ဝါရှင်တန်၊ ဇန်န၀ါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အိမ်ဖြူတော်နဲ့ လေဘာတီရုပ်တုကို တိုက်ခိုက်ရန်ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးလိုက်ပါတယ်။ ဟာရှာဂျာလယ်တာဟိဆိုသူ အမျိုးသားဟာ ရိုင်ဖယ်သေနတ်တွေ၊ တင့်ကားဖျက်ဒုံးပျံနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်များဝယ်ယူဖို့အတွက် ၎င်းရဲ့ ကားကို ရောင်းချခဲ့တယ်လို့ တရားရုံးစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ မစ္စတာ တာဟိရဲ့ တိုက်ခိုက်ဖို့ အစီအစဉ် အသေးစိတ်တွေကို အက်ဖ်ဘီအိုင်ထောက်လှမ်းရေးတွေနဲ့ သတင်းပေးတွေက လွန်ခဲ့သည့်နှစ်က စုံစမ်းထောက်လှမ်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၎င်းဟာ ဇန်န၀ါရီ ၁၇ ရက်မှာ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ၎င်းသည် အိမ်ဖြူတော်ရဲ့ အနောက်တံခါးကို တင့်ကားဖျက်ဒုံးကျည်နဲ့ ပစ်ခတ် ဖောက်ခွဲပြီး အဆောက်အဦထဲသို့ဝင်ရောက်ကာ လူတွေကို သတ်ဖြတ်ရန်စီစဉ်ထားတယ်လို့ ထောက်လှမ်းရေးတွေက စွပ်စွဲပြောဆိုပါတယ်။ မစ္စတာ တာဟိဟာ ၎င်းရဲ့ကားနဲ့ အလဲအထပ်လုပ်ပြီး ရရှိမယ့် လက်နက်တွေကို လက်ခံရရှိပြီးနောက်…
Read MoreMonth: January 2019
နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်လို့ ပိုပြီးယုံကြည်မှုရှိတယ်ဆိုတဲ့ ရတနာဗို
ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) အနုပညာပျိုခင်း ၂ က သရုပ်ဆောင် ရတနာဗိုကတော့ တကယ်လိုအပ်တယ်ထင်လို့ နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်တာပါ လို့ဆိုပါတယ်။ ‘ဗို နှာခေါင်းလေး ခွဲစိတ်ပြုပြင်လိုက်တော့ သူငယ်ချင်းတွေကလည်း လှတယ်လို့ပြောကြပါတယ်။ ဗိုရဲ့ နားက အရိုးနုလေးကို ခွဲစိတ်ပြီးတော့ နှာခေါင်းမှာထည့်တာပါ။ ဒီလိုပြုပြင်လိုက်တော့ ဗိုလ် အနေနဲ့ ပိုပြီးတော့ယုံကြည်မှုရှိသွားတာပေါ့နော်”လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာပဲ ထိုင်ဝမ်က ခွဲစိတ်ကျွမ်းကျင်နသူနဲ့ ပြုပြင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ သူမတော့ လတ်တလော မင်းသား သျှိုင်းဇေ အန်ကယ်လေး လူမင်းနဲ့ နွံဆိုတဲ့ ဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးနေပြီးတော့ ရုပ်ရှင်ကားကြီးလည်း ဖေဖော်ဝါရီလမှာ ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အလှအပနဲ့ စပ်လျဉ်းပြီးတော့ ”အရင်ကတော့ အသားအရည်နဲ့ ပတ်သက်ရင် ဂရုမစိုက်ဖြစ်ပါဘူး။ခုနောက်ပိုင်း အသားအရည် ကြည်အောင် အိမ်မှာရှားဇောင်းလက်ပတ်ပင်က အသားလေးနဲ့ မျက်နှာကို တိုက်ပေးဖြစ်ပါတယ် ။စလိမ်းလိမ်းချင်းမှာတော့…
Read Moreအမေရိကန် အစိုးရလုပ်ငန်းတွေပိတ်ထားတာ အဆုံးသတ်ရေး ဆွေးနွေးဖို့ အောက်လွှတ်တော် ဥက္ကဌကို သမ္မတထရန့်တိုက်တွန်း
ဝါရှင်တန်၊ ဇန်နဝါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ဘရပ်ဆယ်နဲ့ အာဖဂန်နစ္စတန်သို့သွားရောက်မယ့် ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က ရက်ရွှေ့ခိုင်းလိုက်ပြီး အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်းပိတ်သိမ်းထားတာကို အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် ခရီးမထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသမိုင်းမှာ အရှည်ကြာဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ ပိတ်သိမ်းထားတဲ့ ၂၇ရက်မြောက်နေ့မှာ အောက်လွှတ်တော် ဥက္ကဌရဲ့ ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရန့်က တားမြစ်လိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရ၀န်ထမ်း ရှစ်သိန်းကျော် လစာမရဘဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အချိန်မှာ အောက်လွှတ်တော် ဥက္ကဌတစ်ဦးအနေနဲ့ ပြည်ပခရီးစဉ်တွေ သွားရောက်တာကို ရပ်ဆိုင်းသင့်တယ်လို့ မီးစ်ပီလိုစီထံ ပေးပို့တဲ့စာမှာ ဒေါ်နယ်ထရန့်က ပြောပါတယ်။ သမ္မဒေါ်နယ်ထရန့်ဟာ မီးစ်ပီလိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ကို စစ်လေယာဉ်အသုံးပြုတာကို ငြင်းပယ်ခြင်းဖြင့် ခရီးစဉ်ကို ဟန့်တားနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ နိုင်ငံရေးတုံ့ဆိုင်းနေတာတွေဖြစ်ပေါ်နေချိန်မှာ သမ္မတရဲ့ နိုင်ငံတော်အဆင့်မိန့်ခွန်းပြောကြားတာကို ရွှေ့ဆိုင်းဖို့ ဇန်နဝါရီ ၁၆ရက်မှာ အောက်လွှတ်နော် ဥက္ကဌ မီးစ်ပီလိုစီက…
Read Moreရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်
ရသေ့တောင်၊ ဇန်န၀ါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးတာဝန်ယူထားကြတဲ့ အုပ်ချုပ်ရေးမှူး ၃၀ တို့ဟာ လက်ရှိတာဝန်ကနေအနားယူနိုင်ရေးအတွက် နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုလိုမျိုး လက်ရှိတာဝန်ကအနားယူနိုင်ရေးအတွက် နှုတ်ထွက်ဖို့ပြင်ဆင်ခဲ့ ကြတာဟာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လတ်တလောအခြေအနေတွေကြောင့် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်ဆီးပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ (၂) တို့နဲ့ အရေးယူမှုတွေပြုလုပ်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ “အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက မထွက်ကြဖို့ တားမြစ်တယ်။ ပြီတော့ သူတို့ရဲ့အခက်အခဲတွေကိုလည်း အထက်ကိုတင်ပြပေးမယ်လို့ ပြောထားတဲ့အတွက် လောလောဆယ်မှာတော့ မထွက်သေးဘူး။”လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်ကနေ စတင်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ AA အဖွဲ့နဲ့ဆက်သွယ်မှုတွေ ပြုလုပ်တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ “ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုတာက…
Read Moreသရေခေတ္တရာ ရှေးဟောင်းဇုံက လေးမျက်နှာဂူဘုရား ဖောက်ထွင်းခံရ
ပြည် ဇန်နဝါရီ ၁၈-၂၀၁၉ လမင်း (ပြည် VOM) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခတ္တရာရှေးဟောင်းဇုံထဲက လေးမျက်နှာဂူဘုရားကို ဇန်နဝါရီလ ၁၆ ရက်နေ့ကဖောက်ထွင်းခံခဲ့ရကြောင်း ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှ သိရပါတယ်။ ပြည်မြို့နယ် မဋ္ဌောကျေးရွာ ဘောဘောကြီးဘုရားအနီးက လေးမျက်နှာဂူဘုရားရဲ့ ထိပ်အလည်တည့်တည့်က အင်္ဂဒေကိုင်ထားတဲ့ ရေပိတ်တော်ကို ဖေါက်ထွင်းခဲ့တာဖြစ်ပြီး အလျား ၄ ပေ ၊ အနံ ၁ ပေခွဲနဲ့ အနက် ၁ ပေခွဲခန့် ဖေါက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။ ဖေါက်ထွင်းခံရမှုနဲ့ပတ်သက်လို့ ခေတ်သစ်ပြုပြင်ထိန်းသိမ်းထားတဲ့ လက်ရာတွေသာ ပျက်ဆီးခဲ့ပြီး ရှေးယခင်မူလရှေးဟောင်း စေတီကို ထိခိုက်မှုမရှိဘူးလို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းကပြောပါတယ်။ “အပေါ်ပိုင်းရေပိတ်လွှာအားလုံးက ခေတ်သစ်လက်ရာပါ။ သုံးထားတဲ့ပစ္စည်းတွေကတော့ ရှေးဟောင်းအမွေအနှစ်ပတ်သက်ပြီးမရှိဘူး။ စေတီကတော့ ရှေးဟောင်းအမွေအနှစ်ဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်မဝင်ခင်ကပြင်ထားခဲ့တော့ အင်္ဂဒေကလည်း မူလအင်္ဂဒေမဟုတ်ဘူး ခေတ်သစ် အင်္ဂဒေ။…
