မောင်တောနယ်စပ် မိုင်တိုင် ၄၁ အနီးတိုက်ပွဲဖြစ်ပွား

မောင်တော၊ ဇန်နဝါရီ ၂၄-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဒီကနေ့နံနက်ပိုင်းက တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီးရှိ ကင်းစခန်းတစ်ခု ထိခိုက်မှုရှိခဲ့ပါတယ်။

အဲဒီကင်းစခန်းဟာ မိုင်တိုင်အမှတ် ၄၁ မှာရှိတဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ကင်းစခန်းတစ်ခုဖြစ်ပြီး တစ်ဖက်အဖွဲ့အစည်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲက လောလောဆယ်မှာ ပြီးသွားပါပြီ။ ခဏလေးဖြစ်ခဲ့တာပါ။ မိုင်တိုင် ၄၁ မှာရှိတဲ့ ကင်းစခန်းတစ်ခုကို လှန်းပြီးတော့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။”လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

အခုလိုပစ်ခတ်ခဲ့တဲ့အဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကပစ်ခတ်တာဖြစ်နိုင်ကြောင်းနဲ့ ထိခိုက်မှုအနည်းငယ်ရှိ ခဲ့တယ်လို့ ပြောပါတယ်။

“ပစ်တာကတော့ အဝေးကလှန်းပစ်သွားတာပါ။ ဘယ်အဖွဲ့အစည်းဆိုတာကတော့ အကြမ်းဖက်အဖွဲ့အစည်းပါပဲ။ ပစ်ခတ်ခံလိုက်ရတဲ့အတွက် ထိခိုက်မှုတွေအနည်းအကျဉ်းရှိပါတယ်။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီစခန်းမှာ နယ်ခြားစောင့်ရဲဝန်ထမ်း ၁၀ ဦးကျော်ရှိပြီး ခြံစည်းရိုးနဲ့မီတာ ၁၅၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Related posts

Leave a Comment

VOM News

FREE
VIEW