သက်ငယ်မုဒိမ်းမှုကျူးလွန်​ပြီး ထွက်​​ပြေးတဲ့ ရဲဒု-တပ်​ကြပ်​ကို ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မှာ ဖမ်းဆီးရမိ

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉

ဟိန်းကို(VOM)

အသက်​၁၅နှစ်​အရွယ်​ မိန်းက​လေးကို ဇန်​နဝါရီလ ၂၂ ရက်​​နေ့ ညပိုင်းက သားမယာပြုကျင့်​မှုပြီး ထွက်​​ပြေး​နေတဲ့ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ အမှတ်​(၇)ရဲစခန်းက ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို ဇန်​နဝါရီ ၂၅ ရက်​ ည​ပိုင်းက ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မိုင်​တိုင်​၆၆/၆ ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းဆီးရမိတယ်​လို့ အမှတ်​(၇)ရဲစခန်းက​နေသိရပါတယ်​။

” သူ့ကို ဇန်​နဝါရီ၂၅ ညပိုင်းက အမြန်​လမ်း ဒိုက်​ဦးရဲစခန်းအပိုင်​မှာ ဖမ်းမိပါတယ်​ ကျွန်​​တော်​တို့စခန်းက ဒု-ရဲအုပ်​ရဲ​မောင်​နဲ့ သူ့မိသားစုကရင်းနှီး​တော့ သူ့နဲ့အဆက်​သွယ်​ရ​အောင်​စည်းရုံးပြီး သူ့နဲ့ဖုန်းရ​တော့ ​​အကျိုးအ​ကြောင်း ​ပြော ​ဖြောင့်​ဖြစည်းရုံးပြီး​တော့ သူ့ကို​ခေါ်လာတယ်​” လို့ အမှတ်​(၇)ရဲစခန်းမှူး ရဲအုပ်​-ခင်​​ဇော်​က​ပြောပါတယ်​။

ရဲဒု-တပ်​ကြပ်​ ​တေဇာ​အောင်​ကို မိန်းက​လေးရဲ့ဖခင်ြ​ဖစ်​သူက တရားလိုပြုလုပ်​ကာ (ပ)၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုဖွင့်​တိုင်​တန်းထားတာဖြစ်​ပါတယ်​။

အသက်​(၁၆)နှစ်​မပြည့်​​သေးတဲ့ မိန်းက​လေးနဲ့ကာမစပ်​ယှက်​ရင်​ အလိုလို​နေရင်းမုဒိမ်းမှု​မြောက်​ပြီးသား ဖြစ်​တဲ့အတွက်​ မဟာ​အောင်​​မြေမြို့နယ်​၊ အမှတ်​(၇)ရဲစခန်းအပိုင်​ထဲမှာ သက်​ငယ်​မုဒိမ်းနဲ့ပက်​သက်​ပြီး အသိပညာ​ပေးအစီအစဉ်​ကို ရဲတပ်​ဖွဲ့က လစဉ်​ပြုလုပ်​​ပေး​သော်​လည်း ပြည်​သူပူး​ပေါင်းပါဝင်တာ​တွေ နည်းပါး​နေတာြေ​ကာင့် ပြည်သူတွေအနေနဲ့ပူး​ပေါင်းပြီး ​ဆောင်​ရွက်​​ပေး​စေလိုတယ်​လို့ အမှတ်​(၇)ရဲစခန်းမှူး ရဲအုပ်​ခင်​​ဇော်​ က အသိ​ပေးစကား​ပြောပါတယ်​။

#voiceofmyanmar#မန္တ​လေး#ရဲ​ဒုတပ်​ကြပ်​ကိုဖမ်းမိ#

Related posts

Leave a Comment

VOM News

FREE
VIEW