ရသေ့တောင်မြို့နယ်က သပြေကျ ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့နေရာချထားပေးရန်စီစဉ်နေ

ရသေ့တောင်၊ ဇန်နဝါရီ ၁၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းကို ထွက်ပြေးလာခဲ့ကြတဲ့ကျေးရွာသားတွေ ယာယီနေထိုင်လျက်ရှိတဲ့ သက်ပြေကျ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို နေရာပြောင်းရွှေ့ပေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဗောဓိကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ငါးရွာခန့်က ထွက်းပြေးလာခဲ့ကြတာဖြစ်ပြီး လက်ရှိနေထိုင်တဲ့ သပြေကျကျေးရွာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခုလိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးမျိုးနွယ်စုများအစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ “သူတို့ကို ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်ရတာက အခုနေတဲ့သပြေကျစခန်းမှာ အဆင်မပြေတာတွေရှိပါတယ်။ သောက်သုံးရေအခက်အခဲရှိတယ်။ စာသင်ကျောင်းနားမှာနေရတာဆိုတော့ စာမေးပွဲတွေရှိနေတဲ့အတွက် ဆူညံမှုတွေဖြစ်တယ်။ ပြီးတော့ သွားလာရေးအခက်အခဲကြောင့် အကူအညီပေးရေးအဖွဲ့တွေ လာရောက်ကူညီဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကားလမ်းနဲ့နီးပြီးတော့ အားလုံးအဆင်ပြေမယ့်နေရာကို ပြောင်းရွှေ့ပေးဖို့လုပ်နတာပါ”လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ လက်ရှိမှာ အဲဒီစစ်ဘေးရှောင်တွေအတွက် စခန်းချထားပေးတဲ့နေရာဟာ လယ်ကွက်တွေဖြစ်နေပြီး ရေရှည်နေထိုင်ရမယ့် အနေအထားရှိနေတာကြောင့် ဘူးသီးတောင်-ရသေ့တောင်ကားလမ်းနံဘေး ပဲသတူကျေးရွာအနီးကို ပြောင်းရွှေ့ဖို့အတွက် REC အဖွဲ့က…

Read More

စစ်ကိုင်းတိုင်းမှာ ကြိုးပြင်ကာကွယ်တော ၁၆ ခု NLD အစိုးရလက်ထက်မှာတိုးလာ

မုံရွာ ဇန်နဝါရီ ၁၅- ၂၀၁၉ ဗျဂ္ဃ (VOM) NLD အစိုးရလက်ထက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောမြေအဖြစ် ကြိုးပြင်ကာကွယ်တော ၁၆ ခုတိုးလာတယ်လို့ စစ်ကိုင်းတိုင်းသစ်တောညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။ အရင်က စစ်ကိုင်းတိုင်းမှာ ကြိုးဝိုင်းကြိုးပြင် ၂၅၉ ခုရှိပြီး ဧရိယာ ၉၁ သိန်းဧကကျော်ရှိပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်တောဖုံးလွှမ်းမှုကောင်းနေသေးတဲ့ ကသာ၊ ကလေး၊ မော်လိုက်၊ ခန္တီးစတဲ့ခရိုင်တွေမှာလည်း နောက်ထပ် သစ်တောမြေတွေ အသစ်ထပ်မံဖွဲ့စည်းဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့  ဆိုပါတယ်။ “ကြိုးပြင်ကာကွယ်တောအဖြစ် ၁၆ ခုကို သစ်တောဖုံးလွှမ်းမှုကောင်းတဲ့ နေရာတွေမှာ ဖွဲ့စည်းခဲ့ပြီးပါပြီ။ နောက်ထပ်အနေနဲ့ ၁၆ ခုကိုတော့ ရည်ရွယ်ကြောင်းထွက်ပြီးပြီ။ ကြေးတိုင်စိုက်ပြီးပြီ။ အဲဒီဟာကိုလည်း ပြည်ထောင်စုအဆင့်ကို ကြေငြာချက်ထွက်ပေးဖို့ တင်ပြထားပါတယ်။ နောက်တခါ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတွေနဲ့ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရရဲ့ သဘောတူညီချက်၊ ထောက်ခံချက်ယူပြီးတော့မှ အဆိုပြုအနေနဲ့ကြေငြာပေးဖို့ ပြည်ထောင်စုကို တင်ထားတာ…

