စိတ်ကြွဆေးပြား တွေ့ရှိသဖြင့် တရားရင်ဆိုင်နေရသည့် ကျန်းမာရေးဝန်ထမ်းဆရာမ အမှု အမိန့်ချမည်

ဂန့်ဂေါ ဇန်န၀ါရီ ၂၉-၂၀၁၉

မိုင်ချယ်ရီ(VOM)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် တရားရုံးမှာ စိတ်ကြွဆေးပြား တွေ့ရှိမှု နဲ့ တရားရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ အမှုကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်တော့မှာဖြစ်ပါတယ်။

ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စွဲချက်တင်သင့်မသင့်အမိန့်ချမှတ်မယ်လို့ ဆရာမအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဗန်နီဒင်း က

“အခုက တရာလို နဲ့ လိုပြသက်သေတွေ စစ်ဆေးချက်အရ တရာခံကို ဒီအမှု နဲ့ ဆက်စပ်မှု ရှိမရှိ စွဲချက် ဒီအမှု နဲ့ ငြိစွန်းမှု ရှိမရှိ ဆိုတဲ့ ဟာကို စွဲချက် တင်သင့် မတင်သင့် အမိန့်ချမယ်” လို့ ပြောပါတယ်။

ဒေါ်သန်းသန်းမြင့် (၄၃) နှစ် ဟာဆိုရင် သူစီးနင်းလာတဲ့ အိန္ဒိယဆိုင်ကယ် မိန်းမစီးဘီးရဲ့ ရှေ့အံခွက်ထဲကနေ စိတ်ကြွဆေးပြား (၁၈) ပြား တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး စက်တင်ဘာလ(၁၁) ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အဖမ်းခံခဲ့ရပြီး ဒေါ်သန်းသန်းမြင့်ဟာ မျက်စိကျန်းမာရေးခြင်း ၊ မူးယစ်ဖြင့် ကျော်စောသတင်းမရှိခြင်း ၊ မြို့မိဖြို့ဖ အဖွဲ့တွေ ရဲ့ ထောက်ခံချက် ရရှိတာတွေကြောင့် အောက်တိုဘာလ (၂) ရက်နေ့မှာ ဂန့်ဂေါမြို့နယ်တရားရုံးကနေ အာမခံ ရရှိပြီး အမှုကို ဆက်လက်ရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ  တရားရုံးမှ စွဲချက် မတင်သင့်ကြောင်း အမိန့်ချမှတ်ပါက အမှုမှ အပြီး လွတ်မြောက်မည်ဖြစ်ပြီး စွဲချက်တင် သင့်ကြောင်း အမိန့်ချပါက အမှုကို ဆက်လက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဆရာမ ဒေါ်သန်းသန်းမြင့် ရဲ့ အမှုဟာဆိုရင် လုပ်ကြံခဲ့ရတယ်ဆိုပြီး သတင်းကြီးနေတဲ့ အမှုဖြစ်ပြီး တရားရုံးမှာ ယ(ပ)၈/၂၀၁၈ ၊ မူး/စိတ် ပုဒ်မ -၁၆ (ဂ) နဲ့ အမှုဖွင့် တရားရင်ဆိုင်နေရတဲ့ အမှုဖြစ်ပါတယ်။ စွဲချက် တင်သင့် မတင့်သင့် အမိန့်ချတာကို မူလက ဇန်န၀ါရီလ (၂၅) ရက်နေ့က အမိန့်ချဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် ဥပဒေအရာရှိ အပြောင်အလဲ ရှိခဲ့ပြီး အသစ်ရောက်ရှိလာတဲ့ ဥပဒေအရာရှိက ဒီအမှု နဲ့ ပတ်သက်ပြီး  ပြန်လည်သုံးသပ်ဖို့ ရှိနေတာကြောင့် ဇန်န၀ါရီလ (၃၁) ရက်နေ့မှာ အမိန့်ချဖို့ ရက်ချိန်းခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ဆရာမ ဒေါ်သန်းသန်းမြင့်ဟာ မိခင်ဌာနက အလုပ်ဆင်းခွင့်မပြုသေးတဲ့အတွက် မူလတာဝန်နဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးသလိုဖြစ်နေပါတယ်။

#voiceofmyanmar#ဂန့်ဂေါ

 

Related posts

Leave a Comment

VOM News

FREE
VIEW