မလေးရှားကို တရားမင်သွားမယ့် ရိုဟင်ဂျာ ၃၀ ဦး နယ်ခြားစောင့်တပ် တားဆီး

ဒါကာ၊ ဖေဖော်ဝါရီ-၉-၂၀၁၉

မျိုးဆက်(VOM)

မလေးရှားနိုင်ငံကို လူကုန်ကူးသူတွေရဲ့အစီအစဉ်နဲ့ တရားမ၀င်သွားရောက်မယ့် ကော့ဘဇား ဒုက္ခသည်စခန်းကရိုဟင်ဂျာ ၃၀ ဦးကို ကြာသပတေးနဲ့ သောကြာနေ့တွေက သီးခြားဖြစ်စဉ်နှစ်ခုမှာ တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးလက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်ကနေ လူကုန်ကူးသူနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး မလေးရှားကို သွားမယ့် ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး၁၇ ဦး၊ အမျိုးသားခြောက်ဦးနဲ့ ကလေးငယ် ၇ ဦးတို့ ပါဝင်တယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ရိုဟင်ဂျာ ၁၂ ဦးကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ရှာပါရီဒွတ်ဒေသမှာ ကြာသပတေးနေ့  ည ၁၀ နာရီခွဲကတွေ့ရှိခဲ့ပြီး နောက်ထပ် ၁၈ ဦးကို ဒုက္ခသည် စခန်းတွေအနီးက ရှီလီခါလီ ဒေသမှာ သောကြာနေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ဒေါ်လာသန်း ၉၂၀ ထောက်ပံ့ပေးဖို့အတွက် ကုလအထူးကိုယ်စားလှယ်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ ကော့ဘဇားဒေသကို လာရောက်ပြီး နောက်တစ်ရက်မှာဘဲ မလေးရှားကို သွားရောက်မယ့် ရိုဟင်ဂျာတွေကို တွေ့ရှိပြီး နယ်ခြားစောင့်တပ်က တားဆီးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာနေထိုင်နေကြတာ ၁၈ လကြာမြင့်ပြီဖြစ်ပြီး လူကုန်ကူးတွေကတစ်ဆင့် ထိုင်း၊ မလေးရှားအစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေကြတာတွေရှိပြီး လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်ထုတ်ပြန်ထားတာ မရှိပါဘူး။

Ref & Photo : Gulf-Times

 

#VOICEOFMYANMAR#ရိုဟင်ဂျာ#ဘင်္ဂလားဒေရှ်

Related posts

Leave a Comment

VOM News

FREE
VIEW