မြန်မာပြည်ကိုလာရင် ကုန်ကျစရိတ်များလို့ ဖြေလျှော့ပေးဖို့ ကိုရီးယားတောင်းဆို

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၀-၂၀၁၉

TGH(VOM)

 

မြန်မာပြည်ကို လာရောက်တဲ့အခါ ကုန်ကျစရိတ်ပိုင်းဆိုင်ရာ အလွန်များပြားတာကြောင့် ဈေးနူန်းဖြေလျှော့ပေးဖို့ ကိုရီးယားဘက်ကနေ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံ တောင်းဆိုထားတယ်လို့သိရပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာက ဟိုတယ်စရိတ်ကြီးမြင့်ခြင်း၊ လေကြောင်းလိုင်းနူန်း၊ ပြည်တွင်းလည်ပတ်တဲ့အခါမှာလည်း ထပ်ဆင့်ကုန်ကျရတဲ့ နူန်းထားစရိတ်တွေရှိနေတာကြောင့် လာရောက်လည်ပတ်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေထက်  အလွန်များပြားနေတဲ့အပေါ်  ပြန်လည်ပြင်ဆင်ပေးစေလိုတယ်လို့  JBJ Ententainment ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mrs Jeong BunJa က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Koera day အခမ်းအနားသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

 

“မြန်မာပြည်ကို လာတဲ့စရိတ်စကက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိတဲ့နိုင်ငံတွေကို သွားရောက်လည်ပတ်လို့ရတယ်။ လေယာဉ်ခလည်း ဈေးကြီးတဲ့အပြင် အစားအသောက်စရိတ်၊ တည်းခိုစရိတ် အစစအရာရာဈေးကြီးပါတယ်။ ပြည်တွင်းကလူတွေနဲ့ တပြေးညီလေး ထားပေးဖို့ ပြောချင်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်အားဖြင့် ခရီးသွားကဏ္ဍကို ထိရောက်စေပါတယ်။ ထိုင်းကိုဝင်တဲ့ ဧည့်သည်တစ်ဝက်လောက်သာ မြန်မာနိုင်ငံကို လာမယ်ဆိုရင် အများကြီးအလားအလာတွေရှိပါတယ်”လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ဟိုတယ်အခန်းဈေးနူန်းတွေက  ဆိုရင်တောင် အနည်းဆုံး ၄ သောင်းလောက်ကစရှိပါတယ်။ ရန်ကုန်မြို့က ဟိုတယ် မိုတယ် ၊တည်းခိုခန်းတွေရှိသလို hostel တွေလည်းရှိပါတယ်။ ခရီးသွားရာသီရောက်ရင် အခန်းဈေးနူန်းတွေ မြင့်တက်လေ့ရှိပါတယ်။

 

” ဟိုတယ်အဆင့်လိုက် ဈေးနူန်းသတ်မှတိစေချင်တယ်။သူဝန်ဆောင်မှုကောင်းရင် အဆင့်အပေါ်မူတည်ပြီး ကျွန်တော်တို့ဘက်ကလည်း ပေးနိုင်မယ်။ ခုက ပေးချင်သလိုပေးပြီး နူန်းထားတတ်နေတယ်။တန်ခူးလဆိုရင် အော်တိုဈေးနူန်းတက်တယ်။ တခြားပွဲတော်ကာလဆိုရင်လည်း ဈေးနူန်းတက်တယ်။ ကားခလည်းအတူပဲ ။ခုထိမထိန်းချုပ်နိုင်သေးဘူး “လို့ ရန်ကုန်မြို့နေ ဦးဝင်းဌေးက ပြောပါတယ်။

 

ဟိုတယ်အခန်းဈေးနူန်းတွေကြီးမြင့်တယ်ဆိုတာ နဲ့ ပတ်သက်လို့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

” ဝန်ကြီးဌာနအနေနဲ့ ဈေးနူန်းကိုထိမ်းချုပ်လို့မရဘူး၊ ဝယ်လိုအား ရောင်းလိုအားအပေါ်ပဲမူတည်တယ်။ ခရီးသွားရာသီပဲ ဧည့်သည်ကျတော့ အဲ့အချိန်ပဲ လုပ်တယ်။ ကျန်အချိန်ဆို ပိတ်ရတာတွေထိရှိတယ်။ ခရီးသွားတွေ များများဝင်တာနဲ့ တည်းခိုမှုများတာနဲ့ ဈေးနုန်းတွေကလည်း အလိုလိုကျသွားမယ်လို့ထင်ပါတယ်။”လို့ ဆိုပါတယ်။

 

လက်ရှိမှာ  တရုတ်၊ ဂျပန်၊ ကိုရီးယားကို ဗီဇာဖြေလျှော့ပေးထားကြောင်းနဲ့ ကိုရီးယား-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြု လုပ်နေတယ်လို့သိရပါတယ်။

 

အလားတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအဖြစ်လည်း မတ်လ ၉ ရက်နဲ့ ၁၀ ရက်မှာ Korea Day အခမ်း​အနားကို ကျင်းပသွားမယ်လို့သိရပါတယ်။

 

#voiceofmyanmar#ကိုရီးယား#ခရီးသွားလာစရိတ်

 

 

 

   

 

Related posts

Leave a Comment

VOM News

FREE
VIEW