၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး နတ်တလင်းဒေသခံများ ထောက်ခံ

နတ်တလင်း – ဖေဖော်ဝါရီလ ၁၆၊ ၂၀၁၉

လမင်း (ပြည်)

 

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နတ်တလင်းဒေသခံများစုပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံကြိုဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။

 

” ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူက အဓိကပါရမယ် ၂၀၀၈ မှာ နာဂစ်ဖြစ်ပြီး လူတွေ သိန်းနဲ့သောင်းနဲ့ချီသေတယ်။ သေတဲ့ကြားထဲကမှ ဒီဥပဒေကို အတည်ပြုတယ် ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့ အဟန့်အတားဖြစ်နေတဲ့ ဒီဥပဒေကိုပြင်ဖို့ အားလုံးဝိုင်းဝန်းပြီးတော့ တတပ်တအား ပါဝင်ကြပါလို့ဟြေချင်တယ် “လို့ နတ်တလင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်က ပြောပါတယ်။

 

ထိုထောက်ခံကြိုဆိုပွဲတွင် နတ်တလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အနှေးယာဉ်လုပ်သားများနဲ့ ပြည်သူလူထု ၂၀၀ ကျော်ပါဝင်ခဲ့ကြပါတယ်။

 

ဒါ့အပြင်၊ ” ဒီမိုကရေစီစံနှုန်းနှင့်မညီသော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ပြည်သူတရပ်လုံးမှ လက်ခံကြိုဆိုပါသည်” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုလည်း နတ်တလင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့နဲ့ ဗိုလ်ချုပ်ကျောက်တိုင်ရှေ့မှာ စိုက်ထူခဲ့ကြပါတယ်။

 

“လက်ရှိအခြေအနေကို ပြည်သူအားလုံး သိတဲ့အတိုင်းဘဲ ပြည်သူတွေဆင်းရဲနေတယ် ၊ ပြည်တွေကြောက်လန့်နေတယ် ဒီကျီးလန့်စာစားပုံစံမျိုးတွေနဲ့ ဒီ ဖွဲ့စည်းပုံအောက်မှာ နေနေခဲ့ရတယ် ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ မညီလို့ ဒီမိုကရေစီကျကျ ပြုပြင်ဖို့အတွက် ပြည်သူအားလုံးက ဆန္ဒရှိကြပါတယ် “လို့ ဟိတကာရီငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW