ခေတ်ရေစီးကြောင်းကြောင့် မြန်မာသံစဉ်တွေ ထုတ်လုပ်ရတာ ပိုခက်ခဲလာတယ်ဆိုတဲ့ ဖိုးသောကြာ

ရန်ကုန် ဇန်န၀ါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာသံဂန္တ၀င် တေးသီချင်းတွေသီဆိုတဲ့ အဆိုတော် ဖိုးသောကြာကတော့ ခေတ်ရေစီးကြောင်းအရ မြန်မာသံစဉ်တွေထုတ်လုပ်ရတာပိုခက်ခဲလာတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ ခေတ်ကာလ အရ နားဆင်နေတဲ့ ပရိသတ်တွေမျိုးစုံရှိလာတယ်။ပြည်ပ နိုင်ငံတကာ တေးဂီတတွေလွှမ်းမိုးလာတာမို့ ဒါတော့ မြန်မာသံဂီတမေးမှိန်သွားမှာ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ မြန်မာဂီတတေးသီချင်းတွေကလည်း ရောင်းအားတွေ ကျနေချိန်မှာ ကိုယ့်ရှိတဲ့ငွေနဲ့ ခြစ်ခြုပ်ပြီးတော့ လုပ်ရတာပါ။ထုတ်လုပ်ရတာလည်း အခက်အခဲတွေ ပိုတွေ့စေပါတယ်”လို့ဆိုပါတယ်။ သူကတော့ စုံတွဲ သီချင်းခွေသစ်အတွက် တေးသီချင်းတွေ တီးခတ်စုစည်းထားပြီးတော့ သီချင်းသစ် နဲ့ သီချင်းဟောင်း တစ်ကိုယ်တော်အခွေထွက်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ သုမောင်ရဲ့ သီချင်းအပုဒ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ကျော်ရှိပါတယ်သေးတယ်လို့ ဆိုပါတယ်။ နဂါးနီ သီချင်းခွေ ၂၀၁၈ ခုနှစ်အတွက် ရောင်းအား အကောင်းဆုံးဆု နဲ့ ထုတ်ဝေသူဆုနှစ်ခုရရှိခဲ့တဲ့  City FM ပေးတဲ့ဆုနဲ့ဆက်စပ်ပြီး ဖိုးသောကြာပြောပြတာက ”ခုလို ဆုတွေရလို့လည်း…

Read More

အနောက်နိုင်ငံတွေက ကန့်ကွက်နေပေမယ့် လအနည်းငယ်အတွင်း ဂြိုလ်တုတစ်လုံး လွှတ်တင်မယ်လို့ အီရန်သမ္မတ ရူဟာနီဆို

တီဟီရန်၊ ဇန်န၀ါရီ-၁၇ မျိုးဆက် (VOM) ယခုသီတင်းပတ်အတွင်း ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုလွှတ်တာ မအောင်မြင်ခဲ့ပေမယ့် လအနည်းငယ်အတွင်း ဂြိုဟ်တုသစ်တစ်လုံးထပ်ပြီး လွှတ်တင်ဖို့ အီရန်နိုင်ငံ အသင့်ပြင်ထားတယ်လို့ အီရန်သမ္မတ ရူဟာနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ကန့်ကွက်နေတာကို လျစ်လျူရှုပြီး လွန်ခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက် က ပါယမ်လို့ အမည်ပေးထားတဲ့  ဂြိုလ်တုကို ကမ္ဘာ့လမ်းကြောင်းအတွင်းသို့ အီရန်က လွှတ်တင်ခဲ့ပြီး ဒုံးပျံနဲ့ လွှတ်တင်ခြင်း အဆင့်သုံးမှာ လုံလောက်တဲ့ အမြန်နှုန်းမရရှိခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ အဆိုပါဂြိုဟ်တုလွှတ်တင်ရာမှာ တာဝေးပစ်ပဲ့ထိန်းဒုံးပျံနည်းပညာကိုအသုံးပြုထားသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျရောက်တယ်လို့ အမေရိကန်က ပြောဆိုပြီး အီရန်က လွှတ်တင်ဖို့ စီစဉ်နေတာကို ကန့်ကွက်ကြောင်း ယခုလအတွင်းမှာ အမေရိကန်က သတိပေးထားပါတယ်။ အီရန်ဟာ  ဂြိုဟ်တုတည်ဆောက်တာနဲ့  လွှတ်တင်တာတွေနဲ့ ပတ်သက်ပြီး  ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့ပြီး လမ်းမှန်ပေါ် လမ်းကြောင်းပေါ်ရောက်ရှိနေတယ်လို့ အီရန်သမ္မတ…

Read More

သံတွဲမှာ ဆိုင်ခန်းမီးလောင် ဆိုင်စောင့်သေဆုံး

သံတွဲ၊ ဇန်နဝါရီ ၁၇-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့မနက်ပိုင်းက အံတော်တောင်ရင်းကုန်းမှာရှိတဲ့  ဈေးဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်စောင့်တစ်ဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီဈေးဆိုင်ခန်းဟာ ကုန်ခြောက်တွေရောင်းချတဲ့ဆိုင်ဖြစ်ပြီး ဈေးဆိုင်အဟောင်းမှာတပ်ဆင်ထားတဲ့ လျှပ်စစ်ဒါးမိန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ “မီးကတော့ မနက် ၁ နာရီခွဲလောက်မှာစလောင်တာပါ။ မီးသတ်တပ်ဖွဲ့ကို သတင်းပေးပို့တဲ့အတွက် သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက်မီးငြိမ်းသတ်ခဲ့ပါတယ်။ ဆိုင်အတွင်းမှာစောင့်အိပ်နေတဲ့ ဆိုင်စောင့်တစ်ဦးသေဆုံး သွားပါတယ်။”လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ဆိုင်ခန်းမှာ အမှတ် ၈ ရက်ကွက် အံတော်တောင်ရင်းကုန်လမ်းမှာရှိတဲ့ ကျော်ဇံဆီဆိုင်အနီးမှာရှိတဲ့ ဈေးဆိုင်တန်းဖြစ်ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးအရံမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးအပါအဝင် မီးသတ်ယဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁ နာရီ ၅၀ ခန့်မှာ ငြိမ်းသတ်သွားခဲ့တယ်လို့ ပြောပါတယ်။ “မီးလောင်မှုဖြစ်တာက ဆိုင်ခန်းအဟောင်းမှာတပ်ဆင်ထားတဲ့ လျှပ်စစ်ဒါးမိန်းကနေ အပူလွန်ကဲပြီးတော့…

Read More

မြန်မာနိုင်ငံက တင်ပို့မယ့်ဆန်တွေကို အခွန်ကောက်ဖို့ အီးယူဆုံးဖြတ်လိုက်ပြီ

ဘရပ်ဆယ်၊ ဇန်န၀ါရီ-၁၇ မျိုးဆက် (VOM) မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်ပို့တဲ့ ဆန်တွေကို ဇန်န၀ါရီ ၁၈ ရက်ကစပြီး အခွန်ကောက်ခံ တော့မှာဖြစ်တယ်လို့ ဥရောပ ကော်မရှင် ဇန်န၀ါရီ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။ အီတလီအစိုးရရဲ့ တောင်းဆိုချက်ကြောင့် မတ်လအတွင်းက မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်ပြီးနောက် သုံးနှစ်အခွန်ကောက်ခံမယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုအခွန်ကောက်ခံတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက ဆုံးဖြတ်ချက်တစ်စုံတစ်ရာ တိတိကျကျမချမှတ်နိုင်ခဲ့တာကြောင့် စီးပွားရေးမူဝါဒတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဥရောပကော်မရှင်က ယခုလိုဆုံးဖြတ်လိုက်တာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ လက်နက်မှအပ အခြားကုန်ပစ္စည်းတွေကို ဥရောပနိုင်ငံများသို့ တင်ပို့ရာမှာ ယခင်က အခွန်ကင်းလွတ်ခွင့်ရရှိထားပါတယ်။ ဒါပေမယ့် အခွန်ကောက်ခံမယ့် အီးယူရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့မယ့် ဆန်တစ်တန်ကို မထမနှစ်မှာ ၁၇၅…

Read More

စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တဲ့ ဘိုဖြူ

ရန်ကုန် ဇန်နဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ(VOM) စတူဒီယို တေးသီချင်းတွေနဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ တေးသံရှင် ဘိုဖြူ ကတော့ စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ”ကျွန်တော်က ဒီသီချင်းဟောင်းတွေ ဆိုပြီးဒီလောကထဲ ရောက်လာခဲ့တာပါ။ ကျွန်တော် တနေ့ အဆိုတော်ဖြစ်ခဲ့ရင် ပထမဆုံးစုံတွဲဆိုမှာက မမီ(မီမီဝင်းဖေ)လို့ ဆုတောင်းခဲ့ပါတယ်။ဒီဆုတောင်းပြည့်ခဲ့တယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ်။ နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ ဘိုဖြူ နဲ့ မီမီဝင်းဖေ တို့ရဲ့ ”လွန်ဆန် နိုင်မလားအချစ်လေး”တေးစီးရီးကိုတော့ ဇန်နဝါရီ ၁၉ရက်တွင်  လှိုင်းတေးသံသွင်းကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ဒီခွေမှာတော့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းတွေကို ပြန်လည်သီဆိုထားတော့ Singal အနေဖြင့် သီချင်း ၅ပုဒ်ဆီဆိုထားသလို  စုံတွဲအနေနဲ့သီချင်း ၄ ပုဒ်ပါဝင်ထားတယ်လို့ သိရပါတယ်။ ”ကိုစိုင်းထီးဆိုင် ဘယ်လိုခံစားသီဆိုခဲ့လဲ  တစ်ယောက်ကို နှစ်ခါဆီပြန်အသံသွင်းခဲ့ပါတယ်။အခက်အခဲတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကဆရာစိုင်းခမ်းလိတ် စိုင်းဆေနော် စိုင်းခမ်းသီ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုထားပါတယ်။ဟိုး အရင်…

Read More

အိန္ဒိယရှိ ကျောက်မီးသွေးတွင်းထဲ တစ်လကျော် ပိတ်မိနေသူတွေရဲ့ ရုပ်အလောင်း စတင်တွေ့ရှိ

ဒေလီ၊ ဇန်န၀ါရီ-၁၇ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ မက်ဟာလာယာ ပြည်နယ်အရှေ့မြောက်ပိုင်းရှိ  ရေလွှမ်းသွားတဲ့ ကျောက်မီးသွေးတွင်း တစ်ခုမှာ အလုပ်သမား ၁၅ ဦးဟာ တစ်လကျော်ကြာပိတ်မိနေခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးရဲ့ရုပ်အလောင်းကို အိန္ဒိယရေတပ် ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိပြီဖြစ်ပါတယ်။ အလုပ်သမားတွေဟာ  ဒီဇင်ဘာ ၁၃ ရက်က ကြွက်တွင်းလို့ အမည်ရတဲ့ ကျောက်မီးသွေးတွင်းထဲသို့ တရားမ၀င် ၀င်ရောက်ခဲ့တာဖြစ်ပြီး အနီးနားရှိ မြစ်တစ်စင်း ရေကြီးလာပြီး တွင်းထဲကိုရေတွေဝင်ချိန်မှာတော့ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ရေအောက်သွားလာရေးယာဉ်က သေဆုံးသူတစ်ဦးရဲ့  ရုပ်အလောင်းကို အနက် ၄၈ မီတာမှာ မထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။ ပိတ်မိနေတဲ့  အခြားမိုင်းအလုပ်သမားတွေရဲ့ ကံကြမ္မာကိုမူ မသိရသေးဘူးလို့ဆိုပါတယ်။ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို ဆရာဝန်တွေရဲ့ ကြီးကြမ်မှုနဲ့ အပြင်သို့သယ်ထုတ်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါကျောက်မီးသွေးတွင်းမှာ  ကယ်ဆယ်ရေးလုပ်သား ၂၀၀ ဖြန့်ကြက်ထားပြီး ရေတွေကိုထုတ်ဖို့  ကြိုးစားနေကြပါတယ်။ ပိတ်မိနေတဲ့…

Read More

ခရစ်ယာန်ဓမ္မဆရာကို မုဒိမ်းမှု နဲ့ ထောင်ဒဏ် (၄၃) နှစ် ချမှတ်

ကလေး ဇန်န၀ါရီ ၁၇-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းမှာ ရှိတဲ့ (ဧဝံဂေလိ) ခရစ်ယာန်တရားဟောဆရာ ဦးလာလ်ဗျက်လားရ် (၃၃) နှစ်ဟာ   သူ့အိမ်မှာ  ချင်းပြည်နယ် ဖလမ်းမြို့နယ်ကနေ လာရောက်နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေး(၂) ဦးကို အဓမ္မကျင့်ခဲ့တာကြောင့် ကလေးခရိုင်တရားရုံးကနေ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညနေပိုင်းက ထောင်ဒဏ် (၄၃) နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းနဲ့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဦးလာလ်ဗျက်လားရ် ကို အသက် (၁၅) နှစ် အရွယ် မိန်းကလေး နဲ့ အသက် (၁၄) နှစ် အရွယ် မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း အဓမ္မကျင့်ခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့ မိဘကနေ ၂၀၁၈ ခုနှစ် ဧပြီလက တိုင်တန်းခဲ့တာကြောင့် မိန်းကလေးတစ်ဦး ကို မုဒိမ်းကျင့်မှု ထောင်ဒဏ်…

