ခန္ဓာကိုယ်က ပူဖောင်းလိုဖြစ်နေတယ်ဆိုတဲ့ ထက်ထက်ထွန်း

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

အလှမယ်လောကကနေ သရုပ်ဆောင်လောကကို ရောက်နေတဲ့ ထက်ထက်ထွန်းကတော့ ခန္ဓာကိုယ် က ပူဖောင်းလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ထက်ထက် က ၀ိတ်ထိန်းရတာ ခက်တဲ့ အချိန်ဖြစ်နေပါတယ်။ ကိုယ့်ကလည်း Body Shaping တွေ လည်း လုပ်ပါတယ်။ ဒါပေမယ့် ထက်ထက် ခန္ဓာကိုယ်ပိုင်းနဲ့ ဒီကြားထဲမှာ တော်တော်လေးကို ထိန်းနေရပါ တယ်။ ထက်တို့ အသက်အရွယ်က ရေသောက်လည်းဝတယ်။ အသက်ရှုလည်း ၀နေတယ်ဆိုတော့”လို့ ဆိုပါ တယ် ။

 

အလှမယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ပြိုင်ပွဲတစ်ခုထဲအတွက် ကိုယ့်ကမွေးဖွားလာတာ မဟုတ်တော့ နိုင်ငံတကာမှာ ပြိုင်ပွဲထပ်ပြိုင် ချင်ပါသေးတယ်။ နိုင်ငံဂုဏ်ထက်ဆောင်တစ်ယောက် ထက်ဖြစ်ချင် ပါ သေးတယ်။ အိပ်မက် တွေက အခုမှ အစပဲရှိပါ သေး တယ်။နိုင်ငံတကာ စံပြဖြစ်နိုင်အောင်တော့ ထိန်းသိမ်းနေ ရမယ်ပေါ့။ အမြဲတမ်း အလှအပဂရုစိုက်သလို ၊ အစားတလိုင်း ထက်ထက်ဆိုတာကလည်း ရှိပါတယ်။စားလည်း လုပ်လည်းလုပ်ဖို့ ပင်ပန်းတယ်လို့သိရပါတယ်။

သူမကတော့ လက်ရှိမှာ အနုပညာ ပတ်သက်ရင်း မော်ဒယ်လ်ပိုင်းရော ၊ သရုပ်ဆောင်ပိုင်းကိုရော အ ကောင်းဆုံး ကြိုးစား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေရော ၊ဗီဒီိယို ဇာတ်ကားတွေ ရော ဆက်တိုက်ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဘ၀အပေါ်သူမရဲ့ သုံးသပ်ချက်ကတော့ “လူငယ်တစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်ရတာ ပင်ပန်းပါတယ်။ ဘ၀ကလည်း သုညက စရတာမို့ပါ။ ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတာ မဟုတ်ဘူး လေ။ အရင်းအနှီးမရှိတဲ့ ကိုယ့်တွေအတွက်ကတော့ သူများထက် နှစ်ဆ ၊ သုံးဆလောက် ကြိုးစားမှ နေရာတ ခုကို ရမှာပါ”လို့ ဆိုပါတယ်။

ဓာတ်ပုံ – #ထက်ထက်ထွန်း facebook

#Voiceofmyanmar#ထက်ထက်ထွန်း

Related posts

Leave a Comment

VOM News

FREE
VIEW