“ခုချက်ချင်းလဲ အိမ်ထောင်ကျသွားနိုင်တယ်ဆိုတဲ့ အိချောပို”

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၀၉

သင်းသဒ္ဒါ(VOM)

ပရိသတ်တွေက ချစ်စနိုးနဲ့ စူစူလို့ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ဖူးစာပါရင်တော့ ဘယ် အရွယ်လို့ ပြောလို့မရဘူး။ ခုချက်ချင်း လဲအိမ်ထောင် ကျသွားနိုင်တယ်လို့ဆိုပါတယ်။

“ကိုယ့်ရှေ့မှာလည်း အနုပညာမောင်နှမတွေ တွေ့တယ်မလား၊ကြိုပြောလို့တော့ မရပါဘူး၊ အိချော သတ်မှတ် ထားတာတော့ မိန်းကလေးက အသက် ၃၀ ကျော်လောက်ဆိုရင် အိမ်ထောင်ပြုသင့်တယ် ထင်ပါတယ်၊ အိချောရဲ့ ကံတရားနဲ့လည်း ဆိုင်တာပေါ့”လို့ဆိုပါတယ်။

သူမကတော့ ယနေ့ နံနက်ပိုင်း အသက် ၂၇ နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီး ဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှာတော့  မိဘမဲ့ အမျိုးသမီးငယ် (၁၀၉)ဦး တို့ကို  နေ့လည်စာ အ ဟာရဒါန နဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာလည်း ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာလည်း  အနုပညာ ညီအစ်ကိုမောင်နှမတွေ ၊ အိချောပို Fan တွေရယ် ၊ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ မွေးနေ့ကိတ်များခွဲပြီးတော့ ပါတီကို ကျင်းပခဲ့ပါတယ်။

“အိချော ရည်းစားမထားဘူးရယ်လို့ မဟုတ်ပါဘူး၊ ထားပါတယ်၊ ဒါပေမယ့်လည်း ခုထိမှာတော့ တစ် ယောက်ထဲပဲ အေးဆေးနေဖြစ်ပါတယ်၊ အနုပညာ အလုပ်တွေက တောက်လျှောက်လုပ်နေတော့ အချိန်မ ပေးဖြစ်ဘူးပေါ့၊ တကယ်အိမ်ထောင်ပြုသင့်တဲ့အရွယ်၊ အချိန်ရောက်ရင်ပြုမှာပေါ့၊ အဲဒါကတော့လိုပါသေး တယ်”လို့ ဆိုပါတယ်။

#voiceofmyanmar#အိချောပို#

ဓာတ်ပုံ- #အိချောပို FACEBOOK

Related posts

Leave a Comment

VOM News

FREE
VIEW