မလေးရှားကို တရားမင်သွားမယ့် ရိုဟင်ဂျာ ၃၀ ဦး နယ်ခြားစောင့်တပ် တားဆီး

ဒါကာ၊ ဖေဖော်ဝါရီ-၉-၂၀၁၉ မျိုးဆက်(VOM) မလေးရှားနိုင်ငံကို လူကုန်ကူးသူတွေရဲ့အစီအစဉ်နဲ့ တရားမ၀င်သွားရောက်မယ့် ကော့ဘဇား ဒုက္ခသည်စခန်းကရိုဟင်ဂျာ ၃၀ ဦးကို ကြာသပတေးနဲ့ သောကြာနေ့တွေက သီးခြားဖြစ်စဉ်နှစ်ခုမှာ တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးလက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်ကနေ လူကုန်ကူးသူနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး မလေးရှားကို သွားမယ့် ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး၁၇ ဦး၊ အမျိုးသားခြောက်ဦးနဲ့ ကလေးငယ် ၇ ဦးတို့ ပါဝင်တယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ရိုဟင်ဂျာ ၁၂ ဦးကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ရှာပါရီဒွတ်ဒေသမှာ ကြာသပတေးနေ့  ည ၁၀ နာရီခွဲကတွေ့ရှိခဲ့ပြီး နောက်ထပ် ၁၈ ဦးကို ဒုက္ခသည် စခန်းတွေအနီးက ရှီလီခါလီ ဒေသမှာ သောကြာနေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက…

Read More

ကယားပြည်နယ်လွတ်တော်ဟာ ပြည်သူကို ကိုယ်စားမပြုဟု ကရင်နီလူငယ်ထုမှပြော

လွိုင်ကော် ဖေဖေါ်ဝါရီ ၉- ၂၀၁၉ ထူးသာဦး (VOM) ကယားပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုနှင့်ပတ်သက်ပြီး အချက်သုံးချက်တောင်းဆို သပိတ်ဆင်နွဲနေသည့် ကရင်နီလူငယ်ထု၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ ဝင်များမှ သုံးကြိမ်တိုင်တိုင် အင်အားသုံးဖြိုခွဲခဲ့ပြီး လူငယ် (၅၀) ကျော်ကိုလည်း ငြိမ်းစုစည်ပုဒ်မဖြင့် တရားစွဲဆိုထားပါတယ်။ မနေ့ (၈.၂.၂၀၁၉) တွင် ကရင်နီလူငယ်ထုများမှ ပြည်နယ်လွတ်တော်ဝင်းထဲရှိ ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်နိုင်ဖို့  ပြည်နယ်လွတ်တော်ဥက္ကနှင့်တွေ့ ဆုံပြီး ညှိနှိုင်းမှုဆွေးနွေးမှုများပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း လွတ်တော်ဥက္ကဌမှ တွေ့ဆုံဖို့ ကိုငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ လွတ်တော်ဥက္ကဌအနေဖြင့် ယခုလိုငြင်းပယ်လိုက်ခြင်းမှာ ပြည်သူ့ အသံလွတ်တော်အသံ၊ ပြည်သူ့ ဆန္ဒလွတ်တော်ဆန္ဒ၊ ပြည်သူတို့ ရဲ့ မျှော်လင့်ချက် လွတ်တော်ကဖော်ဆောင်ရွက်ဟူသည့် လွတ်တော် ဆောင်ပုဒ်နှင့် တိုက်ရိုက်ဆန့် ကျင်နေပြီး ၊ အထူးသဖြင့် ပြည်သူကရွေးချယ်တင်မြောက်ထားသည့် ပြည်သူ့ အစိုးရလက်ထက်တွင် ယခုဖြစ်ရပ်မှာအလွန်မှပင် အကျည်းတန်ရုပ်ဆိုးကြောင်း ကရင်နီလူငယ်ထုမှ…

Read More

ရှမ်း​လေးကျွန်း​​အနီးက သဲ​တွေကို စည်းကမ်းမဲ့စုပ်​​ယူ​နေတဲ့ကိစ္စ ​သက်ဆိုင်ရာအနေနဲ့ မျက်နှာလွှဲမနေဖို့ ဒေသခံတွေ သတင်းစာရှင်းလင်းပွဲလုပ်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၉-၂၀၁၉ ဟိန်းကို(VOM)   မန္တ​လေးတိုင်း​ဒေသကြီး ၊ အမရပူရမြို့နယ်​၊ ရှမ်း​လေးကျွန်းစံပြ​ကျေးရွာ​မှာ ​မြေနုကျွန်းလုပ်​ကိုင်​​နေတဲ့ ​တောင်သူ​တွေရဲ့ ​မြေနုကျွန်းအနီးက သဲ​တွေကို စည်းကမ်းမရှိ အများအပြားစုပ်​ယူ​နေတာကို ​ဒေသခံ​တွေက မ​ကျေနပ်​ပဲ တားဆီ​စေချင်​တဲ့အတွက်  ဒီက​နေ့မနက်​ပိုင်းက မန္တ​လေး ကွန်​မြူ နတီစင်​တာမှာ ရှင်းလင်းပွဲတစ်​ရပ်​ ပြုလုပ်​ခဲ့ပါတယ်​။   ​​ဒေသခံ​တွေ လုပ်​ကိုင်​စား​သောက်​​နေတဲ့ ​မြေနုကျွန်း​ပေါ်ကို ဦး​မောင်​ဝိတ်​ ရဲ့ (Mandalay Business Capital City Development Co.,Ltd- M.B.CC.D)ကုမ္ပဏီက လမ်း​တွေ​ဖောက်​လုပ်​ကာ သဲ​တွေကို​တောင်​ပုံယာပုံ စုပုံထားရှိပြီး သဲ​တွေကို အလွန်​အကျွံ စည်းကမ်းမရှိ စုပ်​ယူ​မှု​ကြောင့်​ ကမ်းပါး​တွေပြိုနေတာကြောင့် တားဆီး​စေချင်​တာဖြစ်​ပါတယ်​။   “အဲ့ကုမ္ပဏီက ခနတိုင်း သဲ​တွေလာစုပ်​တယ်​ ၊ ​ရေတိုး​တော့ ကမ်းပါး​တွေပြိုပြီ​လေ၊ ကျမတို့က နှစ်​(၆၀)ရှိပြီ လုပ်​ကိုင်​စား​သောက်​လာတာ ၊ ဥပမာ ၁ဧကကို ဒသမ၁၀၀ရှိတယ်​ထား…

Read More

ရန်ကုန်က ဝန်ကြီးများရုံးမှာပြုလုပ်မယ့် NightFest ပွဲတော် အကန့်အသတ်မရှိ ရွေ့ဆိုင်း

  ရန်ကုန် ဖေဖော်ဝါရီ ၉-၂၀၁၉ TGH(VOM) ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကြောင့်   ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်မယ့်  NightFest ပွဲတော်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။   ပွဲဖြစ်မြောက်ရေးအဖွဲ့တွေနဲ့ Signature Night Market Event Planning Company တို့ကနေ လက်မှတ်ဝယ်ယူထားသူတွေအတွက် ကျသင့်ငွေကို ပြန်လည် ထုတ်ပေးသွားမှာဖြစ်ပြီး ပွဲတော်မှာ ဈေးရောင်းချမယ့် သူတွေနဲ့ မိတ်ဖက်ကုမ္ပဏီအတွက်လည်း လိုအပ်တဲ့ ရှင်းလင်းမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။   ” ရွှေ့ဆိုင်းတဲ့အဆင့်ဖြစ်သွားတာကောင်းတယ်။ အပြီးရပ်လိုက်တာမျိုးဖြစ်သင့်တာ။ ညပွဲတော်ကြီးကတော့မလုပ်သင့်ပါဘူး။ ဒီတိုင်းပြည်သူကို စနစ်တကျပေးဝင်လေ့လာဖို့ကျ မလုပ်ပဲ ညဘက် အသောက်အစားတွေနဲ့ပွဲမျိုးတော့ လက်မခံနိုင်ပါဘူး။”လို့ ရန်ကုန်မြို့နေ ကိုအေးဇော်က ပြောပါတယ်။ ဝန်ကြီးများရုံးဟာ ယဉ်ကျေးမှုစင်တာတစ်ခု၊ အများပြည်သူ လာရောက်လေ့လာစရာ နေရာအသစ်တစ်ခုအပြင်  ကျောင်း၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရုံးခန်း၊…

Read More

မင်းဝံတောင်မှာ ဒေသခံတွေ တရားဝင်ကျောက်ထုတ်လုပ်ခွင့်ရရှိရန် စီစဉ်နေ

စစ်ကိုင်း ၊ဖေဖော်ဝါရီ ၈-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊မင်းဝံတောင်မှာ ဒေသခံတွေကို တရားဝင်ကျောက်တူးထုတ်လုပ်ဖော်ခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ တရားမဝင် ကျောက်ထုတ်လုပ်နေတဲ့ အတွက် ကျောက်တွင်းပြိုကျ၍ လူသေဆုံးမှုတွေ၊သ ဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ယခုအခါ ဒေသခံတွေ တရားဝင် ကျောက်ထုတ်လုပ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ဌာနတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ ”ဒေသခံတွေက ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်တယ်၊ ဒါကြောင့် တရားဝင်ခွင့်ပြုပေးဖို့ ကျွန်တော်လုပ်နေပါတယ်၊ သစ်တောကနေ တရားဝင်ပယ်ဖျက်ပြီးတာနဲ့ အုပ်ချုပ်ရေးအပိုင်ကနေ တရားဝင်တူးဖော်ခွင့်ကို အများပိုင်ကုမ္ပဏီကနေ ဖြစ်ဖြစ် အဖွဲ့စည်းပဲဖြစ်ဖြစ် သူတို့ကို တရားဝင်တူးခိုင်းမယ်” လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။ တရားဝင် ကျောက်တူးဖော်ထုတ်လုပ်ခွင့် ရရှိရန်အတွက် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဒေသခံ ကျောက်ထုတ်လုပ်တဲ့သူတွေကို အဖွဲ့ဖွဲ့စည်းပေးထားပြီး ယင်း အဖွဲ့အစည်းကနေ…

Read More

ကသာခရိုင်မှာ ၂၀၁၈ ခုနှစ်အတွင်း သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးရမိ

ကသာ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မြို့နယ်ခုနှစ်မြို့နယ်ရှိပြီး တရားမဝင်သစ်တွေကို ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ တစ်နှစ်စာဖမ်းဆီးရှိမှု အနေနဲ့ တစ်ခရိုင်လုံးမှာ သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားမဝင်သစ် သယ်ဆောင်သူတွေဟာ ရေလမ်း ကုန်းလမ်း တို့ကနေ နည်းလမ်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေတာဖြစ်လို့ သစ်တောဦးစီးဌာန က ဝန်ထမ်းတွေအနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ ၊ သစ်တောရဲ တို့နဲ့အတူ ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သစ်တောဦးစီးဌာနက ပြောပါတယ် ။ ကသာခရိုင်အတွင်း က အဖိုးတန် ကျွန်းသစ် ၊ သစ်မာ အပြင် အခြားသစ် တွေကို သစ်အလုံးလိုက် နဲ့ သစ်ခွဲသားတွေအဖြစ် ဖမ်းဆီးခဲ့ရာမှာ ကသာမြို့နယ် က စုစုပေါင်းသစ်တန် ၈၆၇.၅၅၉၄ တန် ၊…

Read More

မြတန်ဆောင်းဆရာတော်ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ အမ်းမြို့မှာ တားမြစ်ခံရ

အမ်း၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကောက်ခံရရှိထားတဲ့ စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေပါဝင်တဲ့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့ဟာ အမ်းမြို့ကိုအရောက်မှာ တားမြစ်ခံခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေကို မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦးပါတဲ့အဖွဲ့က အမ်းမြို့ တပ်တောင်မြို့နယ်ခွဲကနေ သယ်ယူလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပေးအပ်သွားမှာဖြစ်ပါတယ်။ “ဦးဇင်းတို့က အဲဒီပစ္စည်းတွေနဲ့ တပ်တောင်ကနေ ဟိုတစ်ရက်နေ့ ညနေ ၃ နာရီလောက်မှာစထွက်လာတယ်၊ အမ်းမြို့ပေါ်ကို ညနေ ၅ နာရီလောက်မှာရောက်တယ်၊ အဖွဲ့ဝင်တွေ ထမင်းစားကြတယ်၊  အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်၊  ဒီပစ္စည်းတွေကိုသယ်ယူခွင့်မပြုဘူး၊ သွားလို့ရှိရင် အမ်းမြို့ကို မကျော်စေရဘူးဆိုပြီတော့ ခြိမ်းခြောက်တယ်၊ ဘာအကြောင်းပြချက်မှမပေးဘူး”လို့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဆန်၊ ငပိ၊ ငါးခြောက်၊ တခြားစားစရာများပါဝင်ပြီး အမ်းမြို့နယ်အတွင်းရှိကျေးရွာများမှ အလှူခံရရှိထားသည့် စားနပ်ရိက္ခာများဖြစ်ကာ ပစ္စည်းပို့တဲ့အဖွဲ့မှာ တပ်တောင်၊ဆရာတော်၊…

Read More

မြစ်​ဆုံစီမံကိန်း လုံးဝရပ်​ဆိုင်း​ရေး ပခုက္ကူတက္ကသိုလ်ပေါင်းစုံကျောင်းသားတွေ ဆန္ဒပြ

ပခုက္ကူ ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ အောင်မြင့်(VOM) ပခုက္ကူ နည်းပညာ တက္ကသိုလ်​၊ ကွန်​ပျူတာတက္ကသိုလ်​ နဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်​က တက္ကသိုလ်​​ကျောင်းသား ၅၀၀ ​လောက်​ဟာ  မြစ်​ဆုံစီမံကိန်း လုံးဝရပ်​ဆိုင်း​ရေးအတွက်  ဒီကနေ့နံနက်ပိုင်းက ဧရာဝတီတံတား​အောက်​မှာလာ​ရောက်​ဆန္ဒပြခဲ့ကြပါတယ်​။ ဒါ့ပြင် ပခုက္ကူဒေသခံကဗျာဆရာတွေက ဧရာဝတီမြစ်လယ်သောင်ပြင်မှာ စီမံကိန်ရပ်ဆိုင်းဖို့ ရင်ဖွင့်စကားပြောတာတွေ ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar#ပခုက္ကူ#မြစ်​ဆုံစီမံကိန်းလုံးဝရပ်​ဆိုင်း​ရေး တက္ကသိုလ်ပေါင်းစုံကျောင်းသားတွေဆန္ဒပြ#

Read More

မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်ဆိုတဲ့ မော်ဒယ်လ် JNaw

ရန်ကုန် ဖေဖော်ဝါရီ ၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ဖက်ရှင်လန်းလန်းတွေဝတ်ဆင်တတ်တဲ့ မော်ဒယ်လ် JNawက ယောက်ျားလေးတွေထက် မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်လို့ဆိုပါတယ်။ ” နောက မိန်းကလေးချင်း စိတ်ဝင်စားတယ်ဆိုတော့ ၂၀၁၉ ခုနှစ်မှာ မိန်းကလေးချင်း ရည်းစားထားရင် ကောင်းမလားလို့ပါ၊ Tomboy တစ်ယောက်လောက်နဲ့ တွဲရင်ကောင်းမလားလို့ စဉ်းစားနေတယ်၊ မိန်းမချင်းဆိုတော့ ပိုပြီးတော့ Safe ဖြစ်တယ်လေ”လို့ဆိုပါတယ်။ သူမက တကယ်လို့ ကိုယ့်ကချစ်တဲ့သူက Tomboy ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်အပေါ်မှာ စိတ်ရှည်မယ်။ နားလည် ပေးမယ်သူ ၊ ချစ်ပေးနိုင်မယ်။ ဂရုစိုက်ပေးနိုင်မယ်။ရုပ်ချောသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ နောလေးက အိုကေပါတယ်လို့ပြောပါတယ်။ ” ယောက်ကျားဆိုပြီး ကြိုက်လိုက်ခါမှ ခြောက်နေတဲ့ သူမျိုးနဲ့ ကြုံရတာမကောင်းဘူး၊ အဲဒီလိုဖြစ်မှာလည်း ကြောက်တယ်၊ အဲဒါကြောင့် FA ဘဝကကောင်းတယ်၊ အဲဒီလိုအဖြစ်မျိုးဖြစ်တာ နားထောင်လို့လည်း မကောင်းဘူး၊ ယောကျာ်းတွေ မကောင်းဘူးလို့တော့…

Read More

ဗင်နီဇွဲလားအရေးမှာ တိုက်ရိုက်စစ်ရေးကျူးကျော်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှား သတိပေး

ကရာကတ်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ မျိုးဆက် (VOM) လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံအရေးမှာ တိုက်ရိုက်စစ်ရေး ကျူးကျော်မှုအပါအဝင် သမ္မတ နီကိုးလပ်မာဒူရိုရဲ့ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေလုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံက သတိပေးပြောဆိုလိုက်ပါတယ်။ တိုက်ရိုက်စစ်ရေးကျူးကျော်မှုမှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်အာဏာပိုင်တွေကို ဖြုတ်ချဖို့ အမေရိကန်က စစ်ရေးအင်အား အသုံးပြုနိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေ ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဖေဖော်ဝါရီ ၇ ရက်ကသတိပေးပြောဆိုပါတယ်။ လွန်ခဲ့တဲ့လက နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်း တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်ခဲ့တဲ့ သမ္မတ မာဒူရိုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ဗင်နီဇွဲလား နိုင်ငံသား သောင်းပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဌနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာပြီး သမ္မတမာဒူရို ရာထူးမှ…

Read More
VOM News

FREE
VIEW