မောင်တော၊ ဇန်နဝါရီ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီး ဒီနေ့နေ့လည်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြတဲ့အတွက် ရန်အောင်ပြင်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပြီး နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကာ ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ “ဘယ်သူတွေနဲ့ပစ်တယ်ဆိုတာမသိဘူး။ နေ့လည်လောက်မှာ လက်နက်ကြီးနဲ့ပစ်လိုက်တဲ့ကျည်ဟာ ရွာစွန်မှာကျပြီး နေအိမ်တစ်လုံးမီးလောင်သွားပါတယ်။ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဒဏ်ရာရသွားပါတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းက လုံခြုံရေးကားတစ်စီးဟာ ရန်အောင်ပြင် ကျေးရွာအနီးမှာ မိုင်းဆွဲခံလိုက်ရပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် အဲဒီနယ်မြေအတွင်းမှာနယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်စဉ် အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။ “အချိန်တော့အတိကျမသိဘူး။ ကျွန်တော်ကို ဒေသခံတွေအကြောင်းကြားတာပါ။ ဖြစ်တာက ကြိမ်ချောင်းရဲစခန်းက ကားတစ်စီးဟာ ရန်အောင်ပြင်ကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာ မိုင်းဆွဲခံရတယ်။ ဒါကြောင့် အဲဒီမေယုတောင်တန်းမှာရှိနေတဲ့တပ်တွေက ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့…
Read MoreDay: January 16, 2019
အကယ်ဒမီပေးပွဲ ကျင်းပမယ့်နေရာအပြောင်းအလဲရှိနိုင်
ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) ၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့်နေရာ အပြောင်းအလဲရှိနိုင်ပါတယ် ဟု မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဌ ဦးဇင်ဝိုင်းဆိုပါတယ်။ ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၂၀၁၃ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ကို၂၀၁၄ ခုနှစ်မှစတင် ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲကို တာဝန်ယူချီးမြှင့်ခဲ့ရာ ၂၀၁၈ခု ခုနှစ်အထိ(၅)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ လာမည့် မတ်လ ၂၃ရက်နေ့မှာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရွှေထွဋ်တင်ကွင်းမှာကျင်းပဖို့ ယာယီ အားဖြင့် သတ်မှတ်ထားပါတယ်။ သိုသော် အများသူငါ သွားလာမှုလွယ်ကူပြီး ပိုမိုတင့်တယ်တဲ့နေရာကိုလည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ နေရာအပြောင်းအ လဲရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထပ်မံကြေညာ ပေးပါ မယ်” လို့ဆိုပါတယ်။ ဒီနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ လရောင်ဖြာတဲ့အင်းလေးမှာ ၊ ရွှေကြာ၊ မုဒြာခေါ်သံ၊ ဥပါဒါန်…
Read Moreစပါးတိုက်စစ်မှူး ဟာရီကိန်း ခြေကျင်းဝတ်ဒါဏ်ရာကြောင့် မတ်လအထိ အသင်းပွဲစဉ်တွေ လွဲချော်တော့မည်
