နိုင်ငံခြားသားနဲ့တွဲတဲ့ကိစ္စ ရှင်းပြလာတဲ့ အမွန်း

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

မြန်မာသီချင်းအပြင် အင်္ဂလိပ်သီချင်းတွေပါ အကောင်းဆုံးသီဆိုထုတ်လုပ်နေတဲ့ အဆိုတော် အမွန်း ကတော့  ချစ်သူဖြစ်တဲ့နိုင်ငံခြားသားနဲ့တွဲတဲ့ကိစ္စ ရှင်းပြလာပါ။

နိုင်ငံခြားနဲ့ တွဲလို့ အပြောခံရလားဆိုတော့ “တချို့ ဝေဖန်မှုတွေ ခံရတယ်လို့ ကြားပါတယ်။ အမွန်းကတော့ အဲကိစ္စတွေ မသိပါဘူး။ ကိုယ့်ရဲ့ Personal အကြောင်း သေချာမသိတဲ့သူတွေရဲ့ ဝေဖန်မှုတွေကို ဖတ်မကြည့်ဖြစ်ပါဘူး။ နမို့ဆိုရင် အလာကားနေရင် စိတ်တွေညစ်ရမယ်၊ ခံစားရမယ်လေ။ ဒါပေမယ့် အမွန်းရဲ့ မိသားစု ၊သူငယ်ချင်းတွေရော ၊ မောင်လေးကရော သူ့ကို ချစ်ကြတယ်။ ဒီအတွက် ပျော်ရွှင်ပါတယ်”လို့ ဆိုပါတယ်။

သူမကတော့ လက်ရှိမှာ ဂီတပိုင်းနဲ့ ပတ်သက်ပြီးတော့ သီချင်းသစ်တွေကို Remix အနေနဲ့ ထွက်ဖို့ရှိသလို  ပရိသတ်ကြိုက်တဲ့ ”နင်မှတ်ထား” သီချင်းလေးကို လုပ်သွားမယ်လို့ သိရပါတယ်။ သီချင်းတစ်ခွေလုံးထွက်ဖို့ဆိုရင် ပရိသတ်က အကြာကြီး စောင့်ရမယ်။ ဒါကြောင့် တစ်ပုဒ်ချင်းဆီပဲ လုပ်သွားမှာပါ။ ဒီဘက် Digital ခေတ်မှာ Album နဲ့ တစ်ပုဒ်ချင်းဆီက ကွာခြားမှု မရှိတော့ဘူးလို့လည်း အမွန်းထင်ပါတယ် သိရပါတယ်။

အချစ်ရေးကတော့ ”အမွန်းက ဘယ်သူကိုမှ မပြောပါဘူး။ အမွန်းက အပြောင်းအလဲမရှိဘူး။ ကိုယ့်ရဲ့ Relationship တစ်ခုက အရမ်းကိုပျော်ဖို့ကောင်းတယ်။ ဘုရားရဲ့ ကျေးဇူးကြောင့် အမွန်းတို့ နှစ်ယောက်ရဲ့ ချစ်သူသက် တမ်းကတော့ ၄ နှစ်တောင်ပြည့်တော့မယ်။ နားလည်မှုတွေလည်း အပြည့်ရှိကြတယ်။ ကိုယ့်ကမ္ဘာနဲ့ ကိုယ့်အလုပ်တွေများနေကြတော့ အရာအားလုံးကတော့ အဆင်ပြေပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ #အမွန်း facebook

#voiceofmyanmar #အမွန်း

Related posts

Leave a Comment

VOM News

FREE
VIEW