အကယ်ဒမီပေးပွဲ ကျင်းပမယ့်နေရာအပြောင်းအလဲရှိနိုင်

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့်နေရာ အပြောင်းအလဲရှိနိုင်ပါတယ် ဟု မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဌ ဦးဇင်ဝိုင်းဆိုပါတယ်။

” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၂၀၁၃ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ကို၂၀၁၄ ခုနှစ်မှစတင် ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲကို တာဝန်ယူချီးမြှင့်ခဲ့ရာ ၂၀၁၈ခု ခုနှစ်အထိ(၅)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ လာမည့် မတ်လ ၂၃ရက်နေ့မှာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရွှေထွဋ်တင်ကွင်းမှာကျင်းပဖို့ ယာယီ အားဖြင့် သတ်မှတ်ထားပါတယ်။ သိုသော် အများသူငါ သွားလာမှုလွယ်ကူပြီး ပိုမိုတင့်တယ်တဲ့နေရာကိုလည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ နေရာအပြောင်းအ လဲရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထပ်မံကြေညာ ပေးပါ မယ်” လို့ဆိုပါတယ်။

ဒီနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ လရောင်ဖြာတဲ့အင်းလေးမှာ ၊ ရွှေကြာ၊ မုဒြာခေါ်သံ၊ ဥပါဒါန် ၊ ငဒူ ၊ တိမ်တိုက်တံတား ၊ နောင်တွင်ဥဒါန်းတွင်စေသတည်း ၊ သမ္မတကြီး ထံပေး စာ စတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားအနက် ဒီဇင်ဘာ ၁၀ ရက်မှ ဇာတ်ကားများစတင် ကြည့်ရှုခဲ့တယ်လို့ သိရ ပါတယ်။

၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာတော့ ဆုပေါင်း(၁၁)ဆု အပြင်တစ်သက်တာထူးချွန်ဆု ၊ အထူးဆုတစ် ဆုပါ ပေးအပ်သွားမည်ဖြစ်ပြီးလို့ လျာထားပါတယ်။ ဆုရရှိသူများကိုလည်း ရွှေစင်ရုပ်ထုက ရွှေကြည် ကိုတော့ ရွှေစင်(၅)ကျပ်သား ချီးမြင့်သွားမှာဖြစ်ပါတယ်။ ဒါအပြင် တသက်သာရုပ်ရှင်ထူးချွန်ဆုရရှိသူအတွက် အသက်ရှိစဉ် လစဉ် ငွေကျပ်ငါးသိန်း ထောက်ပံ့ ချီးမြင့် အပ်သွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #အကယ်ဒမီပေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW