စစ်တွေ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက မိုးစပါးစိုက်ပျိုးလုပ်ကိုင်နေကြတဲ့တောင်သူတွေဟာ ချေးငွေတွေကို ကာလတိုအဖြစ်သာရယူပြီး လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေတာကြောင့် ကာလလတ်၊ ကာလရှည်စနစ်နဲ့ထုတ်ချေးပေးဖို့ အတွက် ရခိုင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ဂွမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။ အခုလိုလွှတ်တော်မှာ မေးခွန်းမေးမြန်းရတာဟာ လက်ရှိမှာတောင်သူတွေဟာ ချေးငွေတွေကိုတစ်နှစ်အတွင်း ပြန်လည်ပေးသွင်းနေကြရတာကြောင့် သတ်မှတ်ရက်အတွင်း ချေးငွေတွေကိုပြန်လည်ပေးသွင်းနိုင်ဖို့အတွက် မိမိတို့စိုက်ပျိုးထားတဲ့သီးနှံတွေကို ဈေးကောင်းမရရှိဘဲ ရောင်းချနေကြရတဲ့အတွက် ချေးငွေကာလတွေကို တိုးမြှင့်ပေးဖို့လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ ဦးစိုးဝင်းက ပြောပါတယ်။ “ တောင်သူတွေက အစိုးရဆီကချေးငွေတွေကို တစ်ဧကကို ကျပ် ၁၅၀၀၀၀ နှုန်းနဲ့ ချေးငွေတွေရရှိနေတယ်။ ဒါပေမယ့် အဲ့ဒီငွေတွေကို တစ်နှစ်အတွင်းပြန်ဆပ်ရတယ်။ သီးနှံပေါ်တဲ့အချိန်မှာဆပ်ရတာဖြစ်တယ်။ ဒါကြောင့် တောင်သူတွေဟာ သူတို့ရဲ့သီးနှံတွေကို ဈေးကောင်းရရှိလာမယ့်အချိန်ကို စောင့်ဆိုင်းပြီးရောင်းချခွင့်မရဘူး။…
Read MoreMonth: February 2019
ဒုံဟီးမြို့ မှာ ကျောက်ကြမ်းပိုး တစ်ပိသာ ကျပ် ၃ သောင်းအထိ အရောင်းအ၀ယ်ဖြစ်
ဒုံဟီး ဖေဖော်ဝါရီ ၂၈-၂၀၁၉ မိုင်ချယ်ရီ (VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့မှာရှိတဲ့ ချောင်းကမ်းပါးတွေက ကျောက်တုံးကျောက်ခဲတွေ ကြားမှာနေထိုင်တဲ့ (ဒေသအခေါ်) ကျောက်ကြမ်းပိုးတွေကို တစ်ပိသာ ငွေကျပ် သုံးသောင်း ပေါက်တဲ့ အထိ ကချင်ပြည်နယ် မြစ်ကြီးနားဖက်ကနေ ဈေးကောင်းပေးဝယ်ယူနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ကျောက်ကြမ်းပိုး ဟာဆိုရင် အမည်းရောင်ဖြစ်ပြီး ကိုယ်ထည်အရွယ်အစားက လက်ညိုးရဲ့ လက်သည်းအရွယ်အစားလောက်သာ ရှိပြီးတော့ ချောင်းစပ်တွေမှာ ဒီဇင်ဘာလ လောက်ကနေ ဖေဖော်ဝါရီလ လောက်အထိ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအကောင်ငယ်လေးတွေကို တရုတ်နိုင်ငံက ဆေးဖက်ဝင် စားစရာအဖြစ်နဲ့ မြစ်ကြီးနားမြို့ဖက်ကနေ တင်သွင်းနေရတာကြောင့် မြစ်ကြီးနားမြို့ က ပွဲစားတွေက ကျောက်ကြမ်းပိုး ထွက်တဲ့ ဒုံဟီးမြို့ဖက်မှာလာရောက် ၀ယ်ယူကြတာ ဖြစ်တယ်လို့ ဒေသခံနာဂတိုင်းရင်းသားတွေက ပြောပါတယ်။ “ခါတိုင်းနှစ်တွေက မရောင်းရပဲ ဒီနှစ်မှ ရောင်းနေရတာ။ ဒီကဒေသခံ ဆိုင်တွေကလဲ လာရောင်းတဲ့သူ…
Read Moreရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက ကျပ်သန်းပေါင်း ၇၀၀ ကျော်အရှုံးပေါ်ခဲ့
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉ TGH (VOM) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနအောက်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက ၅နှစ်ဆက်တိုက်အရှုံးအဖြစ် ကျပ်သန်းပေါင်း ၇၀၀ ကျော် အရှုံးပေါ် နေတယ်လို့ ဖေဖေါ်ဝါရီ၂၇ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စည်ပင်သာယာရေးဝန်ကြီးဦးမောင်မောင်စိုး ရဲ့ ပြောကြားချက်အရသိရပါတယ်။ မစို စိုက်ပျိုးမွေးမြူရေးနှင့်အပန်းဖြေစခန်းက ကျပ်သန်း ၈၈.၀၄၇၊ အောင်ချမ်းသာ ရေငံပုစွန် မွေးမြူရေးစခန်းက ကျပ်သန်း ၃၈.၄၀၈ ၊ ထောက်ကြန့်ကြက်မွေးမြူရေးစခန်းက ကျပ်သန်း ၃၄၀.၈၆၂၊ ဥတိုစိုက်ပျိုးမွေးမြူရေး စခန်းက အရှုံးကျပ်သန်း ၁၇၅.၆၅၁ ၊ နှစ်ရှည်ပင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အရှုံးကျပ်သန်း ၈၁.၅၇၈ ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ “၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွက် အဲ့ဒီ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုမှာ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း အနေနဲ့ ကြက်ဆူပင်ကနေ နှစ်ရှည်ကျွန်းပင် ပြောင်းလဲစိုက်ပျိုးတော့…
Read Moreပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပေါက် ကျေးရွာသားနှစ်ဦးသေဆုံး
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာအုပ်စု သင်းပုန်းတန်းကျေးရွာက ဇနီးမောင်နှံနှစ်ဦးတို့ဟာ ဖေဖေါ်ဝါရီ၂၇ရက်နေ့ညနေ ၅ နာရီလောက်က လက်နက်ကြီးကျည်ဆံပေါက်ကွဲပြီး သေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့မှာ သင်းပုန်းတန်းကျေးရွာနေ ဦးမောင်ဦးထွန်း (ဘ) ဦးအောင်ကျော်သိန်း ၃၀ နှစ်နဲ့ ဇနီးဖြစ်သူ မဆန်းဝင်းတို့ဖြစ်ကြပြီး တောထဲသို့သစ်ခုတ်ရန်သွားစဉ် မပေါက်ကွဲဘဲရှိနေတဲ့ လက်နက်ကြီးကျည်ကိုတွေ့ရှိတဲ့အတွက် ဓါးဖြင့်ခုတ်ကြည့်ရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ “ပေါက်ကွဲမှုဖြစ်တာက ညနေ ၅ နာရီလောက်မှာဖြစ်တာပါ။ သူတို့လင်မယားနဲ့အတူ နောက်ထပ်ရွာသား နှစ်ယောက်ပါ ပါတယ်။ စုစုပေါင်း လေးဦးပေါ့။ သစ်ခုတ်ဖို့သွားကြတဲ့အခါ တောထဲမှာ အဲ့ဒီဗုံးသီးကိုတွေ့တယ်။ ရွာကိုယူလာဖို့အတွက် လှေပေါ်ကိုသယ်ယူလာခဲ့ကြတယ်။ အဲ့ဒီမှာ ကိုမောင်ဦးထွန်းက ဓါးနဲ့ခုတ်ကြည့်ရာမှာ ပေါက်သွားတယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီဗုံးသီးမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ပစ်ခတ်ခဲ့တဲ့ဗုံးသီးဖြစ်နိုင်ကြောင်းနဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့်…
Read Moreမြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် က သခင်စစ်ကုမဏီကို အမှုဖွင့်
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉ မရမ်ဂျာထွယ်အောင် မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သတင်းထောက် ၂ဦးကို ဖမ်းဆီးချုပ်နှောင်တာကြောင့် သခင်စစ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဝန်ထမ်းတွေကို ဖေဖေါ်ဝ်ါရီ ၂၆ ရက်နေ့က အမှုဖွင့်လိုက်တယ်လို့ ချုပ်နှောင်ခံရသူတဦးဖြစ်တဲ့ မမွန်းမွန်းပန်က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရသူ မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မွန်းမွန်းပန်က တရားလိုပြုလုပ်ကာ သခင်စစ်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင် နဲ့ဝန်ထမ်း ၅ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၅၄ အမျိုးသမီးကာယိအိနြေ္ဒ ပျက်ပြားအောင်ပြုလုပ်မှု၊ ပုဒ်မ၂၉၄ ညစ်ညမ်းစွာဆဲဆိုခြင်း၊ ပုဒ်မ ၃၄၁ မတရား တားဆီးပိတ်ပင်မှု ၊ ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စတဲ့ ပုဒ်မတွေနဲ့ ၀ိုင်းမော်မြို့မရဲစခန်းမှာ တရားစွဲဆိုထားတာပါ။ “ကျမတို့ရုံးမှာလာခေါ်တယ် အဲ့မှာရောက်တဲ့အချိန်မှာ ကျမကိုဖမ်းဆွဲတယ် လှမ်းဆွဲတယ် ကျမထွက်ခါနီးမှာ သူတို့ရုံးကနေထွက်တဲ့ချိန်မှာ လှမ်းဆွဲတော့…
Read Moreအေအေမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ရဲစခန်းမှူး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်လွတ်မြောက်
ပလက်ဝ ဖေဖော်ဝါရီ ၂၇ -၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ သံထောင်နယ်မြေရဲစခန်း က စခန်းမှူးတို့ကို အေအေလက်နက်ကိုင်တပ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဘူးစင်ကျေးရွာ ဒေသခံတစ်ဦး က ပြောပါတယ်။ စခန်းမှူး ရဲအုပ်ဆလိုင်းဘီးဗာ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ သြဇာကြီးမားတဲ့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁၀ နာရီ ကျော် အချိန်မှာ ပလက်ဝမြို့နယ် ဖေရှေကျေးရွာအုပ်စု ဘူးစင်ကျေးရွာအနီးမှာ လာရောက် ရွေးယူဖို့ အေအေအဖွဲ့ကနေ ရွားသားတွေထံ အကြောင်းကြားခဲ့ပါတယ်။…
Read Moreမြောက်ဦးမြို့နယ် မြောင်းဘွယ်စာစစ်ဌာနမှာ စာမေးပွဲဖြေဆိုခွင့်ကဒ်ထုတ်ယူတဲ့ကျေင်းသားတစ်ဦးကို ကျပ်တစ်သောင်းစီပေးဆောင်နေရ
မြောက်ဦး၊ ဖေဖော်ဝါရီ ၂၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွယ်ကျေးရွာ အထကမှာ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့အတွက် ကဒ်လာထုတ်တဲ့ ကျေင်းသူ/သားတွေဟာ တစ်ယောက်ကို ကျပ်ငွေ တသောင်း စီပေးသွင်းနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ အခုလိုမျိုး ကျောင်းသားတွေဆီက တစ်ဦးလျင်ကျပ် တစ်သောင်းစီကောက်ခံနေတဲ့အတွက် ငွေအလုံအလောက်မပါလာတဲ့ ကျောင်းသားတချို့တို့မှာ ကုဒ်မထုတ်ဘဲ ပြန်သွားရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ “မြောင်းဘွယ်ကျောင်းမှာ စာမေးပွဲဖြေဖို့အတွက် ကဒ်လာထုတ်တဲ့ကျောင်းသားတွေဆီကနေ ငွေတစ်သောင်းစီကောက်နေ တယ်။ တချို့ကလေးတွေမှာ ငွေမပါဘူး။ ငါးထောင်လောက်ပေးမယ်ဆိုတာတောင်မရဘူး။ တစ်သောင်းပေးမှရမယ်လို့ ကျောင်းအုပ်ဆရာကြီးကပြောပါတယ်။ ဒါကြောင့် ငွေမပါလို့မထုတ်ဘဲ ပြန်သွားရတဲ့ကလေးတွေလည်းရှိပါတယ်။”လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကဒ်ထုတ်ယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။ ကျောင်းသားတွေဆီက ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ပညာရေးဌာနက ခွင့်ပြုပေးထားခြင်း မရှိသလို ညွှန်ကြားမှုတွေလည်းမရှိဘူးလို့ ပြည်နယ်ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။ “ကျွန်တော်တို့ဆီကတော့ ညွှန်ကြားထားတာမရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့…
Read Moreရန်ကုန်မှာ ရထားနဲ့ကားလမ်းကူးဂိတ်များ ပြုပြင်မည်ဖြစ်၍ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ် ယနေ့စတင်
ရန်ကုန် ၊ဖေဖော်ဝါရီ ၂၇-၂၀၁၉ TGH (VOM) ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းမှာရှိတဲ့ ရထားနဲ့ ကားလမ်းကူးဂိတ်တွေကို ပြုပြင်မှာဖြစ်တဲ့အတွက် လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ယနေ့ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ၊ သွားလာရေးမှ မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။ “ ကျွန်တော်တို့ မြို့ပတ်လမ်းပိုင်းရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ရထားနဲ့ကားလမ်းကူးဂိတ်တွေကို ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂၉ ရက်အထိ လမ်းပိတ်စနစ်၊ တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးမယ်။ အဲဒါတွေ ပြုပြင်ပြီးသွားတဲ့အခါအချက်ပြစနစ်တွေ တပ်ဆင်သွားမယ်။ ”လို့ ဦးဇော်လွင်က ပြောပါတယ်။ ပြုပြင်ဆောင်ရွက်သွားမယ့် ရထားလမ်းကူးဂိတ်တွေကတော့ တညင်းကုန်း-ဂေါက်ကွင်း၊ ဂေါက်ကွင်-ကျိုက္ကလဲ့၊ မင်္ဂလာဒုံဈေး- မင်္ဂလာဒုံ၊ လှည်းတန်း-ကမာရွတ်၊ သီရိမြိုင်-အုတ်ကျင်း၊ အုတ်ကျင်း- သမိုင်း၊ သမိုင်း- သမိုင်းမြို့သစ်၊ သမိုင်းမြို့သစ်-ကြို့ကုန်း…
Read Moreမန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ စတင်ဖွဲ့စည်း
မန္တလေး၊ ဖေဖေါ်ဝါရီ ၂၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင်ရှိသူများနဲ့ မန္တလေးအခြေစိုက်သတင်းမီဒီယာတွေ မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအတွင်းက အစည်းအဝေးခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟိန်းကိုရိုက်ကူးပေးပို့ထားပါတယ်။ #voiceofmyanmar#usdp#ပြည်ခိုင်ဖြိုးပါတီ
Read Moreဗင်နီဇွဲလားသမ္မတအဖြစ် ကြေညာသူ ထောင်ဒါဏ်နှစ် ၃၀ ကျော်ကျခံရဖွယ်ရှိနေ
ကရာကတ်၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ အတူ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ထောင်နှစ် ၃၀ ကျော်ကျခံနိုင်ဖွယ်ရှိနေတယ်လို့ ဗင်နီဇွဲလား တရားရုံးတစ်ခုက ပြောဆိုလိုက်ပါတယ်။ ဂွိုင်ဒိုဟာ ဗင်နီဇွဲလား အထူးတရားရုံးက ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ချိုးဖောက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က ကိုလံဘီယာနိုင်ငံသို့ သွားရောက်ခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဗင်နီဇွဲလား အထူးတရားရုံးချုပ် ခုံရုံးရဲ့ ဒုတိယတရားသူကြီး ဂျူအန်ကားလို့စ်ဗယ်ဒက်က ဖေဖော်ဝါရီ ၂၆ ရက်ကပြောပါတယ်။ ဂွိုင်ဒိုဟာ တရားဥပဒေမှ ပုန်းအောင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံအတွင်းထွက်သွာကာ ပြန်လည်ဝင်ရောက်လာတဲ့သူတစ်ဦးဖြစ်တဲ့အတွက် အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်သို့ ပို့ရမှာဖြစ်ပြီး ထောင်ဒါဏ် နှစ် ၃၀ ကျော်ကျခံရဖွယ် ရှိတယ်လို့ ၎င်းကဆိုပါတယ်။ …
Read More