ရွေးကောက်ပွဲ ထပ်မံရွှေ့ဆိုင်းဖို့ ထိုင်းစစ်အစိုးရ စဉ်းစားနေပြန်ပြီ

ဘန်ကောက်၊ ဇန်န၀ါရီ ၅-၂၀၁၉

မျိုးဆက် (VOM)

ထိုင်းဘုရင်ရဲ့  တော်ဝင်နန်းတက်ပွဲနဲ့အတူ ဖြစ်ပွားလာနိုင်တဲ့ ပဋိပက္ခများကို ရှောင်ရှားဖို့အတွက်  ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို နောက်တစ်လရွှေ့ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ထိုင်းစစ်အစိုးရက ပြောပါတယ်။

ဘုရင် မဟာဝိဇယလောင်ကွန်းရဲ့  ရာဇဘိသိသေက အခမ်းအနားပြုလုပ်ပြီး တရားဝင်နန်းတက်ပွဲကို  မေလ လေးရက်မှ ခြောက်ရက်အထိကျင်းပမှာဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ဇန်န၀ါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ခုနှစ်အောက်တိုဘာလမှာ  ထိုင်းဘုရင် ဘူမိဘောအဒူရာဒက် နတ်ရွာစံပြီးနောက် မဟာဝိဇယလောင်ကွန်းက ထီးနန်းအရိုက်အရာကို ဆက်ခံမှာဖြစ်ပါတယ်။

တကယ်လို့  ရွေးကောက်ပွဲကို ဖေဖော်ဝါရီလမှာ ကျင်းပခဲ့မယ်ဆိုရင် မေလအတွင်းပြုလုပ်မယ့် နန်းတက်ပွဲနဲ့ ပါလီမန် ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်လုပ်တာတွေ တစ်ချိန်တည်းဖြစ်နေလိမ့်မယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုကီရာနမ်က ဇန်န၀ါရီ ၄ ရက်ကပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် နေရက်ကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိမ့်မယ်လို့လည်း ထိုင်းအစိုးရက ပြောဆိုပါတယ်။

ဒီလိုရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အဓိက အတိုက်အခံပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန်နေကြပြီး ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက် အာဏာရရှိလာတဲ့  ထိုင်းစစ်အစိုးရဟာ  ရွေးကောက်ပွဲကျင်းပဖို့ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေတယ်လို့ ဆိုပါတယ်။

#voiceofmyanmar#ထိုင်းနိုင်ငံ# ရွေးကောက်ပွဲထပ်မံရွှေ့ဆိုင်းဖို့ထိုင်းစစ်အစိုးရစဉ်းစားနေပြန်#

Ref : NHK

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW