လေးနှစ်အတွင်း မိုးပျံတက္ကစီဝန်ဆောင်မှုပေးတော့ မယ့် Uber

ဝါရှင်တန်၊ ဇန်နဝါရီ-၂၀

မျိုးဆက် (VOM)

ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Uber ကတော့ လာမယ့် လေးနှစ်အတွင်းမှာ မိုးပျံ တက္ကစီ ၀န်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ လျှပ်စစ် မိုးပျံတက္ကဆီဟာ တစ်နာရီိကို မိုင် ၁၅၀ နဲ့ ၂၀၀ အကြားပျံသန်းနိုင်မှာဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့ စမတ်ဖုန်းအပလီကေးရှင်းကိုအသုံးပြုပြီး အထပ်မြင့်အဆောက်အဦတွေရဲ့ ခေါင်းမိုးထပ်တွေ၊ ကားပါကင်တွေနဲ့ ရှော့ပင်းစင်တာတွေစတဲ့ ယာဉ်ရပ်နားနိုင်တဲ့နေရာတွေကနေ ငှားရမ်းစီးနှင်းနိုင်မှာဖြစ်ပါတယ်။

အဆိုပါယာဉ်တွေဟာ ငါးမိနစ်အားသွင်းပါက မိုင် ၆၀ အထိခရီးရောက်နိုင်မှာဖြစ်ပြီး ပုံမှန် Uber တက္ကစီနဲ့ ၂၅ မိုင်ခရီးကို ၅၉ ဒေါ်လာပေးရမယ်ဆိုရင် မိုးပျံတက္ကစီဝန်ဆောင်မှုကတော့ ဒေါ်လာ ၉၀ ကျသင့်မှာလို့ ဆိုပါတယ်။ တက္ကစီကားနဲ့ ၆၉မိနစ်ကြာမြင့်မှယ်ခရီးစဉ်ကို မိုးပျံတက္ကစီကတော့ ၃၃ မိနှစ်သာကြာမြင့်မှာဖြစ်ပါတယ်။

မျိုးပျံတက္ကစီတွေဟာ မြေပြင်ကနေ အမြင့်ပေ တစ်ထောင်နဲ့ နှစ်ထောင်အကြားက ပျံသန်းမှာဖြစ်ပြီး ခရီးသည် လေးဦးတင်ဆောင်ပျံသန်းနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။

ဒီဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှာ စတင်ဝန်ဆောင်မှုပေးမှာဖြစ်ပြီး အဆိုပါနှစ်မှာဘဲ အခြားနိုင်ငံတွေမှာဝန်ဆောင်မှုပေးသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Ref : Daily Mail

Photo :AFP

#voiceofmyanmar#Uber

Related posts

Leave a Comment

VOM News

FREE
VIEW