Read Moreမြန်မာပြည် ပြန်ပို့မှာစိုးရိမ်လို့ အိန္ဒိယမှာရောက်နေတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြ
ကော့ဘဇား၊ ဇန်န၀ါရီ-၁၈-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂါလီရာပေါင်းများစွာဟာ မြန်မာနိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ ဘင်္ဂါလီအသိုင်းအ၀ိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ အောက်တိုဘာလအတွင်း ဘင်္ဂါလီအမျိုးသားခုနှစ်ဦးနဲ့ ယခုဇန်န၀ါရီ အစောပိုင်းက ဘင်္ဂါလီ မိသားစုငါးဦးကို အိန္ဒိယက မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်ပြီးနောက်ပိုင်းကစလို့ လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ဘင်္ဂါလီ ၂၀၀၀ ဦး ထွက်ပြေးလာကြတယ်လို့ ဘင်္ဂလားဒ့ရှ်မှာနေထိုင်တဲ့ ဘင်္ဂါလီလူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ မိုဟာမက် အာရာဖတ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ ဘင်္ဂါလီတွေကလည်း ဘင်္ဂလားဒေ့ရှ်ကို လာဖို့အတွက် ပြင်ဆင်နေကြတယ်လို့ အာရာဖတ်နဲ့ အခြား မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်တစ်ဦးကဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂါလီတွေကို တရားမ၀င်လာရောက်နေထိုင်သူတွေအဖြစ်သတ်မှတ်ထားပြီး နေရာအနှံ့မှာနေထိုင်နေကြတဲ့ ၎င်းတို့ကို စိစစ်ပြီး မိခင်တိုင်းပြည်ကိုပြန်ပို့ဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေအားလုံး ဘေးကင်းလုံခြုံပြီး အထောက်အပံ့အကူအညီတွေ ရရှိနေတယ်လို့…
Read Moreအသက် ငါးနှစ်အောက် ကလေးငယ်တွေအတွက် ခေတ်သစ်ဖောင်ဒေရှင်းမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်
ရန်ကုန် ဇန်နဝါရီ ၁၈- ၂၀၁၉ သင်းသဒ္ဒါ(VOM) အသက်၅နှစ်အောက် ကလေးငယ်တွေအတွက် အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့သမီး ငယ်လေးတွေဖြစ်တဲ့ ခေတ် နဲ့ သစ် တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။ ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက ”ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ် ၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေ ရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ် ၊ ဒီကလေးတွေ ရဲ့ ဒုက္ခ ၊မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ ကူညီနိုင်တာမျိုးလည်းရှိပါတယ်”လို့ ဆိုပါတယ် ။ သူတို့ရဲ့ အမွှာသမီးငယ်လေးများဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် …
Read Moreစက်သုံးဆီ အရည်အသွေး အခြင်အတွယ် မှန်ကန်ပြည့်ဝမှုရှိမရှိ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်
