တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောနှစ်စင်း အမေရိကန် စေလွှတ်

တိုင်ပေ၊ ဇန်န၀ါရီ-၂၅

မျိုးဆက် (VOM)

 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ယခုနှစ်အတွင်း ပထမဆုံးအဖြစ် ဇန်န၀ါရီ ၂၄ ရက်က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းပြီး စစ်သင်္ဘောနှစ်စင်းကို အမေရိကန်က စေလွှတ်လိုက်တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုပြီး အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိဖို့ အတွက် စစ်ရေးအရ အင်အားအသုံးပြုလာနိုင်တဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်တို့အကြား ယခုကဲ့သို့  စစ်သင်္ဘောများ ခုတ်မောင်းသွားလာတာတွေကြောင့်  နောက်ထပ်တင်းမာမှုမြင့်တက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

အမေရိကန်စစ်သင်္ဘောတွေဟာ  ထိုင်ဝမ်ရေလက်ကြားမှ မြောက်ဘက်သို့ ခုတ်မောင်းခဲ့ပြီး အဆိုပါ ရေကြောင်းသွားလာမှုဟာ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၂၄ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြင်လယ်ပြင်လုံခြုံရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး သေချာစေရေးအတွက် အမေရိကန်ရဲ့ အဆိုပါစစ်ဆင်ရေးကို ထိုင်ဝမ်က အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယင်းသို့လုပ်ဆောင်မှုက ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့အကြား ပွတ်တိုက်မှုတွေ ကြီးထွားလာစဉ်အချိန်မှာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရထံမှ ထိုင်ဝမ်ကိုထောက်ခံတဲ့ အရိပ်လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

တရုတ်နိုင်ငံကလည်း ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို ပိုင်းခြားထားတဲ့ ဘာရှီရေလက်ကြားသို့ ဇန်န၀ါရီ ၂၄ ရက်က ဗုံးကြဲလေယာဉ်နဲ့ စစ်လေယာဉ်အချို့ စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြားထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

Ref : Reuter

Photo: Reuter

Related posts

Leave a Comment

VOM News

FREE
VIEW