Read More

ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးမှောင်ခိုမှုဖြင့် တရုတ်သေဒဏ်ပေး

ပေကျင်း၊ဇန်နဝါရီ-၁၅-၂၀၁၉ မျိုးဆက် (VOM) ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက သေဒဏ်အမိန့်ချက်လိုက်တာကြောင့် ကနေဒါနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ ဆက်ဆံရေးပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။ ရောဘတ်လွိုက်ချယ်လင်ဘတ်ဟာ ၂၀၁၈ခုနှစ်အတွင်း ထောင်ဒဏ်၁၅နှစ်ကျခံထားရတာဖြစ်ပေမယ့် ယင်းပြစ်ဒဏ်မှာ ငဲ့ညှာလွန်းနေတယ်လို့ တရားရုံးကဆုံးဖြတ်လိုက်ပြီးနာက် ယခုကဲ့သို့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဟွာဝေးတရုတ်ဆက်သွယ်ရေးကုမ္ပဏီရဲ့ ထိပ်တန်း အရာရှိတစ်ဦးဖြစ်တဲ့ မန့်ဝမ်ကျိုးကို ဖမ်းဆီးပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီ၁၄ရက်မှာ ကနေဒါနိုင်ငံသားတစ်ဦးကို ယခုလိုစီရင်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဒီလိုပြစ်ဒါဏ်စီရင်တာကို ကနေဒါနိုင်ငံက ပြစ်တင်ရှုတ်ချထားပြီး သေဒါဏ်ကို လိုသလိုအသုံးချတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အလွန်စိုးရိမ်ပူပန်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောပါတယ်။ ကနေဒါဝန်ကြီးချုပ်၏ မှတ်ချက်ပြုပြောဆိုခြင်းကို အလွန်စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး ကနေဒါအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်တယ်လို့ ပြောဆိုပါတယ်။ Ref : Reuter/ BBC Photo : AFP #voiceofmyanmar#ကနေဒါနိုင်ငံသားကိုသေဒဏ်ပေး

Read More

မေလအထိ အယ်နီညိုရာသီ ဖြစ်ပေါ်နိုင်ပြီး ကဏ္ဍအသီးသီးမှာ ကြိုတင်ပြင်ဆင်ထားဖို့ မိုးဇလထုတ်ပြန်

နေပြည်တော်၊ဇန်န၀ါရီ ၁၅-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၁၉ခုနှစ် ဇန်န၀ါရီလအတွင်း အီကွေတာအနီးမှာရှိတဲ့ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် အနည်းငယ်မြင့်တက်နေပြီး အားအနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်ကို ရောက်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားတဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ၂၀၁၉ခုနှစ်မေလအထိ ဖြစ်ပေါ်နိုင်သလို မိမိတို့ရဲ့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်စဉ်ကြရန် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီ(၁၃)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညိုရာသီဟာ ၂၀၁၉ခုနှစ်မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သနဲ့ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနက ထုတ်ပြန်ထားကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ “၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုဖြစ်စဉ်ဟာ ယနေ့ထက်တိုင် အထက်လေထုနဲ့…

Read More

ချင်းတွင်းမြစ် ကို ဖြတ်ကူးတဲ့ (၅)စင်းမြောက် ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)ဖွင့်လှစ်

ဟုမ္မလင်း၊ ဇန်နဝါရီ ၁၄-၂၀၁၉ မိုင်​ချယ်​ရီ(VOM) ချင်းတွင်းမြစ်ကို ဖြတ်ကူးဖောက်လုပ်ထားတဲ့ တံတားတွေ ထဲကနေ (၅)စင်းမြောက် တံတားဖြစ်လာတဲ့ ချင်းတွင်းမြစ်ကူးတံတား (ဟုမ္မလင်း)ကို ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေ နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင် တို့ ဦးဆောင် ပြီးတော့ တံတားဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တံတားတွေဟာ ချောင်းဦးမြို့ အနီးမှာ တစ်စင်း ၊ မုံရွာမြို့အနီးမှာတစ်စင်း ၊ ကလေးဝမြို့ အနီးမှာတစ်စင်း ၊ခန္တီးမြို့ အနီးမှာ တစ်စင်း နဲ့ အခုနောက်ဆုံး ဟုမ္မလင်းမြို့အနီးမှာ တစ်စင်း အဖြစ် (၅) စင်းမြောက် တံတားကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီတံတားဟာ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိတဲ့ တမူး-ကသာ-ဟုမ္မလင်း ကားလမ်းပေါ်မှာ ဖြတ်ကူး ဆောက်လုပ်ထားတာ ဖြစ်ပြီး ဟုမ္မလင်းမြို့ကနေ ဖောင်းပြင်-ပင်လည်ဘူး-မန္တလေး စတဲ့ မြို့တွေ…

Read More

‘အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်တဲ့ ဇင်ဝိုင်း’

ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၉ ခုနှစ်မတ်လတွင် ကျင်းပသွားမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်းက အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်ပါတယ်လို့ ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီ နဲ့ ပတ်သက်ပြီး ”ကျွန်တော် အမှန်တရား ပိုမိုနီးစပ်လာအောင် ၊ တရားမျှတခြင်း ပိုမိုရှိလာအောင် အဂတိတရားကင်းအောင် ဒီဟာကိုအတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပါတယ်၊ အရင်နှစ်တွေ အကယ်ဒမီပေးတာထက်စာရင် ပိုမိုပြီး အမှန်တရားနဲ့ နီးစပ်ပါလိမ့်မယ်”လို့ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားပေါင်း ၈၃ ကားကို ပထမအဆင့် စစ်ဆေးမှုတွေစတင် လုပ်ဆောင်နေပြီး  မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ ၁၁(သို့) ၁၃ ဆုချီးမြှင့် သွားမယ်လို့သိရပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ဝေဖန်မှုတွေ မများအောင်”အတက်နိုင်ဆုံး လုပ်ဆောင်ထားပေမယ့် ဝေဖန်မှုဆိုတာ လူတိုင်းရှိမှာပါ၊ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ မှ မဟုတ်ပါဘူး၊ ကျန်တဲ့…

Read More

ရိုးရာအ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ သဘင်ပညာရှင်များအသင်း ဥက္ကဌ ဖိုးချစ် ပြော

  ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာနိုင်ငံသဘင်ပညာရှင်များအသင်း ဥက္ကဌ အဖြစ်ထမ်းဆောင်နေတဲ့ မင်းသား ဖိုးချစ်ကတော့ ” ရိုးရာ အ၀တ်အစားတွေ ထိန်းသိမ်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်လို့ ဆိုပါတယ်။ ”ကျွန်တော်အနေနဲ့ ပွဲသုံးပွဲကပြပြီးရင်တော့ အလုပ်ရုံဆွေးနွေးမှာပါ၊ ပုဂံခေတ်က အဝတ်အစားတွေမှာ နံရံဆေးရေးပန်းချီတွေရှိတယ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှာလည်း ဒီလိုအဝတ်အစားတွေ ရှိပါတယ်၊ ပြည်သူတွေ ကြားထဲပြန့်နှံဖို့က ဝန်ကြီး ဌာနမှာ သိမ်းထားရုံနဲ့မဖြစ်နိုင်ပါဘူး၊ တချို့အနုပညာပစ္စည်းတွေက မတို့မထိရတာရှိသလို တချို့က တို့ထိပြီးပြောင်းလဲရမှာရှိတယ်”လို့ဆိုပါတယ်။ လက်ရှိမှာ ထာဝရဝိန့်စိန်အတူ ပူးပေါင်းပြီးတော့ ပညာရေးအတွက်လိုအပ်သည့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်မယ်လို့ သိရပါတယ်။ ” ပုဂံခေတ်က အဝတ်အစားတွေကို မီငြမ်းပြီးပြည်သူ လူထုကို ကျယ်ကျယ်ပြန့်ပြန့် ချပြဖို့အချိန် တန်ပြီလို့ ထင်ပါတယ်၊ ကျွန်တော်တို့ ဇာတ်သဘင်လောက အရင်စပါမယ်၊ ဘောကြယ်ထိုးတဲ့ အဝတ်အစားတွေကို အရင် ပြောင်းလဲမယ်၊ ပညာရှင်တွေ အတည်ပြု ဆွေးနွေးပြီးပြောင်းလဲမှာပါ၊…

