အမေရိကန် အစိုးရလုပ်ငန်းတွေပိတ်ထားတာ အဆုံးသတ်ရေး ဆွေးနွေးဖို့ အောက်လွှတ်တော် ဥက္ကဌကို သမ္မတထရန့်တိုက်တွန်း

ဝါရှင်တန်၊ ဇန်နဝါရီ-၁၈-၂၀၁၉

မျိုးဆက် (VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ဘရပ်ဆယ်နဲ့ အာဖဂန်နစ္စတန်သို့သွားရောက်မယ့် ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ရက်ရွှေ့ခိုင်းလိုက်ပြီး အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်းပိတ်သိမ်းထားတာကို အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် ခရီးမထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံသမိုင်းမှာ အရှည်ကြာဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ ပိတ်သိမ်းထားတဲ့ ၂၇ရက်မြောက်နေ့မှာ အောက်လွှတ်တော် ဥက္ကဌရဲ့ ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က တားမြစ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရ၀န်ထမ်း ရှစ်သိန်းကျော် လစာမရဘဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အချိန်မှာ အောက်လွှတ်တော် ဥက္ကဌတစ်ဦးအနေနဲ့ ပြည်ပခရီးစဉ်တွေ သွားရောက်တာကို ရပ်ဆိုင်းသင့်တယ်လို့ မီးစ်ပီလိုစီထံ ပေးပို့တဲ့စာမှာ ဒေါ်နယ်ထရန့်က ပြောပါတယ်။ သမ္မဒေါ်နယ်ထရန့်ဟာ မီးစ်ပီလိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ကို စစ်လေယာဉ်အသုံးပြုတာကို ငြင်းပယ်ခြင်းဖြင့် ခရီးစဉ်ကို ဟန့်တားနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။

နိုင်ငံရေးတုံ့ဆိုင်းနေတာတွေဖြစ်ပေါ်နေချိန်မှာ သမ္မတရဲ့ နိုင်ငံတော်အဆင့်မိန့်ခွန်းပြောကြားတာကို ရွှေ့ဆိုင်းဖို့ ဇန်နဝါရီ ၁၆ရက်မှာ အောက်လွှတ်နော် ဥက္ကဌ မီးစ်ပီလိုစီက မစ္စတာထရန့်အား တိုက်တွန်းထားပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတဒေါ်နယ်ထရန့်ဟာ အမေရိကန်-မက္ကဆီကိုနယ်ခြားတံတိုင်းတည်ဆောက်ရေး လွှတ်တော်ရန်ပုံငွေကို ဒေါ်လာ၅ဒသမ၇ဘီလီယံရလိုပေမယ့် ဒီမိုကရက်တွေကတော့ ယင်းကိစ္စကို ငြင်းပယ်ထားပါတယ်။

Ref : BBC Photo : Reuter/AFP

#voiceofmyanmar#အမေရိကန်အစိုးရလုပ်ငန်းတွေပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW