ဟွာဝေးအကြီးအကဲကို ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသား ၁၃ ဦးအထိ အဖမ်းဆီးခံခဲ့ရ တယ်လို့ ကနေဒါထုတ်ပြန်

တိုရွန်တို၊ ဇန်န်ဝါရီ ၄-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်ရဲ့တောင်းဆိုမှုကြောင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုကို လွန်ခဲ့သည့်လက ဖမ်းဆီးခဲ့ပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသား ၁၃ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဇန်န၀ါရီ ၃ ရက်မှာ ကနေဒါနိုင်ငံက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၁၃ ဦးထဲမှ အနည်းဆုံး ရှစ်ဦးကတော့ ပြန်လည်လွှတ်မြောက်လာခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ကြေညာချက်တစ်ရက်မှာ ဖော်ပြထားပြီး ဖမ်းဆီးထိန်းသိမ်းရတဲ့ စွဲချက်တွေကို တရုတ်နိုင်ငံ ထုတ်ပြန်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက်က ကနေဒါနိုင်ငံက ထုတ်ပြန်ချက်မထုတ်ပြန်မီက ကနေဒါနိုင်ငံသားသုံးဦးကိုဖမ်းဆီးတာကိုသာ တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၁ ရက်က မန်ဝမ်ကျို ဖမ်းဆီးခံ ရပြီးနောက်ပိုင်းကတည်းက ကနေဒါနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုကို ဖမ်းဆီးခံရခြင်းနဲ့ ကနေဒါနိုင်ငံသားတွေ ဖမ်းဆီးခံရခြင်းအကြား ဆက်နွယ်မှုရှိမရှိ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ကနေဒါနိုင်ငံက သုံးလေးကြိမ်ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမယ့် ကနေဒါနိုင်ငံသားတွေကို တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းတာတွေဟာ မန်ဝမ်ကျို အဖမ်းခံရတာအတွက် အပြန်အလှန်လက်တုံ့ပြန်တာဖြစ်တယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံအခြေစိုက်တဲ့ အနောက်အုပ်စု သံတမန်တွေနဲ့ ကနေဒါ သံအမတ်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

#voiceofmyanmar#ဟွာ​ဝေးအကြီးအကဲ#ဖမ်းဆီးခံရမှု#
Ref : CNA
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW