နျူလက်နက် စွန့်လွှတ်ရေးအတွက် ထရန့်-ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်မှာ ကျင်းပတော့မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၆-၂၀၁၉

မျိုးဆက် (VOM)

နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ကွန်ဂရက်မှာ နိုင်ငံတော်အခြေပြုမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ သမ္မတ ဒေါ်နယ်ထရန့်က အခုလို ကြေညာလိုက်တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမယ့် နေရာအသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပေမယ့် ဟနွိုင်းနဲ့ ဒါနန်းမြို့တွေဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ပေးခဲ့သလို နျူကလီးယားစပ်သပ်မှုတွေ ရပ်ဆိုင်းခဲ့ကြောင်းနဲ့ ၁၅ လတိုင်အောင် ဒုံးပျံပစ်လွှတ်တာတွေ မလုပ်ခဲ့ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပြီး နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ယေဘူယျဆန်တဲ့ သဘောတူညီချက်တွေသာ ရရှိခဲ့ပါတယ်။

ဒုတိယအကြိမ် ထိပ်သီ်းဆွေးနွေးပွဲ ကျင်းပမယ့်ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်ဟာ အမေရိကန်နဲ့ရော မြောက်ကိုရီးယားနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို မြောက်ကိုရီးယားတာဝန်ရှိသူတွေနဲ့  ညှိနှိုင်းဖို့အတွက် အမေရိကန်အထူး ကိုယ်စားလှယ် စတီဖင်ဘီဂန်ဟာ ယနေ့မှာဘဲ မြောက်ကိုရီးယားကို သွားရောက်နေပါတယ်။

Ref : CNA

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW