AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့အဆို လွှတ်တော်မှာရှုံးနိမ့်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တပ်ဖွဲ့ဖြစ်တဲ့ ARSA နဲ့ပူးပေါင်းပြီးတော့ တပ်မတော်ကို တိုက်ခိုက်နေတယ်လို့ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်ဘက်ကတင်သွင်းခဲ့ပါတယ်။

အဲ့ဒီအဆိုကို လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်ထားရှိဖို့ လွှတ်တော်ဥက္ကဌက ပြောကြားလိုက်ပါတယ်။

“ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားအောင် AA လက်နက်ကိုင်တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းပြီ တော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဘူးသီးတောင်၊မောင်တောနယ်မြေတွေမှာလည်း ARSA အကြမ်းဖက်တွေနဲ့ ၎င်းတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ တပ်မတော်အပေါ်တိုက်ခိုက်နိုင်ရန် ညှိနှိုင်းလှုပ်ရှားလျက်ရှိပါတယ်။”လို့ အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုမှသဘောမထားကြောင်းနဲ့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသူက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

“ဒီအဆိုက ပြည်ထောင်စုအစိုးရနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကန့်ကွက်ခဲ့ရတာဖြစ်ပါတယ်။ တကယ်လို့ စစ်ပွဲတွေကိုရပ်စဲဖို့အတွက်ဆိုရင် AA ကိုလည်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ရေးအတွက် တခြားလက်နက်ကိုင်အဖွဲ့တွေကို NCA ထဲမှာ ထည့်သွင်းဖို့လိုအပ်ပါတယ်။”

 

လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်ဘကတော့ AA တပ်ဖွဲ့ဟာ အများပြည်သူအသုံးပြုနေတဲ့ အဝေးပြေးလမ်းမတွေမှာ မိုင်းထောင်ဖောက်ခွဲမှုတွေပြုလုပ်နေတာဟာ ပြည်သူတွေထိခိုက်နစ်နာမှုတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိတဲ့အတွက် အခုလိုဆောင်ရွက်နေတာဖြစ်တယ်လို့  တပ်မတော်ဘက်က ပြောကြားခဲ့ပါတယ်။

 

#AA#voiceofmyanmar #ရခိုင်ပြည်နယ်လွှတ်တော်#ARSA

Related posts

Leave a Comment

VOM News

FREE
VIEW