စစ်ကိုင်း တံတားပေါ်ကခုန်ချခဲ့တဲ့သားဖနှစ်ယောက်အနက် ဖခင်အလောင်းတွေ့ရှိ

စစ်ကိုင်း  ဇန်နဝါရီ၃၀-၂-၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့ စစ်ကိုင်းတံတား(အင်းဝ)ပေါ် မန္တလေးဘက်ခြမ်း တံတားကုံး နံပါတ်( ၄) ကနေ ဧရာဝတီမြစ်အတွင်းခုန်ချခဲ့တဲ့ သားအဖနှစ်ယောက်အနက် ဖခင်ရုပ်အလောင်းကို ယနေ့ နံနက်၈နာရီခွဲခန့်အချိန်ကတွေ့ရှိခဲ့တယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေ သိရပါတယ်။

အဲ့ဒီ ကလေးအဖေ အလောင်းကို စစ်ကိုင်း အင်းဝတံတား နဲ့ ၄မိုင်ခန့် အင်းဝမီးသွေးတိုက်ဘက် ခြမ်း ဧရာဝတီမြစ်အလယ်မှာ တွေ့ရှိခဲ့ပြီး အလောင်းကို အရေးပေါ်အဖွဲ့(စစ်ကိုင်း) က အိုးဘို ပရဟိတ အဖွဲ့အားချိတ်ဆက်ပြီး    စစ်ကိုင်းရင်ခွဲရုံအားပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

”ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်က သူတို့သားဖနှစ်ယောက်ထွက်သွားတာဗျကလေးကတော့ မျက်လုံး ကင်ဆာရှိတယ်  အင်္ဂါနေ့မှာမန်းလေးဆေးရုံကြီးမှာကလေးကခွဲစိတ်ရမှာဗျ သူကတော့ကလေး ကမျက်လုံးကင်ဆာ ကို ကုသလို့မရဘူး ထင်နေလို့ ကလေးကလည်း တစ်ယောက်ထဲရှိတာလေ  သူက သူ့ကလေးကိုတအားချစ်တာဗျ  ကလေးမျက်လုံးကင်ဆာက ၁နှစ်ခွဲလောက်ကစဖြစ်နေတာ သူကလေးကိုခံစားနေရတာမကြည့်ရက်လို့ သူဒီလိုလုပ်သွားတာ ကလေးကုရမှာတို့ငွေရေးကြေးရေးအဆင်မပြေတာတော့မရှိဘူဗျ သူဒီကလေးကိုမဲကုနေကြတာဘဲ ကျနော်ကတော့မခံစားနိုင်ဘူးဗျာ ဝမ်းနည်းရတယ်မြေးလေးရော သားမက်ရောဆုံးရှုံးလိုက်ရတယ်လို့”

သေဆုံးသူ ကိုစိုးမင်းသိန်း ရဲ့ယောက္ခမဖြစ်သူ ဦးစိုးမြင့်ကပြောပြပါတယ်။

သေဆုံးသူမှာ မန်းလေးကန်ပတ်လမ်း ဝါဆိုကျောင်းတိုက် ရဲ့တောင်ဘက်မှာနေထိုင်ပြီး သေဆုံးသူ အမည်မှာ ဦးစိုးမင်းသိန်းအသက်၄၀ဖြစ်ပြီး ကလေးမှာမဖြူ စင်သွယ် အသက် ၄ နှစ်ခန့်ရှိကာ ဇန်နဝါရီ ၂၇ရက်နေ့ က ရှာဖွေခဲ့ပြီး  ၄ရက်မြှောက်နေ့ ၃၀ရက်နေ့မှာ တွေ့ရှိကာ ကလေးအလောင်းကိုတော့ ဧရာဝတီဖြစ်ကြောင်းတစ်လျောက် ဆက်လက်ရှာဖွေနေတယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) ကနေသိရပါတယ်။

#voiceofmyanmar#စစ်ကိုင်းတံတားပေါ်ကခုန်ချသူအလောင်းပြန်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW