ကယားပြည်နယ်လွတ်တော်ဟာ ပြည်သူကို ကိုယ်စားမပြုဟု ကရင်နီလူငယ်ထုမှပြော

လွိုင်ကော် ဖေဖေါ်ဝါရီ ၉- ၂၀၁၉

ထူးသာဦး (VOM)

ကယားပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုနှင့်ပတ်သက်ပြီး အချက်သုံးချက်တောင်းဆို သပိတ်ဆင်နွဲနေသည့် ကရင်နီလူငယ်ထု၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ ဝင်များမှ သုံးကြိမ်တိုင်တိုင် အင်အားသုံးဖြိုခွဲခဲ့ပြီး လူငယ် (၅၀) ကျော်ကိုလည်း ငြိမ်းစုစည်ပုဒ်မဖြင့် တရားစွဲဆိုထားပါတယ်။

မနေ့ (၈.၂.၂၀၁၉) တွင် ကရင်နီလူငယ်ထုများမှ ပြည်နယ်လွတ်တော်ဝင်းထဲရှိ ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်နိုင်ဖို့  ပြည်နယ်လွတ်တော်ဥက္ကနှင့်တွေ့ ဆုံပြီး ညှိနှိုင်းမှုဆွေးနွေးမှုများပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း လွတ်တော်ဥက္ကဌမှ တွေ့ဆုံဖို့ ကိုငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

လွတ်တော်ဥက္ကဌအနေဖြင့် ယခုလိုငြင်းပယ်လိုက်ခြင်းမှာ ပြည်သူ့ အသံလွတ်တော်အသံ၊ ပြည်သူ့ ဆန္ဒလွတ်တော်ဆန္ဒ၊ ပြည်သူတို့ ရဲ့ မျှော်လင့်ချက် လွတ်တော်ကဖော်ဆောင်ရွက်ဟူသည့် လွတ်တော် ဆောင်ပုဒ်နှင့် တိုက်ရိုက်ဆန့် ကျင်နေပြီး ၊ အထူးသဖြင့် ပြည်သူကရွေးချယ်တင်မြောက်ထားသည့် ပြည်သူ့ အစိုးရလက်ထက်တွင် ယခုဖြစ်ရပ်မှာအလွန်မှပင် အကျည်းတန်ရုပ်ဆိုးကြောင်း ကရင်နီလူငယ်ထုမှ ဝေဖန်ပြောကြားလိုက်ပါတယ်။

 

လွတ်တော်ရုံးကိုဖွင့်လှစ်လိုက်တာ ရှစ်လ ရှိခဲ့ပေမယ့် ခုချိန်ထိလွတ်တော်ဝင်းတွင်းရှိ ဟစ်တိုင်တွင်လူထုမှ သွားရောက်ဆန္ဒထုတ်ဖော်ခွင့်အတွက် ဥပဒေမထွက်သေးသည်မှာ လွတ်တော်အနေနဲ့  လူထုအသံကိုကိုယ်စားပြုတဲ့လွတ်တော်မဟုတ်တာထင်ရှားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်ထင်အောင်က

“လွတ်တော်ရုံးဖွင့်တာကလဲ ရှစ်လရှိလာပြီဖြစ်တဲ့အချိန်မှာ ဟစ်တိုင်က ဥပဒေမထွက်သေးဘူးဆိုပြီး လူငယ်တွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်ကို မပြုတာကတော့ လွတ်တော်အသံပြည်သူ့ အသံ၊ ပြည်သူ့ ရဲ့ ဆန္ဒကိုဖော်ဆောင်ဖို့ က ဒီကယားပြည်နယ်လွတ်တော်ကြီးက ပြည်သူ့ ရဲ့ ဆန္ဒကိုဖော်ဆောင်ကို နဂိုကတည်းက ဆန္ဒမရှိဘဲ ဟန်ပြအနေနဲ့ ဆောက်ထားတာလို့ ဘဲ ကျနော်တို့ ကရှုမြင်ပါတယ်” လို့ဆိုပါတယ်။

 

လွတ်တော်ဥက္ကဌကိုတွေ့ ဆုံဖို့ သွားရောက်ခဲ့တဲ့လူငယ်တွေအနေနဲ့ လွတ်တော်ဝင်းအတွင်းမှာရှိတဲ့ ဟစ်တိုင်ရင်ပြင်မှာ ဆန္ဒထုတ်ဖော်ဖို့ လွတ်တော်ဥက္ကဌဆီက ခွင့်ပြုချက်သွားရောက်တောင်းတာဖြစ်ပြီး လွတ်တော်ဥက္ကဌမှ လူငယ်များကို တွေ့ ဆုံခွင့်မပေးတာကြောင့် ကယားပြည်နယ်လွတ်တော်ဟာ ချွတ်ချော်နေတဲ့လွတ်တော်ဖြစ်ကြောင်း ဆန္ဒပြလူငယ်နောက်တစ်ဦးဖြစ်တဲ့ ကိုဒီးဒီ (ခ) စစ်မုန်းကဆိုပါတယ်။

 

“အဓိကတော့ လွတ်တော်အသံပြည်သူ့ အသံပြောပြီးမှ ပြည်သူ့ အသံကိုမဖော်ထုတ်ရဲကတည်းက ချွတ်ချော်တဲ့တဲ့လွတ်တော်ဖြစ်နေတာပေါ့နော်၊ ဆိုတော့ ငြိမ်းစုစည်အရဆိုလည်း ဟစ်တိုင်မှာဆန္ဒဖော်ထုတ်ဖို့ လွတ်တော်ဥက္ကဌက ခွင့်ပြုကြောင်းလက်မှတ်ထိုးပေးမယ်ဆို ကျနော်တို့ ကရဲ စခန်းနဲ့ သွားညှိမယ် တကယ်လို့ ရဲစခန်းက ၄၈ နာရီပြည့်မှ ဆန္ဒထုတ်ဖော်ပါဆိုရင်လည်း ကျနော်တို့  ၄၈ နာရီပြည့်တဲ့အထိထိုင်စောင့်မယ်၊ ၄၈ နာရီပြည့်မှဆန္ဒပြမယ်၊ အဲ့လောက်ထိ ကျနော်တို့ ပြောတယ်နော်၊ ဒါပေမဲ့ ဒီလို လူထုကတင်မြောက်ထားပြီး ဒီမိုကရေစီအစိုးရဆိုတဲ့ခေတ်မှာ လွတ်တော်ဥက္ကဌက ကျနော်တို့ ဆန္ဒကို ဥပေက္ခာပြုပြီးတော့ သူ့ သမိုင်းသူရေးတာဘဲ၊ အဲ့လိုမဖြစ်သင့်ဘူးပေါ့ “ လို့ပြောပါတယ်။

 

ကရင်နီလူငယ်ထုများ ကန့် ကွက်နေသည့်ကြားမှ လွိုင်ကော်မြို့ ရှိကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ထုကို  ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့်လ ၃၁ ရက်နေ့ တွင်စိုက်ထူလိုက်ခြင်းဖြစ်သည်။

ကြေးရုပ်ထုစိုက်ထူတာနှင့်ပတ်သက်ပြီး ကရင်နီလူငယ်ထုမှ အချက်သုံးချက်တောင်းဆိုထားပြီး ကြေးရုပ်ထုကိုဖျက်သိမ်းပေးရေး၊ ပြည်နယ်အစိုးရအနေဖြင့် ကြေးရုပ်ထုကိုမဖြစ်မနေထားရှိမည်ဆိုပါက ပြည်နယ်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ ၊ NLD နှင့်ပရဟိတအသင်းများက ကြေးရုပ်ထုကိုထားချင်သည်ဆိုက အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင်မထားတဲ့ NLD၊ ပရဟိတအသင်းများသည့်သက်ဆိုင်သည့်နေရာတွင်ထားရှိဖို့  စတဲ့ အချက်တွေတောင်းဆိုခဲ့ပါတယ်။

 

ကရင်နီလူငယ်ထုအနေဖြင့် ပြည်နယ်အစိုးရ၊ လွတ်တော်များနှင့် တွေ့ ဆုံညှိနှိုင်းဖို့ ကြိုးပမ်းရာတွင် အောင်မြင်မှုမရှိဘဲ သပိတ်စခန်းစတင်ဖွင့်သည့်နေ့ မှ ၈ ရက်အတွင်း သပိတ်စခန်း သုံးကြိမ်ဖြိုခွဲခံရပြီး၊ လူငယ် ၅၀ ကျော်မှာ ငြိမ်းစုသည်ပုဒ်မဖြင့်တရားစွဲဆိုခံထားရကြောင်းသိရပါတယ်။

#voiceofmyanmar#လွိုင်ကော်#ကယား

Related posts

Leave a Comment

VOM News

FREE
VIEW