တရုတ်နိုင်ငံကို တရားမဝင်အလုပ်သွားလုပ်ခဲ့သူ ၄၅ ယောက် မုံရွာမြို့ရောက်ရှိ

မုံရွာ – ၂၃-၁-၂၀၁၉

ရိုက်ကူး (ဗျဂ္ဃ VOM)

 

တရုတ်နိုင်ငံမှာ အခက်ခဲနဲ့ရင်ဆိုင်ရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာက ကယ်ထုတ်ပြီး နေရပ်ရင်းကို ပြန်ပို့တာမာ မုံရွာတဝိုက်က လူငယ် ၄၅ယောက် ပထမဆုံးအသုတ်အဖြစ် မုံရွာကို လုံခြုံစွာရောက်ရှိခဲ့ပါတယ်။ အဲလိုရောက်လာသူတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ လူမှုရေးဝန်ကြီး၊ နယ်လုံဝန်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ မုံရွာမြို့ ရွှေစည်းခုံဘုရား သာသနာ့ဗိမာန်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်အချိန်က လာရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ ဒီညမှာပဲ တရုတ်နိုင်ငံ ပင်လယ်ကမ်းစပ်ကနေ အစိုးရအကူအညီနဲ့ ပြန်လည်ကယ်ထုတ်ခဲ့ရတဲ့ ၁၅ ယောက်အဖွဲ့ ထပ်မံရောက်ရှိလာဦးမယ်လို့သိရပါတယ်။

#voiceofmyanmar#တရုတ်နိုင်ငံကမြန်မာလုပ်သားများ

 

Related posts

Leave a Comment

VOM News

FREE
VIEW