စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ မောင်တာရာ (VOM) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးတွေရဲ့ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားသည် စင်္ကာပူနိုင်ငံမှာ Medical Checkup ပြုလုပ်ခဲ့ရာ အချိန်ကာလ သုံးလအတွင်း အသည်းထဲရှိ အကျိတ်မှာ ၁ ဒသမ ၄၃ စင်တီမီတာ ကနေ ၂ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာပြီး အဲဒီ အကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်နဲ့ ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာတွေ ထံက သိရပါတယ်။ ”ကျန်းမာရေးအခြေအနေကြောင့် ဆရာတော်ကြီးရဲ့ တရားပွဲတွေ ခေတ္တရပ်နားထားတာပါ ။ ဘယ်တော့ ပြန်လည်…
Read MoreMonth: February 2019
AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့အဆို လွှတ်တော်မှာရှုံးနိမ့်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တပ်ဖွဲ့ဖြစ်တဲ့ ARSA နဲ့ပူးပေါင်းပြီးတော့ တပ်မတော်ကို တိုက်ခိုက်နေတယ်လို့ ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်ဘက်ကတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအဆိုကို လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်ထားရှိဖို့ လွှတ်တော်ဥက္ကဌက ပြောကြားလိုက်ပါတယ်။ “ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားအောင် AA လက်နက်ကိုင်တပ်ဖွဲ့ဟာ ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ ပူးပေါင်းပြီ တော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဘူးသီးတောင်၊မောင်တောနယ်မြေတွေမှာလည်း ARSA အကြမ်းဖက်တွေနဲ့ ၎င်းတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ တပ်မတော်အပေါ်တိုက်ခိုက်နိုင်ရန် ညှိနှိုင်းလှုပ်ရှားလျက်ရှိပါတယ်။”လို့ အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုမှသဘောမထားကြောင်းနဲ့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသူက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ “ဒီအဆိုက ပြည်ထောင်စုအစိုးရနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကန့်ကွက်ခဲ့ရတာဖြစ်ပါတယ်။…
Read Moreအကယ်ဒမီဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကားစာရင်းထွက်ပေါ်
ရန်ကုန် ဖေဖော်ဝါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကား စာရင်းထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုကနေ ဒုတိယအဆင့် ကြည့်ရှုမယ့် ဇာတ်ကား ၂၅ ကားစာရင်းကတော့ ”မိုးပန်းပွင့်ရဲ့ သင်္ကေတ” ၊”ကာဗွန်ဒိုင်အောက်ဆိုဒ်” ၊”ဝိဥာဉ်စိမ်း” ၊”ဒုဠဝတီကိုလွန်၍” ၊”ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ၊”ငယ်ကျွန်” ၊”ဥပါဒါန်” ၊”မုန်းစွဲ” ၊”ရွှေကြာ ”၊”သမ္မတကြီးထံပေးစာ” ၊”ပြည်ထောင်စုသစ္စာ” ၊”ဇာတိမြေ”၊”မှော်ဝင်သမန်းကျား” ၊ ”လရောင်ဖြာတဲ့ အင်းလေးမှာ” ၊”ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ၊ ”ကြက်ဂူ” ၊”နောင်တွင်ဥဒါန်းတွင်စေသတည်း ”၊”ငဒူ” ၊”မျက်နှာပြင်များ” ၊”မီ ” ၊”တိမ်တိုက်တံတား” ၊”ရန်သူ”၊ ”သတို့သမီး” နဲ့ ”ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားတွေကို စတင်ကြည်ရှု့ အကဲဖြတ်နေလျက်ရှိတယ်လို့ သိရပါတယ်။ ”ပထမအပတ်ကတော့ ၈၃…
Read Moreချင်းပြည်နယ် လွှတ်တော်ရုံး အဆောက်အဦး ဖွင့်လှစ်
ဟားခါး ဖေဖော်ဝါရီ ၂၀ မိုင်ချယ်ရီ(VOM) ၂၀၁၇ ခုနှစ် မှ စတင် တည်ဆောက်ခဲ့တဲ့ ချင်းပြည်နယ် လွှတ်တော်ရုံး ကို ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ အဆောက်အဦး ဖွင့်လှစ်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လွှတ်တော်ရုံး အဆောက်အဦး နဲ့ လွှတ်တော်ရိပ်သာ ကို တပြိုင်နက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ “အရင်ကလွှတ်တော် အဆောက်အဦးသီးသန့် မရှိတော့ မီဒီယာ ကောင်တာ မရှိဘူး။ ပြည်ထောင်စု လွှတ်တော်လို ရုပ်မြင်သံကြား နဲ့ ကြည့်ရမယ့် ကောင်တာလဲ မရှိဘူး။ လွှတ်တော်အဆောက်အဦးမှာ မီဒီယာ ကောင်တာလဲ ရမယ် ဆိုတော့ သတင်းရယူတဲ့ နေရာမှာ ပိုပြီးအဆင်ပြေလာမယ်လို့တော့ မျှော်လင့်တာပဲ”လို့ ဟားခါးပို့စ် တာဝန်ခံအယ်ဒီတာ ကိုထောင်ထောင်း…
Read Moreရိုဟင်ဂျာအရေး မြန်မာတာဝန်ရှိသူတွေကို အိုင်စီစီတင်ဖို့ မလေးရှားတိုက်တွန်း
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂၀-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ကိုင်တွယ်မှုတွေအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)သို့ ချက်ချင်းတင်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ အချိန်အနည်းငယ်ကြာနိုင်ပေမယ့် ဖိနှပ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေဖြစ်သွားမှာကြောင့် မလေးရှားအစိုးရဟာ အဆိုပါပြသနာကို အလေးအနက်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆိုင်ဖူဒင် အဗ္ဗဒူလာ က ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။ အဓိကပြသနာမှာ ရိုဟင်ဂျာတွေကို ၎င်းတို့နေထိုင်ရာနိုင်ငံကနေ နှင်ထုတ်လိုက်တာကြောင့်ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခြင်းက ပြသနာရဲ့ အဓိကရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့အလွန်အရေးပါတာကြောင့် အိုင်စီစီကို တင်ရမယ်လို့ ဆိုပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ လွန်ခဲ့တဲ့လက ကုလသမဂ္ဂမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာအရ…
Read MoreNLD ၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို (ရုပ်သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ TGH (VOM) NLD ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးမင်းဆွေဟာ အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့…
Read More၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ TGH (VOM) ၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးမင်းဆွေဟာ အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့…
Read Moreဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ မီးနင်းပွဲ
စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း(၂၄)ကြိမ်မြောက် မီးနင်းပွဲ ကျင်းပ မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် ၇၇လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြား မှာ တည်ထားကိုးကွယ်တဲ့ စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းရှေ့မှာ ဒီကနေ့ ညနေပိုင်းက ရိုးရာမီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ကျန်းမာရေးမကောင်းဘူးဆိုရင် ကျန်းမာရေးကောင်းရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ကျန်းမာရေးကောင်းသွားရင် မီးကိုနင်းရတာ အဓိဋ္ဌာန်အောင်သွားပြီဆိုတဲ့သဘောနဲ့ နင်းရတာပေါ့၊ စီးပွားရေးဆိုလည်း အဲ့လိုပဲ စီးပွားရေးမှာ အောင်မြင်ရင် အဲ့လို မီးနင်းတယ်၊ အစတည်းက မယ်တော်ကြီးဆီလာပြီး အဓိဋ္ဌာန်ထားလိုက်တာ အောင်မြင်သွားတိုင်း ခုလို မီးလာနင်းရတယ် ” လို့ မဟာပိန္နဲဘုရားကျောင်း နဲ့ စရီမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးNအပါဦး (ခ) ဦးမောင်မောင်လွင် က ပြောပါတယ်။ ခုလို မီးနင်းပွဲတော်ကျင်းပလာတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး…
Read Moreကက်ရှ်မီးယား ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်တယ်လို့ အိန္ဒိယစွပ်စွဲ
ဒေလီ၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉ မျိုးဆက်( VOM) ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုက အိန္ဒိယတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယထိပ်တန်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။ တိုက်ခိုက်မှု နောက်ကွယ်က ခေါင်းဆောင်တွေကို ခြေရာခံခဲ့ပြီး ၎င်းတို့ဟာ နယ်စပ်မှာရှိတဲ့ ပါကစ္စတန်ဘက်အခြမ်းကိုနေ ကြိုးကိုင်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက်က ဒုဗိုလ်ချုပ်ကြီး ဒေလွန်က သတင်းထောက်တွေကိုပြောပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့က ကက်ရှ်မီးယားဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ပြီး တိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ၀န်ခံထားပါတယ်။ ပါကစ္စတန်ဘက်ကတော့ ဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားကာ ဆိုးရွားနေတဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြားဝင်ပေးဖို့…
Read Moreနယ်စပ်တံတိုင်းကာရံဖို့ အရေးပေါ်အခြေအနေ ကြေညာတာကြောင့် အမေရိကန် ပြည်နယ် ၁၆ ခုက အစိုးရကို တရားစွဲ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရံရေးအတွက် ရန်ပုံငွေတိုးမြင့်ပေးဖို့အတွက် အရေးပေါ်အခြေ အနေကြေညာခဲ့တဲ့ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ဦးဆောင်တဲ့ အမေရိကန်ပြည်နယ် ၁၆ ခုက အမေရိကန် အစိုးရကို တရားစွဲလိုက်ပါတယ်။ တံတိုင်းအတွက် ရန်ပုံငွေ ၅ ဒသမ ၇ ဘီလီယံကို ခွင့်ပြုဖို့ အမေရိကန် ကွန်ဂရက်က ငြင်းပယ်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ အရေးပေါ်အခြေအနေကို ဒေါ်နယ်ထရန့်က ကြေညာခဲ့တာဖြစ်ပါတယ်။ မစ္စတာထရန့်ဟာ ရွေးကောက်ပွဲကာလက အဓိကကတိကဝတ်ဖြစ်တဲ့ တံတိုင်းတည် ဆောက်ရေးလုပ်ငန်း အတွက် ရန်ပုံငွေရဖို့နဲ့ ကွန်ဂရက်ကို ရှောင်လွှဲဖို့ အရေးပေါ်အာဏာထုတ်သုံးပြီးနောက် ရက်ပိုင်းအကြာမှာ ပြည်နယ် ၁၆ ခုက တရားစွဲလိုက်တာဖြစ်ပါတယ်။ အစိုးရကို တရားစွဲတဲ့ ပြည်နယ်တွေကတော့ ဒေါ်နယ်ထရန့်က သမ္မတအာဏာ အလွဲသုံးစားပြုတာကို တားဆီးချင်တယ်လို့…
Read More