Read More

၂၀၂၀ မှာချစ်သူနဲ့ မင်္ဂလာဆောင်မယ့် ညီညီမောင်စမ်းချောင်း

ရန်ကုန် ဇန်နဝါရီ ၉- ၂၀၁၉ သင်းသဒ္ဒါ(VOM) မိတ်ကပ်အလှဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ညီညီမောင်စမ်းချောင်းကတော့ သူ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကြီးကိုတော့ ၂၀၂၀ မှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ”၂၀၂၀ တကယ်ပါ၊တကယ်လည်း လက်မှတ်ထိုး ယူမှာပါ၊ခုလောလောဆယ်တော့ မသေချာသေးဘူးဆိုတာ မချပြချင်သေးလို့ပါ၊တည်မြဲခိုင်ခံတဲ့ Relationship တစ်ခုဖြစ် မင်္ဂလာပွဲကိုတော့ ၂၀၂၀မှာ ကျင်းပမှာပါ၊LGBT တစ်ယောက်အနေနဲ့ လူသားထဲကလူသားဆန်တဲ့ ပွဲလေးတစ်ခုကို အဲကြရင် ထုတ်ပြမှာပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်မိဘအသိပေးပွဲလေးတော့ လုပ်ပြီးပြီးလို့ သိရပါတယ်။ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အကယ်ဒမီ မြင့်မြတ် ၊အကယ်ဒမီ မင်းမော်ကွန်း တို့နဲ့အတူ ရိုက်ကူးနေလျှက်ရှိပါတယ်။၂၀၂၀ မှာ ဧည့်ခံပွဲတွေ Dinner ပွဲတွေ လူသားတိုင်းလုပ်တဲ့ ပွဲတွေလည်းလုပ်သွားမယ်လို့သိရပါတယ်။ ” Relationship တစ်ခုကတော့ ချစ်နေဖို့အဓိကပါ၊ ချစ်နေရင် ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်ကြည့်ကောင်းတာပါပဲ၊ မချစ်တော့ရင်တော့  ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်အပြစ်ဖြစ်လာတယ်၊ အချစ်ပဲလိုပါတယ်၊ မိန်းမလျာမှမဟုတ်ပါဘူး၊ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မချစ်တော့ရင်…

Read More

အမေရိကန်နိုင်ငံရဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု ရှစ်နှစ်အတွင်း အမြင့်မားဆုံးဖြစ်နေ

ဝါရှင်တန်၊ ဇန်နဝါရီ ၉-၂၀၁၉ မျိုးဆက်(VOM) အမေရိကန်နိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ လွန်ခဲ့တဲ့သုံးနှစ်က ကျဆင်းခဲ့ပြီးနောက် ၂၀၁၈ခုနှစ်အတွင်းမှာ ၃ဒသမ၄ရာခိုင်နှုန်းထိအောင် မြင့်တက်လာတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ စီးပွားရေးဆိုင်ရာ သုတေသနကုမ္ပဏီ Rhodium Group ရဲ့ ထုတ်ပြန်ချက်အရ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတာဟာ ရှစ်နှစ်အတွင်းအမြင့်ဆုံး ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသနအချက်အလက်တွေမှာ ဖော်ပြထားချက်အရ အမေရိကန်ဟာ  ပါရီရာသီဥတုသဘောတူညီချက်အရ ၂၀၂၅ခုနှစ်အရောက်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချဖို့ ထားရှိတဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်နိုင်ဖွယ်မရှိတာကိုပြသနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာ ၎င်းရဲ့ အစိုးရအဖွဲ့က လက်ရှိသဘာဝပတ်ဝန်းကျင်ကာကွယ်ရေး လုပ်ငန်းစဉ်အများစုကို အဆုံးသတ်လိုက်ပြီး ၂၀၂၀ပြည့်နှစ်မှာတော့  အမေရိကန်ဟာ ပါရီသဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ စီစဉ်နေပါတယ်။ Rhodium ကဒီလိုအစီရင်ခံစာ ထုတ်ပြန်ထားချိန်မှာ  အခြားသောသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာကာဗွန်စီမံကိန်းအဖွဲ့ကလည်း ၂၀၁၈ခုနှစ်အတွင် အမေရိကန်ရဲ့ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ အလားတူတိုးမြင့်လာတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ #voiceofmyanmar#အမေရိကန်နိုင်ငံရဲ့#ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုရှစ်နှစ်အတွင်းအမြင့်မားဆုံးဖြစ်နေ# Ref: BBC…

Read More
VOM News

FREE
VIEW