ရသေ့တောင်မှာ ဒီကနေ့ဖြစ်တဲ့ တိုက်ပွဲကြောင့် မင်းဖူးကျေးရွာက မိန်းကလေးတစ်ဦးသေဆုံး

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ မင်းဖူးကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးမကြာမှီ ၁၁ နာရီကျော်လောက်မှာ မင်းဖူးကျေးရွာအတွင်း သွားလာနေတဲ့ အသက် ၁၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   “မနက်ကတိုက်ပွဲဖြစ်တယ်။ ပြီးတော့စစ်တပ်ကရွာသားတွေကို ခေါ်ပြီးတော့စစ်ဆေးတယ်။ ၁၁ နာရီလောက်မှာ ရွာကမိန်းကလေးတစ်ယောက်က အိမ်ကနေပြီးတော့ ရွာထဲမှာ ထမင်းစားဖို့သွားတယ်လို့ပြောတယ်။ အဲဒီမှာသူက ပြေးပြီးတော့သွားတဲ့အချိန်မှာ ကျည်ထိတာပါ။ ပါးပြင်က၀င်ပြီးတော့ ဦးခေါင်းကဖောက်သွားတယ်လို့သိရတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။   သေဆုံးသွားတဲ့မိန်းကလေးမှာ မင်းဖူးကျေးရွာနေ ဦးမောင်ထွန်းလှရဲ့သမီး မရီရီစိုး အသက် ၁၉ နှစ်ဖြစ်ပြီး တိုက်ပွဲပြီးဆုံးသွားချိန်မှာ အခုလိုဖြစ်တာလို့ ကျေးရွာသားတွေကပြောပါတယ်။   “တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ ရွာသားတွေကစာသင်ကျောင်းမှာ စုနေကြတယ်။ မကြာခင်မှာပဲ တပ်ကရောက်လာတယ်။…

Read More

မြန်မာပြည်ကိုလာရင် ကုန်ကျစရိတ်များလို့ ဖြေလျှော့ပေးဖို့ ကိုရီးယားတောင်းဆို

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၀-၂၀၁၉ TGH(VOM)   မြန်မာပြည်ကို လာရောက်တဲ့အခါ ကုန်ကျစရိတ်ပိုင်းဆိုင်ရာ အလွန်များပြားတာကြောင့် ဈေးနူန်းဖြေလျှော့ပေးဖို့ ကိုရီးယားဘက်ကနေ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံ တောင်းဆိုထားတယ်လို့သိရပါတယ်။   လက်ရှိမြန်မာနိုင်ငံမှာက ဟိုတယ်စရိတ်ကြီးမြင့်ခြင်း၊ လေကြောင်းလိုင်းနူန်း၊ ပြည်တွင်းလည်ပတ်တဲ့အခါမှာလည်း ထပ်ဆင့်ကုန်ကျရတဲ့ နူန်းထားစရိတ်တွေရှိနေတာကြောင့် လာရောက်လည်ပတ်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေထက်  အလွန်များပြားနေတဲ့အပေါ်  ပြန်လည်ပြင်ဆင်ပေးစေလိုတယ်လို့  JBJ Ententainment ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mrs Jeong BunJa က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Koera day အခမ်းအနားသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။   “မြန်မာပြည်ကို လာတဲ့စရိတ်စကက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိတဲ့နိုင်ငံတွေကို သွားရောက်လည်ပတ်လို့ရတယ်။ လေယာဉ်ခလည်း ဈေးကြီးတဲ့အပြင် အစားအသောက်စရိတ်၊ တည်းခိုစရိတ် အစစအရာရာဈေးကြီးပါတယ်။ ပြည်တွင်းကလူတွေနဲ့ တပြေးညီလေး ထားပေးဖို့ ပြောချင်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်အားဖြင့် ခရီးသွားကဏ္ဍကို…

Read More

တရုတ်နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်မယ်လို့ အတိုက်အခံပါတီရဲ့မှတ်ချက်အပေါ် ထိုင်ဝမ်သမ္မတတုံ့ပြန်

ထိုင်ဝမ်၊ ဖေဖော်ဝါရီ-၂၀-၂၀၁၉ မျိုးဆက် (VOM) လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ထိုင်ဝမ်အတိုက်အခံပါတီက ပြောကြားပြီးနောက် နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီ ထိခိုက်ပျက်စီးမယ့် ဘယ်လိုသဘောတူညီချက်ကိုမှ ထိုင်ဝမ်က လက်ခံမှာမဟုတ်ဘူးလို့ သမ္မတ ဆိုင်အင်းဝမ်က ဖေဖော်ဝါရီ ၂၀ ရက်က ပြောပါတယ်။   ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံက အခို်င်အမာပြောဆိုပြီး ၎င်းရဲ့ အုပ်ချုပ်မှုအောက် ပြန်ရောက်ဖို့အတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။   အကြိတ်အနယ်ရှိလာမယ့် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ တရုတ်အာဏာရပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ကူမင်တန်ပါတီရဲ့ ဥက္ကဌ ၀ူဒန်ရိက လွန်ခဲ့တဲ့ အပတ်က ပြောကြားခဲ့တဲ့ အပေါ် သမ္မတ ဆိုင်အင်းဝမ်က တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။…

Read More

ပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းမည်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ မောင်တာရာ (VOM) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးတွေရဲ့ နာယက  ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့  ကျန်းမာရေးအခြေအနေကြောင့်  တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။   ပါမောက္ခချုပ်ဆရာတော်ဘုရားသည် စင်္ကာပူနိုင်ငံမှာ Medical Checkup ပြုလုပ်ခဲ့ရာ အချိန်ကာလ သုံးလအတွင်း အသည်းထဲရှိ အကျိတ်မှာ ၁ ဒသမ ၄၃ စင်တီမီတာ ကနေ ၂ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာပြီး အဲဒီ အကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်နဲ့ ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာတွေ ထံက သိရပါတယ်။   ”ကျန်းမာရေးအခြေအနေကြောင့် ဆရာတော်ကြီးရဲ့ တရားပွဲတွေ ခေတ္တရပ်နားထားတာပါ ။ ဘယ်တော့ ပြန်လည်…

Read More

AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့အဆို လွှတ်တော်မှာရှုံးနိမ့်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တပ်ဖွဲ့ဖြစ်တဲ့ ARSA နဲ့ပူးပေါင်းပြီးတော့ တပ်မတော်ကို တိုက်ခိုက်နေတယ်လို့ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်ဘက်ကတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအဆိုကို လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်ထားရှိဖို့ လွှတ်တော်ဥက္ကဌက ပြောကြားလိုက်ပါတယ်။ “ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားအောင် AA လက်နက်ကိုင်တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းပြီ တော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဘူးသီးတောင်၊မောင်တောနယ်မြေတွေမှာလည်း ARSA အကြမ်းဖက်တွေနဲ့ ၎င်းတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ တပ်မတော်အပေါ်တိုက်ခိုက်နိုင်ရန် ညှိနှိုင်းလှုပ်ရှားလျက်ရှိပါတယ်။”လို့ အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုမှသဘောမထားကြောင်းနဲ့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသူက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ “ဒီအဆိုက ပြည်ထောင်စုအစိုးရနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကန့်ကွက်ခဲ့ရတာဖြစ်ပါတယ်။…

Read More

အကယ်ဒမီဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကားစာရင်းထွက်ပေါ်

ရန်ကုန် ဖေဖော်ဝါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM)   ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကား စာရင်းထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုကနေ   ဒုတိယအဆင့် ကြည့်ရှုမယ့် ဇာတ်ကား ၂၅ ကားစာရင်းကတော့  ”မိုးပန်းပွင့်ရဲ့ သင်္ကေတ” ၊”ကာဗွန်ဒိုင်အောက်ဆိုဒ်” ၊”ဝိဥာဉ်စိမ်း” ၊”ဒုဠဝတီကိုလွန်၍” ၊”ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ၊”ငယ်ကျွန်” ၊”ဥပါဒါန်” ၊”မုန်းစွဲ” ၊”ရွှေကြာ ”၊”သမ္မတကြီးထံပေးစာ” ၊”ပြည်ထောင်စုသစ္စာ” ၊”ဇာတိမြေ”၊”မှော်ဝင်သမန်းကျား” ၊ ”လရောင်ဖြာတဲ့ အင်းလေးမှာ” ၊”ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ၊ ”ကြက်ဂူ” ၊”နောင်တွင်ဥဒါန်းတွင်စေသတည်း ”၊”ငဒူ” ၊”မျက်နှာပြင်များ” ၊”မီ ” ၊”တိမ်တိုက်တံတား” ၊”ရန်သူ”၊ ”သတို့သမီး” နဲ့ ”ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားတွေကို စတင်ကြည်ရှု့ အကဲဖြတ်နေလျက်ရှိတယ်လို့ သိရပါတယ်။ ”ပထမအပတ်ကတော့ ၈၃…

Read More

ချင်းပြည်နယ် လွှတ်တော်ရုံး အဆောက်အဦး ဖွင့်လှစ်

ဟားခါး ဖေဖော်ဝါရီ ၂၀ မိုင်ချယ်ရီ(VOM)   ၂၀၁၇ ခုနှစ် မှ စတင် တည်ဆောက်ခဲ့တဲ့ ချင်းပြည်နယ် လွှတ်တော်ရုံး ကို ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ အ​ဆောက်​အဦး ဖွင့်လှစ်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။   ဒီနေ့မှာတော့ လွှတ်တော်ရုံး  အဆောက်အဦး နဲ့ လွှတ်တော်ရိပ်သာ ကို တပြိုင်နက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။   “အရင်ကလွှတ်တော် အဆောက်အဦးသီးသန့် မရှိတော့ မီဒီယာ ကောင်တာ မရှိဘူး။ ပြည်ထောင်စု လွှတ်တော်လို ရုပ်မြင်သံကြား နဲ့ ကြည့်ရမယ့် ကောင်တာလဲ မရှိဘူး။ လွှတ်တော်အဆောက်အဦးမှာ မီဒီယာ ကောင်တာလဲ ရမယ် ဆိုတော့ သတင်းရယူတဲ့ နေရာမှာ ပိုပြီးအဆင်ပြေလာမယ်လို့တော့ မျှော်လင့်တာပဲ”လို့ ဟားခါးပို့စ် တာဝန်ခံအယ်ဒီတာ ကိုထောင်ထောင်း…

Read More

ရိုဟင်ဂျာအရေး မြန်မာတာဝန်ရှိသူတွေကို အိုင်စီစီတင်ဖို့ မလေးရှားတိုက်တွန်း

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂၀-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ကိုင်တွယ်မှုတွေအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)သို့ ချက်ချင်းတင်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းပြောဆိုလိုက်ပါတယ်။   ဒီကိစ္စဟာ အချိန်အနည်းငယ်ကြာနိုင်ပေမယ့် ဖိနှပ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေဖြစ်သွားမှာကြောင့် မလေးရှားအစိုးရဟာ အဆိုပါပြသနာကို အလေးအနက်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆိုင်ဖူဒင် အဗ္ဗဒူလာ က ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။   အဓိကပြသနာမှာ ရိုဟင်ဂျာတွေကို ၎င်းတို့နေထိုင်ရာနိုင်ငံကနေ နှင်ထုတ်လိုက်တာကြောင့်ဖြစ်တယ်လို့  ၎င်းကပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခြင်းက ပြသနာရဲ့ အဓိကရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့အလွန်အရေးပါတာကြောင့် အိုင်စီစီကို တင်ရမယ်လို့ ဆိုပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ လွန်ခဲ့တဲ့လက ကုလသမဂ္ဂမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာအရ…

Read More
VOM News

FREE
VIEW