ကချင်ပြည်နယ်အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၂၁၃ ခု မှာ ကျပ်သန်း ၄သောင်းကျော်ဖိုးပမာဏရှိနေကြောင်း စာရင်းစစ်ချုပ်တွေ့ရှိ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉

မရမ်ဂျာထွယ်အောင် (VOM)

သတ်မှတ်ထားတဲ့အချက်​ ၃ ချက်​နဲ့ မညီတဲ့ ကိစ္စ​တွေကို မစစ်​​ဆေးနိုင်​ခဲ့တာ ၂၁၃ ခုရှိပြီး တန်​ဖိုးအားဖြင့်​ ကျပ်​သန်း ၄သောင်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ကပြောပါတယ်။

တည်​​ဆောက်​​ရေး လုပ်​ငန်း​တွေကို စစ်​​ဆေးတဲ့အခါမှာ  သက်​ဆိုင်​ရာတည်​​/​ကော်​ရဲ့ စီစစ်​အတည်​ပြုချက်​ ရထားပြီး လုပ်​ငန်း​တွေဖြစ်​ရမယ်​။ ရာနှုန်းပြည့်​ပြီး​နေရမယ်​ ။  စာချုပ်​ထဲမှာပါတဲ့ ၂ ဦး နှစ်​ဖက်​ တရားဝင်​လွှဲ​ပြောင်းအပ်​နှံထားမှုဖြစ်​ရမယ်​ ။ အဲ့ဒီလို့ပြည့်​အဝ လုပ်​ထားတဲ့ လုပ်​ငန်း​တွေကိုပဲ စာရင်းစစ်​ရုံးက စစ်​ခွင့်​ရှိတယ်လို့ပြောပါတယ် ဒါကြောင့်စာရင်းစစ်ရုံးကအစီရင်ခံစာကို ဇန်နဝါရီလ၂၁ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌကိုလိပ်မူပေးပို့ခဲ့တာပါ။

“အဲ့ဒီပိုပြီးနောက်ပိုင်းအပြောင်းအလဲတွေရှိသွားတယ် ဆလိုက်ရှိုးတွေကိုရှင်းပြတဲ့ခါမှာ ဘယ်လောက်ဘယ်လောက်တော့လျော့သွားပြီးဆိုပြီးတော့ပြောပါတယ်။  ၂၁၃ခုမှာဆိုရင်တော်တော်လျော့သွားပါပြီ၊။ဒါပေမဲ့မပြီးပြတ်သေးတာတွေ ကျန်သေးတယ် ။ ဥပမာအားဖြင့် အစိုးရအဖွဲ့ရုံးဘတ်ဂျတ်ကနေလုပ်တဲ့ဟာတွေဟာ ၁၄၂ခုဆိုပေမယ့် အခု၇၀လောက်ဘဲရှိတော့တယ်။ အချက်၃ချက်နဲ့မညီတာဘဲရှိတော့တာ အစီရင်ခံစာတွေကိုအချိန်မှီအောင်ပို့ရတာ စောင့်ဆိုင်းနေလို့မရဘူးလို့” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ဖေဖော်ဝါရီ လ၆ရက်နေ့မှာရှင်းပြခဲ့ပါတယ်။

တနိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဒီကိစ္စအပေါ် နောက်လာမယ့်ဘတ်ဂျက်နှစ်တွေမှာ ဒီလိုမဖြစ်ဖို့လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်​အတွင်း ကချင်​ပြည်​နယ်​မှာ စာရင်းစစ်​ချုပ်​ရုံးက မစစ်​​ဆေးနိုင်​တဲ့ လုပ်​ငန်း ၂၁၃ ခုရှိပြီး ကျပ်​သန်း​ပေါင်း ၄ သောင်း ​ကျော်​တန်​ဖိုးရှိတဲ့လုပ်​ငန်း​တွေက​တော့ ကချင်​ပြည်​နယ်​လွှတ်​​တော်​ရုံးက လုပ်​ငန်း ၉ ခု တန်းဖိုးကျပ်​သန်း ၇၅၈၀၄၇ ၊ ပြည်​နယ်​အစိုးရရုံ့းကလုပ်​ငန်း ၁၄၂ ခု တန်းဖိုးကျပ်​သန်း ၂၀,၂၄၈ ၀၉၉ ၊ ရသုံးမှန်း​ခြေ ​ငွေစာရင်းဦးစီးဌာနက လုပ်​ငန်း ၂ ခု တန်​ဖိုးကျပ်​သန်း ၃၈၂၀၀၊ စီမံကိန်း​ရေးဆွဲ​ရေးဦးစီးဌာန ကလုပ်​ငန်း ၄ ခု တန်​ဖိုးကျပ်​သန်း ၃၃၅၅၀၀ ၊ ပြည်​နယ်​လမ်းဦးစီးဌာနကလုပ်​ငန် ၈ခု တန်းဖိုးကျပ်​သန်း ၂၅၇၂၃၀၀ ၊ လမ်းဦးစီးဌာနအထူးအဖွဲ့ ၂ က လုပ်​ငန်း ၃ ခု တန်​ဖိုးကျပ်​သန်း ၃၂၀၇၆၂ ၊ ဗန်း​မော်​ခရိုင်​လမ်းဦးစီးဌာနက လုပ်​ငန်း ၂ ခု တန်​ဖိုးကျပ်​သန်း ၈၄၇၃၀၀၀ ၊ ပြည်​နယ်​လျှပ်​စစ်​အင်​ဂျင်​နီယာရုံးက လုပ်​ငန်း ၃၅ ခု တန်​ဖိုးကျပ်​သန်း ၆၀၃၁၅၂၄ ၊ ပြည်​နယ်​အ​သေးစားစက်​မှုလုပ်​ငန်းဦးစီးဌာနက လုပ်​ငန်း ၁ ခု တန်​ဖိုးကျပ်​သန်း ၂၆၂၀၀၀ ၊ ​မွေးမြူ​ရေးနှင့်​ ကုသ​ရေးဦးစီးဌာန က လုပ်​ငန်း ၂ ခု တန်​ဖိုးကျပ်​သန်း ၁၆၈၄၆၀ ၊ ပြည်​နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့က လုပ်​ငန်း ၂ ခု တန်းဖိုးကျပ်​သန်း ၆၃၉၀၃၀ ၊ မြစ်​ကြီးနားတက္ကသိုလ်​က လုပ်​ငန်း ၁ ခု တန်​ဖိုးကျပ်​သန်း ၈၅၂၃၀၀. နှင့်​ ကုတင်​ ၅၀၀ ဆံ့ ​ဆေးရုံကြီးက လုပ်​ငန်း ၂ ခု တန်​ဖိုးကျပ်​သန်း ၃၇၂၉၂ တို့ဖြစ်ပါတယ်။

#voiceofmyanmar#ကချင်အစိုးရ#ကချင်ပြည်နယ်စာရင်းစစ်ချုပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW