လင်းလင်း(VOM)
မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ ချူ ပ်ရဲ့ အစီအစဉ်နဲ့ စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု စမ်းသပ်လေ့ကျင့်ခြင်းကို ဒီကနေ့ တောင်သမန်အင်း နဲ့ ရှမ်းလေးကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တောင်သမန်အင်းတစ်ဝိုက်မှာ အုပ်စုလိုက် အလှပြပျံသန်းမူတွေ ပြုလုပ်မှာဖြစ်ပြီး ရှမ်းကလေးကျွန်းမှာ ဆင်းသက်ကာ ရှမ်းကလေးကျွန်းမူလတန်းကျောင်းမှာ စာအုပ်၊စာရေးကိရိယာနှင့် အားကစားပစ္စည်းတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
၁၉ရက်နေ့မှာ ပြင်ဦးလွင်ဒေသတဝိုက်ပျံသန်းခြင်း နဲ့ မူလတန်းကျောင်းတွေမှာ လှူ ဒါန်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ၂၀ရက်နေ့မှာ ဂုတ်ထိပ်တံတားကြီးကို ကမ္ဘာကပိုမိုသိရှိလာစေဖို့ ရည်ရွယ်ပြီး ဂုတ်ထိပ်တံတားကြီးပေါ်မှာ ပျံသန်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံလေထီးခုန် အဖွဲ့ချုပ်ကနေ သိရပါတယ်။
#voiceofmyanmar#မန္တလေး#စက်တပ်လေထီးစမ်းသပ်လေ့ကျင့်#