်။ လက်ရှိမှာ ကျောက်တော်မြို့နယ်အတွင်း ပိတ်ထားရတဲ့စာသင်ကျောင်းပေါင်း ၁၅ ကျောင်းရှိနေပြီး အဲဒီကျောင်းတွေက ကျောင်းသားတွေဟာ ဝါးတောင်ကျေးရွာမှာ ၁၉၈…

Read More
VOM News

FREE
VIEW