မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ ပြည်သူတွေ ယုံကြည်ကိုးစား ရှိလာဖို့အရေးအတွက် အဆိုတင်သွင်း

နေပြည်တော် ဇန်နဝါရီ ၂၃-၂၀၁၉

ဒီပ(နေပြည်တော် VOM)

ဇန်နဝါရီလ(၂၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး ကနေ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးကဏ္ဍ ဖြစ်ထွန်းဖို့နဲ့ တရားသူကြီး အမှုသည်နဲ့ သက်သေများဟာ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ပါတယ် ။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီးတဲ့နောက် ဆွေးနွေးမယ့် ကိုယ်စားလှယ်များဟာ အစည်းအဝေးနားချိန်မှာ အမည်စာရင်းတင်သွင်းဖို့ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သလို မကြာခင်ဆွေးနွေးသွားဖွယ်ရှိပါတယ်။

ဒီအဆိုတင်သွင်းတဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပြည်သူနဲ့တရားသူကြီးတွေရဲ့အကြား ယုံကြည်မှုကို အထောက်အပံ့ဖြစ်စေမယ်လို့ ဦးစိုးမိုးက အခုလို ပြောကြားခဲ့ပါတယ်။

#voiceofmyanmar#တရားစီရင်ရေးကဏ္ဍ#ဦးစိုးမိုး#

 

Related posts

Leave a Comment

VOM News

FREE
VIEW