ဘင်္ဂါလီပြသနာတွင် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ ယူနီဆက်ဖ်အကြီး အကဲတိုက်တွန်း

နေပြည်တော်၊ ဇန်န၀ါရီ-၂၉-၂၀၁၉

မျိုးဆက် (VOM)

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) အမှုဆောင်ညွှန်ကြားရေးမှူးက မြန်မာအစိုးရကို ဇန်န၀ါရီ ၂၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ကလေးငယ်တွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိသလို မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ ယူနီဆက်ဖ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဟင်နရီရားတား အိတ်ခ်ျဖိုးက နေပြည်တော်သို့ ရောက်ရှိနေချိန်မှာ ပြောပါတယ်။

ကိုဖီအာနန်ရဲ့ ဘင်္ဂါလီပြသနာဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း မြန်မာနိုင်ငံက အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင် ဒုက္ခသည်စခန်းက ကလေးငယ်တွေရဲ့ လွတ်လပ်မှုနဲ့ ပညာသင်ကြားတာတွေကိုပါ အထောက်အကူပြု ကူညီနိုင်မှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်းအကောင်အထည်ဖော်ခြင်းက ဘင်္ဂလာဒေ့ရှ်ကနေ မြန်မာနိုင်ငံသို့ ဘင်္ဂါလီတွေပြန်လည်ဝင်ရောက်ဖို့ သင့်တော်တဲ့ အခြေအနေတွေဖန်တီးပေးရေးအတွက် အစပြုလိုက်တဲ့ သဘောလည်းဖြစ်တယ်လို့ ဟင်နရီရားတား အိတ်ခ်ျဖိုးက ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်ဖြစ်ပွားနေတဲ့ လူမျိုးရေးနဲ့ ဘာသာရေး ကွဲလွဲမှုတွေအတွက်  ရေရှည်ခိုင်မြဲတဲ့ ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေဖို့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Ref: Reuter

Photo: Reuter

#voiceofmyanmar#ဘင်္ဂါလီအရေး#ယူနီဆက်ဖ်အကြီးအကဲ# ဟင်နရီရားတားအိတ်ခ်ျဖိုး

Related posts

Leave a Comment

VOM News

FREE
VIEW