နေပြည်တော်၊ ဇန်န၀ါရီ ၁၈- ၂၀၁၉ ဒီပ(နေပြည်တော် VOM) ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ကန်စခန်းများနဲ့ အရောင်းဆိုင်များက သိုလှောင်ဖြန့်ဖြူး ရောင်းချနေတဲ့ စက်သုံးဆီများကို သတ်မှတ်အရည်အသွေးနဲ့ အခြင်အတွယ် မှန်ကန်ပြည့်ဝဖို့ အထူးအလေးထား ဆောင်ရွက်သွားဖို့ လိုပြီးတော့ နစ်နာသူတွေအနေနဲ့ တိုင်ကြားပါက တိတိကျကျ တိုင်ကြားနိုင်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဇန်န၀ါရီ(၁၇)ရက် သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ MPPEမှာ ဖုန်းနံပတ်တွေပေးထားပါတယ် အဲ့ဒီကိုဆက်ပြီး တိုင်ကြားနိုင်ပါတယ် ဒါဆိုရင် ရှောင်တခင် ၀င်ရောက်စစ်ဆေးတာမျိုးလုပ်မယ် ဒါပေမယ့် ဖုန်းနဲ့တိုင်ကြားခြင်းအားဖြင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကွှန်တော်တို့ကိုလည်း တိုင်ကြားတဲ့သူတွေရှိတယ် ကျွန်တော့ကိုတိုင်ရင် နာမည်တိတိကျကျပြော ဖုန်းနံပတ်ပေး ဘာလို့လည်းဆိုတော့ စစ်ဆေးအရေးယူ ပြီးပြီဆိုရင်လည်း ဒီလူကို လေးစားတဲ့အနေနဲ့ ပြန်ပြောလို့ရအောင် တစ်ချို့ကျတော့ စီးပွားရေး ပြိုင်ဘက်အချင်းချင်း တိုင်တဲ့ဟာတွေ ကြုံတွေ့နေရတယ် အဲ့ဒီတော့ တိုင်မယ်ဆိုရင်တော့ တိတိကျကျတိုင်ပါ”လို့ ဦးမင်းမင်းဦးက…
Read Moreမလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးဆိုတဲ့ အိချောပို
ရန်ကုန် ဇန်န၀ါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော် စူစူ (ခ) အိချောပိုကတော့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ရင် မလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးလို့ ဆိုပါတယ်။ ”အိချောက ဟော့တဲ့ ဖက်ရှင်လိုအပ်ရင်တဲ့ ဟော့ပါတယ်။ မလိုအပ်ရင်တော့ ဖက်ရှင်ပိုင်းကို မဟော့ပါဘူး။ အိချောက ရိုးရိုး လေးတွေ ၀တ်ဆင်တာနဲ့ Free စတိုင်တွေ ကြိုက်ပါတယ်။သရုပ်ဆောင်တွေ တော်တော်များများက ကိုယ့်ရဲ့ သရုပ်ဆောင်ပိုင်းကိုပဲ အာရုံစိုက်ချင်ကြတာမို့ ဖက်ရှင်ပတ်သက်ပြီးတော့ Stylelist တွေ ထားကြတယ်။ဒီလို Stylelist တွေ ပေါ်လာလို့ ၀မ်းသာမိပါတယ်”လို့ဆိုပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားဖို့ ရှိပါတယ်လို့သိရပါတယ်။သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဇာတ်ကား ရိုက်ကူးမှာလည်း အိချောကတော့ ”ကိုယ့်ရိုက်ကူးတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီးတော့ ၀တ်ဆင်ဖြစ်တာ များပါတယ်။ တချို့…
Read Moreစက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု တောင်သမန်အင်းတစ်ဝိုက် စမ်းသပ်လေ့ကျင့်
မန္တလေး၊ ဇန်နဝါရီ ၁၇-၂၀၁၉ လင်းလင်း(VOM) မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ ချူ ပ်ရဲ့ အစီအစဉ်နဲ့ စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု စမ်းသပ်လေ့ကျင့်ခြင်းကို ဒီကနေ့ တောင်သမန်အင်း နဲ့ ရှမ်းလေးကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တောင်သမန်အင်းတစ်ဝိုက်မှာ အုပ်စုလိုက် အလှပြပျံသန်းမူတွေ ပြုလုပ်မှာဖြစ်ပြီး ရှမ်းကလေးကျွန်းမှာ ဆင်းသက်ကာ ရှမ်းကလေးကျွန်းမူလတန်းကျောင်းမှာ စာအုပ်၊စာရေးကိရိယာနှင့် အားကစားပစ္စည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ၁၉ရက်နေ့မှာ ပြင်ဦးလွင်ဒေသတဝိုက်ပျံသန်းခြင်း နဲ့ မူလတန်းကျောင်းတွေမှာ လှူ ဒါန်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ၂၀ရက်နေ့မှာ ဂုတ်ထိပ်တံတားကြီးကို ကမ္ဘာကပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ဂုတ်ထိပ်တံတားကြီးပေါ်မှာ ပျံသန်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံလေထီးခုန် အဖွဲ့ချုပ်ကနေ သိရပါတယ်။ #voiceofmyanmar#မန္တလေး#စက်တပ်လေထီးစမ်းသပ်လေ့ကျင့်#
Read More