ကရင်နီလူငယ်များ ပြည်သူ့ဟစ်တိုင်တွင် သပိတ်ဆက်လက်ဆင်နွဲမည်

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၁၀-၂၀၁၉

ထူးသာဦး(VOM)

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမယ့်ကိစ္စနဲ့ပတ်သက်ပြီး တောင်းဆိုချက်တွေရတဲ့အချိန်ထိ ပြည်သူ့ ဟစ်တိုင်မှာ ထိုင်သပိတ်ဆက်လက်ဆင်နွဲသွားမှာဖြစ်တယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

သပိတ်ကိုဆက်လက်ဆင်နွဲဖို့  ကရင်နီလူငယ်တွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၈ရက်နေ့က လွတ်တော်ဝင်းထဲထိ သွားရောက်တောင်းဆိုခဲ့မှုကို လွတ်တော်ဥက္ကဌက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သော်လည်း မနေ့က လွတ်တော်ဥက္ကဌ နဲ့ လူယ်တွေထက်မံတွေ့ဆုံခဲ့ချိန်မှာ တောင်းဆိုချက်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

“ ဒေသန္တာရဥပဒေအရတော့ ဆန္ဒမပြရလမ်းကြောင်းတွေက ပြည်သူ့ ဟစ်တိုင်ကိုသွားတဲ့ လမ်းကြောင်းထဲပါနေတာပေါ့၊ ဆိုတော့ ကျနော်တို့ က ချီတက်ဆန္ဒပြတဲ့ပုံစံနဲ့ သွားမှာမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟစ်တိုင်မှာ လူစုပြီး သပိတ်ကိုဆက်လုပ်မှာပေါ့နော်” လို့ သပိတ်ဦးဆောင်သူ ကိုဒီးဒီ (ခ) စစ်မုန်း က ပြောပါတယ်။

ကယားပြည်နယ် ပြည်သူ့ ဟစ်တိုင်အတွက် ယခုချိန်ထိပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေမရှိသော်လည်း ပြည်နယ်အစိုးရကထုတ်ပြန်သည့် ဒေသန္တာရဥပဒေမှာတော့ ဆန္ဒမပြရလမ်းကြောင်းတွေဟာ ပြည်သူ့ ဟစ်တိုင်သွားရာလမ်းကြောင်း ပါဝင်နေတာဖြစ်ပါတယ်။

ပြည်သူ့ ဟစ်တိုင်မှာ သပိတ်ဆက်လက်ဆင်နွဲဖို့  လူငယ်များအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများဖြစ်တဲ့ မြို့ နယ်ထွေအုပ်၊ ခရိုင်ထွေအုပ်၊ ခရိုင်ရမှူးတို့ကို ယနေ့ သွားရောက်ညှိနှိုင်းရာမှာ အဆင်ပြေသွားပြီဖြစ်ပြီး မနက်ဖန် (၁၁.၂.၂၀၁၉) ညနေမှာတော့ သပိတ်ကိုပြန်လည်စတင်မှာဖြစ်ပါတယ်။

“ သပိတ်ဆက်လုပ်ဖို့ တော့သဘောတူညီချက်ရတယ်၊ ဒါပေမဲ့ (၁၂)ရက်နေ့ က နေ့ ထူးနေ့ မြတ်ဖြစ်တယ်ဆိုတော့ ရှောင်ပေးဖို့ အဲ့ဒါကျနော်တို့ သဘောတူတယ်၊ ပြီးတော့ ဝန်ကြီးချုပ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကိုဖြုတ်ချဖို့ဆိုတာကို သူတို့ကမထည့်စေချင်ဘူး၊ အဲ့ဒါလဲကျနော်တို့ လက်ခံပေးလိုက်တယ်၊ နောက်လူဦးရေပေါ့နော်၊ လူဦးရေက တအားများတာမျိုးသူတို့ဘက်က မဖြစ်စေချင်တဲ့သဘောရှိတော့ လူဦးရေ (၅၀၀) နဲ့ လက်ခံလိုက်ရတယ်” လို့ သပိတ်ဦးဆောင်သူ ကိုဒီးဒီ (ခ) စစ်မုန်း က ပြောပါတယ်။

 

ကြေးရုပ်ထုစိုက်ထူတာနှင့်ပတ်သက်ပြီး ကရင်နီလူငယ်ထုက အချက်သုံးချက်တောင်းဆိုထားပြီး ကြေးရုပ်ထုကိုဖျက်သိမ်းပေးရေး၊ ပြည်နယ်အစိုးရအနေဖြင့် ကြေးရုပ်ထုကိုမဖြစ်မနေထားရှိမည်ဆိုပါက ပြည်နယ်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ ၊ NLD နှင့်ပရဟိတအသင်းများက ကြေးရုပ်ထုကိုထားချင်သည်ဆိုက အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင်မထားတဲ့ NLD၊ ပရဟိတအသင်းများသည့်သက်ဆိုင်သည့်နေရာတွင်ထားရှိဖို့  စသည့်အချက်များဖြစ်သည်။

လူငယ်ထုများအနေနဲ့ တောင်းဆိုချက်တွေ ပြေလည်မှုရရှိတဲ့အချိန်အထိ သပိတ်ဆင်နွဲသွားမှာလို့ ပြောဆိုထားပြီး ဆန္ဒပြသပိတ်ဆင်နွဲခဲ့မှုများကြောင့် လူငယ် ၅၀ ကျော်မှာ ငြိမ်းစုစီပုဒ်မနဲ့တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

#voiceofmyanmar#လွိုင်ကော်#ကရင်နီလူငယ်များပြည်သူ့ ဟစ်တိုင်တွင်သပိတ်ဆက်လက်ဆင်နွဲမည်#

 

Related posts

Leave a Comment

VOM News

FREE
VIEW