လန်ဒန်၊ ဇန်န၀ါရီ-၁၆-၂၀၁၉ ရန်နိုင်ထွန်း(VOM) စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကတော့ ဇန်န၀ါရီ ၁၃ ရက်က ကစားခဲ့တဲ့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒါဏ်ရာရသွားတဲ့အတွက် မတ်လအထိ အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ဇန်န၀ါရီ ၁၅ ရက်မှ စပါးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ကနဦး ဆေးစစ်မှုတွေအရ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ဘယ်ဘက်ခြေကျင်းဝတ်အရွတ် ပျက်စီးသွားတယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ စပါးအသင်းက ထုတ်ပြန်ပါတယ်။ ၎င်းကို အသင်းရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒါဏ်ရာနဲ့ ပတ်သက်ပြီး ပြန်လည်ကြံ့ခိုင်မှုရှိအောင် အနီးကပ်စောင့်ကြည့် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး မတ်လအစောပိုင်းမှသာ လေ့ကျင့်ခန်းပြန်လည်ဆင်း နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းဟာ ဒါဏ်ရာကြောင့် ချယ်ဆီးအသင်းနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပြီး ပထမအကျော့မှာတော့ စပါးအသင်းက ချယ်ဆီးကို အနိုင်ယူထားပါတယ်။ ဒါ့အပြင် အသင်းမှာ လူးကပ်မိုရာလည်း ဒါဏ်ရာရရှိနေပြီး တိုက်စစ်မှူး…
Read Moreကင်ညာရှိ ဟိုတယ်တစ်ခုကို စစ်သွေးကြွတွေတိုက်ခိုက်တာကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး
နိုင်ရိုဘီ၊ ဇန်နဝါရီ-၁၆-၂၀၁၉ မျိုးဆက် (VOM) ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီရှိ ဇိမ်ခံဟိုတယ် တစ်ခုမှာ စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တာကြောင့် လူ၁၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကင်ညာနိုင်ငံ ဝက်စ်လန်းခရိုင်အတွင်းရှိ ခြံဝန်းတစ်ခုအတွင်းမှာ သေနတ်ပစ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားရပြီး ယင်းခြံဝန်းအတွင်း DusitD2 ဟိုတယ်မှာ တည်းခိုတဲ့ အခန်းတွေအပြင် ရုံးခန်းများလည်း ရှိတယ်လို့ ဆိုပါတယ်။ ယင်းတိုက်ခိုက်မှုကို ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ်စစ်သွေးကြွ အုပ်စုတွေရဲ့ လက်ချက် ဖြစ်ကြောင်း ၎င်းတို့က၀န်ခံပြောဆိုပါတယ်။ ဇန်နဝါရီ၁၅ရက်ညနေမှာ အဆောက်အဦးများအားလုံးကို ရှာဖွေထားပြီးဖြစ်တယ်လို့ ကင်ညာအစိုးရက ပြောဆိုပြီး အရပ်သား ၇၀၀ ကျော်ကိုလည်းဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူ ၁၅ ဦးထဲမှာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီဌာနက ပြောပါတယ်။ Ref :…
Read Moreကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ မန္တလေးတိုင်း ရှမ်းတိုင်းသားရေးရာဝန်ကြီးကို ကန့်ကွက်တိုင်ကြား
နေပြည်တော် ဇန်နဝါရီ ၁၆-၂၀၁၉ မြတ်မင်းခန့် (VOM) ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDက ကန့်ကွက်တိုင်ကြားခဲ့ပါတယ်။ ဒီကိစ္စအတွက် NLD ပါတီဘက်က မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ရွေးကောက်ပွဲကော်မရှင်ဆီကို အချက်လက်တွေ လာရောက်ပေးပို့ခဲ့ပါတယ်။ ဒီတိုင်ကြားမှုနဲ့ပတ်သတ်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တရားမျှတစွာ ဆုံးဖြတ်မယ်လို့ယုံကြည်ကြောင်း တိုင်ကြားသူ ဒေါ်နန်းထွေးမှုံက ပြောဆိုလိုက်ပါတယ်။ #voiceofmyanmar#နန်းထွေးမှုံ#SNLD#NLD
Read Moreအာဆင်နယ်ဂိုးသမား ပီတာချက် ကစားသမားဘဝက အနားယူတော့မည်
လန်ဒန်၊ ဇန်န၀ါရီ-၁၆ ရန်နိုင်ထွန်း (VOM) လက်ရှိပရီးမီးယားလိဂ်ရာသီကုန်မှာ ကစားသမားဘ၀ကနေ အနားယူတော့မှာဖြစ်တယ်လို့ အဆင်နယ်အသင်း ဂိုးသမား ပီတာချက်က ဇန်န၀ါရီ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ အများဆုံးရရှိအောင် စံချိန်တင်နိုင်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ၀ါရင့်ဂိုးသမား ပီတာချက်ကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နှစ် ၂၀ ကြာဖြစ်သန်းပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ နှစ်တိုင်ကစားခဲ့တဲ့ ပီတာချက်အနေနဲ့ အသင်းဟောင်းချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား လေးကြိမ်နဲ့ လိဂ်ဖလား သုံးကြိမ်ရရှိခဲ့ပြီး အင်္ဂလန်မြေမှာ လာရောက်ကစားတဲ့အချိန်တွေအတွင်း ဆုဖလား ၁၈ ခုအထိရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုရာသည်ဟာ မိမိအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၂၀ ရာသီမြောက်ဖြစ်ပြီး ဒီရာသီကုန်ရင် ကစားသမားဘ၀အနားယူဖို့ သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ ရယူချင်ခဲ့တဲ့ ဆုဖလားအားလုံး ရယူနိုင်ခဲ့လို့ ရည်မှန်းချက်တွေအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါလို့ ပီတာချက်ကပြောပါတယ်။ ကစားသမားဘ၀ကနေအနားယူတော့မယ့်…
Read Moreခန္ဓာကိုယ်က ပူဖောင်းလိုဖြစ်နေတယ်ဆိုတဲ့ ထက်ထက်ထွန်း
ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ်လောကကနေ သရုပ်ဆောင်လောကကို ရောက်နေတဲ့ ထက်ထက်ထွန်းကတော့ ခန္ဓာကိုယ် က ပူဖောင်းလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ထက်ထက် က ၀ိတ်ထိန်းရတာ ခက်တဲ့ အချိန်ဖြစ်နေပါတယ်။ ကိုယ့်ကလည်း Body Shaping တွေ လည်း လုပ်ပါတယ်။ ဒါပေမယ့် ထက်ထက် ခန္ဓာကိုယ်ပိုင်းနဲ့ ဒီကြားထဲမှာ တော်တော်လေးကို ထိန်းနေရပါ တယ်။ ထက်တို့ အသက်အရွယ်က ရေသောက်လည်းဝတယ်။ အသက်ရှုလည်း ၀နေတယ်ဆိုတော့”လို့ ဆိုပါ တယ် ။ အလှမယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ပြိုင်ပွဲတစ်ခုထဲအတွက် ကိုယ့်ကမွေးဖွားလာတာ မဟုတ်တော့ နိုင်ငံတကာမှာ ပြိုင်ပွဲထပ်ပြိုင် ချင်ပါသေးတယ်။ နိုင်ငံဂုဏ်ထက်ဆောင်တစ်ယောက် ထက်ဖြစ်ချင် ပါ သေးတယ်။ အိပ်မက် တွေက အခုမှ အစပဲရှိပါ သေး တယ်။နိုင်ငံတကာ စံပြဖြစ်နိုင်အောင်တော့…
Read Moreစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာပိတ်ပင်တာ မရှိသင့်ဘူးလို့ ပေါင်းစပ်ညှိနိုင်ရေးအဖွဲ့ပြော
စစ်တွေ၊ ဇန်နဝါရီ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဥပဒေအထောက်အကူပြု ပြင်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက ဒေသခံတွေကို စားရေးရိက္ခာတွေအလွယ်တကူ သယ်ယူပို့ဆောင်ခွင့်မရရှိဘဲ ပိတ်ပင်တားဆီးထားမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အခုလိုမျိုး ရိက္ခာသယ်ယူခွင့်တွေပိတ်ပင်တားဆီးထားတဲ့အတွက် ကျေးရွာသားအများစုတို့ဟာ နေရပ်စွန့်ခွာထွက်ပြေး လာနေကြရပြီး စားနပ်ရိက္ခာတွေကိုပိတ်ပင်တယ်ဆိုတာမရှိသင့်ကြောင်းနဲ့ အခုလိုမျိုးပြုလုပ်နေတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပြောပါတယ်။ “စားနပ်ရိက္ခာအတွက်ပိတ်ပင်တယ်ဆိုတာတော့ မရှိသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဒါကလူ့အခွင့်မရေးတစ်ရပ်ပဲ။ လူတိုင်းလူတိုင်းဟာ မိမိတို့စားဝတ်နေရေးအတွက် ကြိုးပမ်းနေကြရတယ်။ ဒီအချိန်က ဆောင်းရာသီလည်းဖြစ်တယ်။ တော်တော်ချမ်းအေးတဲ့ရာသီလည်းဖြစ်တယ်ဆိုတော့ စားနပ်ရိက္ခာတွေကို ပိတ်ပင်တာဟာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။”လို့ တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးသာဇံက ပြောပါတယ်။ ဒါ့အပြင် လူသားချင်းစာနာထေက်ထားမှုဆိုတာဟာ ကမ္ဘာတစ်ဝှမ်းမှာကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်အစိုးရကအစ လိုက်နာရမယ့်အချက်ဖြစ်ပြီး လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် စားနပ်ရိက္ခာရပိုင်ခွင့်ရှိကြောင်းနဲ့ အခုလိုပိတ်ပင်တားဆီး ထားတာဟာ…
Read Moreနွားများတင်ဆောင်လာတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ
ကျောက်ဆည် ဇန်နဝါရီ ၁၆ စောပြည့်ချမ်းသာ(VOM) မန္တလေးတိုင်း ကျောက်ဆည်မြို့ ရန်ကုန် -မန်းလေး အမြန် လမ်းမကြီး အနီးရှိ စက်မှုလယ်ယာရုံးနားတွင် ၁၅ရက်နေ့ညနေ ၄နာရီခန့်က နွားများတင်လာတဲ့လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရုံးကနေသိရပါတယ်။ ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့ကစည်းကမ်းပျက်ယာဉ်များစစ်ဆေးနေစဉ် ဦးမျိုးဝင်းအောင် (၃၉)နှစ်မောင်းနှင်လာတဲ့ FUSO အမျိုးအစား 1M/2178နံပါတ်ပြားပါ ၁၂ဘီးယာဉ်အားရပ်တန့် စစ်ဆေးရာ နွား ၂၁ ကောင်တင်ဆောင်လာပြီး ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်နေတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ ဦးမျိုးဝင်းအောင် ကိုကျောက်ဆည်မြို့မရဲစခန်းကိုလွဲပြောင်းအပ်နှံခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရသိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းက (ပ)၄၅/၂၀၁၉နဲ့အမှုဖွင့်ပြီးစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ #voiceofmyanmar#ကျောက်ဆည်
Read Moreရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကုလဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ရွှေ့ဆိုင်း
နယူးယောက်၊ ဇန်န၀ါရီ-၁၆-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်တွင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို မြန်မာအစိုးရဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ရခိုင်ပြည်နယ်ကို လာဖို့စီစဉ်ထားပေမယ့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေတွေကြောင့် ခရီးစဉ်ကို မြန်မာဘက်က ကာလရွှေ့ဆိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီမာဟီစစ်က ပြောပါတယ်။ ဒီလို ခရီးစဉ်ရွှေ့ဆိုင်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးက တစ်စံတစ်ရာ တုံ့ပြန်တာတော့ မရှိသေးပါဘူး။ ဖိလစ်ပိုဂရန်ဒီရဲ့ ခရီးစဉ်ရွှေ့ဆိုင်းလိုက်တာအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ခရစ္စတင်းရှာရန်ဂျာဘာဂျင်နာရဲ့ မသေချာသေးတဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ဘင်္ဂါလီပြသနာကိုဖြေရှင်းဖို့ အာမခံချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ တုံ့ဆိုင်းနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဘင်္ဂါလ်ီပြသနာကို ဖြေရှင်းရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲအဆိုပြုဖို့ မြန်မာတာဝန်ရှိသူတွေအတွက်…
Read More