Read More

စစ်တွေစရဖတပ်ကြပ်အသတ်ခံရမှုမှာ အာမခံရထားတဲ့ လူငယ်သုံးဦးပါ အမှုစွဲတင်ခံရ

စစ်တွေ၊ ဇန်န၀ါရီ ၁၇-၂၀၁၉ ခိုင်လင်းစံ(VOM) ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ပေါ်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ စရဖတပ်ကြပ် သေဆုံးမှုနဲ့ပတ်သက် လို့ ရခိုင်လူငယ်လေးဦးကို ဇန်န၀ါရီလ ၁၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ပုဒ်မ ၃၀၂/၃၄ တို့နဲ့ အမှုစွဲတင် လိုက်ပါတယ်။ အဲဒီတရားစွဲခံလိုက်ရသူ လူငယ်လေးဦးထဲမှာ အမှုနဲ့ပတ်သက်မှုမရှိတဲ့အတွက် ရဲအာမခံနဲ့ပြန်လည်လွှတ်ပေးထားတဲ့ လူငယ်သုံးဦးပါဝင်နေပြီး အဲဒီသုံးဦးကို လူသတ်မှုမှာ ပူးပေါင်းကြံစည်တယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့က ပုဒ်မ ၃၄ နဲ့စွဲတင်ခဲ့တာ ဟာ တစ်စုံတစ်ရာဖိအားပေးမှုတွေရှိနေတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ “သူတို့ကို လုပ်ထုံးလုပ်နည်းနဲ့ ရဲအာမခံပေးတယ်ဆိုတဲ့နောက်ပိုင်းမှာ ဥပဒေကနေပြီးတော့ ပြစ်မှုကျူးလွန်ငြိစွန်းခြင်းမရှိဘူး။ တရားစွဲဆိုတင်ပို့ရန် အကြောင်းမရှိဘူးဆိုတာကြောင့်ပဲ အပြင်ကိုလွတ်လွတ်ကျွတ်ကျွတ်ရောက်လာခဲ့ကြတယ်လို့ ယူဆထားတယ်။ ဒီအနေအထားမှာ ရဲကျော်သူကို ဖမ်းမိတဲ့အခါမှာမှ သူတို့တွေဟာ ပြစ်မှုနဲ့ငြိစွန်းသွားပြီ။ ဥပဒေက ၃၄ နဲ့တွဲပြီးတော့…

Read More

မောင်တောမြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွား နေအိမ်တစ်လုံးမီးလောင်၊ ကျေးရွာသားနှစ်ဦး ဒဏ်ရာရ

မောင်တော၊ ဇန်နဝါရီ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီး ဒီနေ့နေ့လည်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြတဲ့အတွက် ရန်အောင်ပြင်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပြီး နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ကာ ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ “ဘယ်သူတွေနဲ့ပစ်တယ်ဆိုတာမသိဘူး။ နေ့လည်လောက်မှာ လက်နက်ကြီးနဲ့ပစ်လိုက်တဲ့ကျည်ဟာ ရွာစွန်မှာကျပြီး နေအိမ်တစ်လုံးမီးလောင်သွားပါတယ်။ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဒဏ်ရာရသွားပါတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းက လုံခြုံရေးကားတစ်စီးဟာ ရန်အောင်ပြင် ကျေးရွာအနီးမှာ မိုင်းဆွဲခံလိုက်ရပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် အဲဒီနယ်မြေအတွင်းမှာနယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်စဉ် အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။ “အချိန်တော့အတိကျမသိဘူး။ ကျွန်တော်ကို ဒေသခံတွေအကြောင်းကြားတာပါ။ ဖြစ်တာက ကြိမ်ချောင်းရဲစခန်းက ကားတစ်စီးဟာ ရန်အောင်ပြင်ကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာ မိုင်းဆွဲခံရတယ်။ ဒါကြောင့် အဲဒီမေယုတောင်တန်းမှာရှိနေတဲ့တပ်တွေက ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့…

Read More

အကယ်ဒမီပေးပွဲ ကျင်းပမယ့်နေရာအပြောင်းအလဲရှိနိုင်

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) ၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့်နေရာ အပြောင်းအလဲရှိနိုင်ပါတယ် ဟု မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဌ ဦးဇင်ဝိုင်းဆိုပါတယ်။ ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၂၀၁၃ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ကို၂၀၁၄ ခုနှစ်မှစတင် ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲကို တာဝန်ယူချီးမြှင့်ခဲ့ရာ ၂၀၁၈ခု ခုနှစ်အထိ(၅)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ လာမည့် မတ်လ ၂၃ရက်နေ့မှာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရွှေထွဋ်တင်ကွင်းမှာကျင်းပဖို့ ယာယီ အားဖြင့် သတ်မှတ်ထားပါတယ်။ သိုသော် အများသူငါ သွားလာမှုလွယ်ကူပြီး ပိုမိုတင့်တယ်တဲ့နေရာကိုလည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ နေရာအပြောင်းအ လဲရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထပ်မံကြေညာ ပေးပါ မယ်” လို့ဆိုပါတယ်။ ဒီနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ လရောင်ဖြာတဲ့အင်းလေးမှာ ၊ ရွှေကြာ၊ မုဒြာခေါ်သံ၊ ဥပါဒါန်…

Read More
VOM News

FREE
VIEW