ရဲကင်းစခန်းတိုက်ခံရမှုထုတ်ပြန်ချက် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

ဒါကာ၊ ဇန်န၀ါရီ-၃၀

မျိုးဆက် (VOM)

 

နှစ်နိုင်ငံနယ်စပ်အနီးရှိ မောင်တောမြို့နယ်က ရဲကင်းစခန်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မြန်မာဘက်က ထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဒယ်ဝါဟူစိန်က မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဇန်န၀ါရီ ၂၉ ရက် နေ့လည်ပိုင်း ဆင့်ခေါ်ကန့်ကွက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်တယ်ဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အခြေအမြစ်မရှိ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ လုံးဝမှားယွင်းပြီး လုပ်ကြံထားတဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

မောင်တောမြို့နယ်အနီး နယ်ခြားမှတ်တိုင် ၄၁ မှာ ဇန်န၀ါရီ ၂၄ ရက် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်နေတယ်ဆိုပြီး မြန်မာဘက် အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ပြီး မှားယွင်းတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံပြီး မြန်မာသတင်းဌာနအချို့မှာ ရေးသားဖော်ပြတာနဲ့ ပတ်သက်ပြီး အလွန်စိတ်ပျက်မိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခင်ဖြစ်ပွားရာနေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ နယ်စပ်ကိုဖြတ်ကျော်တာမရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မြန်မာဘက်ကို ဦးတည်ပစ်ခတ်တဲ့ ဘယ်လိုမတော်တဆမှုမှ မရှိခဲ့ဘူးဆိုတာ အတည်ပြုပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

Ref & Photo :bdnews24

Related posts

Leave a Comment

VOM News

FREE
VIEW