ချစ်သူများနေ့မှာ ဂျပန်နိုင်ငံက လိင်တူစုံတွဲတွေက အစိုးရကို တရားစွဲ

တိုကျို ၊ ဖေဖော်ဝါရီ-၁၄

မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ လိင်တူစုံတွဲ ၁၃ တွဲက ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ဂျပန်အစိုးရကို တရားစွဲလိုက်ပြီး လိင်တူလက်ထပ်ခွင့်ကို တောင်းဆိုလိုက်ပါတယ်။

လိင်တူခြင်း ချစ်မြတ်နိုးမှု သင်္ကေတတွေ ပျက်ဆီးနစ်နာမှုတွှေအတွက် ဂျပန်အစိုးရကို တရားစွဲဆိုလိုက်တာဖြစ်ပြီး ၎င်းတို့ရဲ့ လက်ထပ်ထိမ်းမြားတာကို တားမြစ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ လိင်တူချစ်စုံတွဲတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ လိင်တူချင်းလက်ထပ်တာကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ ယခုကိစ္စကို ထောက်ခံသူအလွန်များပြားတယ်လို့ ဆိုပါတယ်။

အစိုးရကို တရားစွဲလိုက်တဲ့ လိင်တူချစ်သူ စုံတွဲ ၁၃ တွဲဟာ ဂျပန်နိုင်ငံဒေသအသီးသီးက မြို့တွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ချစ်သူများနေ့မှာ အားလုံးက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ဂျပန်လူမှုအသိုင်းအ၀ိုင်းဟာ အလွန်ရှေးရိုးစွဲဆန်တဲ့ သဘာဝရှိတယ်လို့ တရားစွဲဆိုသူတစ်ဦးဖြစ်တဲ့ မီးစ်နာကာဂျီမာ ကပြောပါတယ်။

ဂျပန်နိုင်ငံဟာ ရိုးရာအစဉ်အလာအလွန်ကြီးတဲ့ နိုင်ငံဖြစ်ပေမယ့် ဂျပန်လူငယ်အများစုဟာ လိင်တူချင်းလက်ထပ်တာကို ထောက်ခံကြတယ်လို့ စစ်တမ်းတစ်ရပ်က ဆိုပါတယ်။ ၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံရဲ့  အချို့မြို့တွေမှာ လိင်တူစုံတွဲတွေအတွက် လက်ထပ်စာချုပ်တွေ လုပ်ပေးခဲ့ပေမယ့် ဒါဟာ တရားဝင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

Ref : BBC

Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW