အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာတဲ့ရှင်ယွန်းမြတ်

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉

သင်းသဒ္ဒါ(VOM)

မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာပါတယ်။

” ဒီရက်ပိုင်းမှာ ပရိသတ်ကို တောင်းပန်ချင်တယ်၊ အင်တာဗျူးတစ်ခုမှာ ရှင်ယွန်းက နည်းနည်းရှန်း တတ်တော့လေ၊ အကျီဇစ်ပြုတ်နေတာကို မသိလိုက်တာပေါ့နော်၊ ရှင်ယွန်းသုပ်ပြတာကတော့ သခွားသီးပေါ့ ၊ ဒါပေမယ့် သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီးလုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ပေါ့ဆမှုပေါ့၊ နောက်ကိုဆင်ခြင်ပါ့မယ်လို့” ဆိုပါတယ်။

သူမကတော့ဇာတ်ကားရိုက်ကူးမှုတွေ  မျက်နှာမှာ Skinပတ်သက်ပြီး ပြဿနာ နည်းနည်းရှိနေတာကြောင့် ရှုတင်တွေရှိတယ်ဆိုရင် မိတ်ကပ်တွေလိမ်းပြီး မီးထိုးတဲ့ ဒဏ်ကိုတစ်နေကုန်မခံနိုင်ဘူး။ လောလော ဆယ် နားထားတယ်လို့သိရပါတယ်။ ဓာတ်ပုံရိုက်ရင်တော့ အဲ့လိုင်းဘက်သွားတာ ရှင်ယွန်းနဲ့ပိုလိုက်တယ် လို့ ထင်တယ်။ Crue Type တွေနဲ့ကျတော့ ကိုယ်နဲ့သိပ်အဆင်မပြေဘူး။

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေ မျက်စိမနောက်ရအောင် သူတို့ကြိုက်တဲ့ ပုံစံလေးတွေရော ၊ ဖက်ရှင်ရော လုပ်သွားဖို့ရှိပါတယ်၊ ရှင်ယွန်း နောက်ပိုင်းကျရင် ကိုယ့်ကိုချစ်တဲ့ သူတွေရဲ့အမြင်မှာ Cross ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုမျိုးကိုလည်း အတတ်နိုင်ဆုံးရှောင်ပါ့မယ်လို့၊ ဖက်ရှင် အရဝတ်တာတော့ ဝတ်မှာပေါ့နော် ၊ သီးသန့်ကြီး သက်သက်ကြီးတော့ အဲ့လိုမျိုးမလုပ်ပါဘူး။ အဲ့ဒါလေးကို တော့ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်၊ ရှင်ယွန်းက Sexy Model Lineဘက် ကိုသွားဖို့စိတ်ကူးမရှိဘူး၊ သရုပ်ဆောင်အနေနဲ့သာ သွားမှာဖြစ်တယ်”လို့ဆိုပါတယ်။

လတ်တလော ပွဲတက်ဖိတ်ထားတာတွေ တက်ဖြစ်မယ်၊ Cover Song လေးလုပ်ထားတာအချောသပ်မယ်၊ Heavyတွေတော့လုပ်လို့မရသေးဘူး၊ မျက်နှာက ဆေးခန်းပြနေရတာဆိုတော့ ကျန်းမာရေးလည်း ဂရုစိုက်ရင်း ကိုယ်ဝါသနာပါတာလေးလည်းလုပ်ရင်း အမေ့ရဲ့အလုပ်တွေဝိုင်းကူလုပ်ရင်း သွားနေပါတယ်လို့ဆိုပါတယ်။

#voiceofmyanmar#ရှင်ယွန်းမြတ်#

ဓာတ်ပုံ-သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW