စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တင်သွင်းတဲ့  စစ်ကိုင်းတိုင်းအလံ နဲ့ အမှတ်တံဆိပ် လွှတ်တော်အတည်မပြု

မုံရွာ မတ် ၆-၂၀၁၉ မိုင်ချယ်ရီ (  VOM) မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အမှတ်တံဆိပ်နဲ့ အလံ အတည်ပြုနိုင်ရေး တင်ပြလာတဲ့ အပေါ် မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ  မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အရေးနိမ့်ခဲ့ပါတယ်။   ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စာလှယ် ၇၈ ဦးထဲကနေ ကန့်ကွက်တဲ့မဲ ၄၇ မဲ ထောက်ခံမဲ ၄ မဲ ရှိခဲ့တာကြောင့် အစိုးရအဖွဲ့ကနေ တင်ပြလာတဲ့ အမှတ်တံဆိပ် နဲ့ အလံကို လွှတ်တော်ကနေ အတည်မပြုဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဟာဆိုရင် ယှဉ်ပြိုင်လာတဲ့ အထဲကနေ အသင့်လျော်ဆုံး ယူဆတဲ့ လိုဂိုကို သဘောထားကြီးမှု ပူးပေါင်းဆောင်ရွက်လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူများနဲ့ အလံနဲ့ လိုဂိုကို ရွေးချယ်တင်ပြရခြင်းဖြစ်ပါတယ်။…

Read More

စပါးတရားမဝင်တင်ပို့မှု တားဆီးရေး အခက်ခဲများ ရှိနေသေး

(ပြည်ပနိုင်ငံတွေကို ဆန်စပါး တရားမဝင် တင်ပို့နေတာတွေကို ဘယ်လိုစီမံမလဲလို့ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။) ရန်ကုန် ၊ မတ် ၆၊ ၂၀၁၉ TGH ( VOM)   နယ်စပ်လမ်းကြောင်းတွေကနေ တရုတ်နိုင်ငံကို စပါး တရားမဝင် တင်ပို့ရောင်းချနေတာတွေကို ထိထိရောက်ရောက် တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ စပါးကို ပြည်ပသို့ တိုက်ရိုက်တင်သွင်းခွင့် ပိတ်ထားတဲ့ကြားကနေ တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကတဆင့်  တရားမ၀င်တင်ပို့မှုတွေ ရှိနေတဲ့အတွက် နစ်နာမှုနဲ့ ဆိုးကျိုးတွေ ရှိနေတာကို ဘယ်လိုစီမံမလဲဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး ရဲ့…

Read More

ရိုဟင်ဂျာတွေ ရခိုင်ပြန်ရင် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ကမ်းလှမ်း

ကော့ဘဇား၊ မတ်-၆ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်မယ်ဆိုရင် ဒုက္ခသည်တိုင်းကို အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ရိုဟင်ဂျာမူဆလင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးနဲ့ ဒုက္ခသည်ခေါင်းဆောင်တွေက မတ် ၅ ရက်မှာ ပြောပါတယ်။   တရုတ်နိုင်ငံရဲ့  အာရှရေးရာ အထူးသံတမန် Sun Gouxiang ဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ကို တွေ့ဆုံခဲ့တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာ လူ့အဖွဲ့အစည်း (ARSPH) ရဲ့ အတွင်းရေးမှူး Syed Ullah…

Read More

ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံစခန်းကို မြောက်ကိုရီးယား ပြန်လည်ပြုပြင်နေ

ဝါရှင်တန်၊ မတ်-၆ -၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံပစ်လွှတ်စင်တစ်ခုကို ပြန်လည်ပြုပြင် နေတာကို ဂြိုဟ်တုပုံရိပ်တွေအရ တွေ့ရှိထားတယ်လို့ အမေရိကန် စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့နှစ်ဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ပြောပါတယ်။   နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်မရရှိဘဲ ပြီးဆုံးသွားခဲ့တဲ့ အမေရိကန် နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာမှာ ဒုံးပျံပစ်လွှတ်စင်ကို ပြန်လည်ပြုပြင်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ဂြိုဟ်တုကနေဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။   မြောက်ကိုရီးယားနိုင်ငံ တောင်ချန်ရီ ဒေသမှာရှိတဲ့ စမ်းသပ်စခန်းကို ဂြိုဟ်တုလွှတ်တင်တာတွေနဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်ခြင်းတို့ အတွက်အသုံးပြုခဲ့ပြီး တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်စမ်းသပ်တာတွေတော့ ပြုလုပ်ခဲ့တာမရှိပါဘူး။   အဆိုပါ ဒုံးပျံစမ်းသပ်စခန်းကို လွန်ခဲ့တဲ့နှစ်က စတင်ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေရပ်ဆိုင်းနေခဲ့တာကြောင့် ဖျက်သိမ်းရေးလုပ်ငန်း ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဤအတောအတွင်း မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး လုပ်ဆောင်တာမရှိဘူးဆိုရင်…

Read More

အမေရိကန်ရုပ်သံစတား ကိုင်လေဂျန်နာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဖြစ်လာ

လော့စ်အိန်ဂျလိစ်၊မတ်-၆-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ရုပ်သံစတားတစ်ဦးဖြစ်တဲ့ ကိုင်လေဂျန်နာဟာ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ဘီလျံနာသူဌေးးစာရင်းမှာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။   ကမ္ဘာကျော်အနုညာရှင်မိသားစုဖြစ်တဲ့ ကာဒစ်ရှန်မိသားစုမှ အငယ်ဆုံးမိသားစုဝင်ဖြစ်သူ ကိုင်လေဂျန်နာဟာ ရောင်းအားအကောင်းဆုံးစာရင်းဝင် သူမရဲ့အလှကုန်ပစ္စည်းစီးပွါးရေးလုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေတွေကြောင့် ဘီလျံနာသူဌေးဖြစ်လာတာဖြစ်ပါတယ်။ အသက်၂၁နှစ်သာရှိသေးတဲ့ ကိုင်လေဂျန်နာဟာ Kylie အမှတ်တံဆိပ် အလှကုန်ပစ္စည်းကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သုံးနှစ်သက်တမ်းသာရှိသေးတဲ့ သူမရဲ့အလှကုန်စီးပွါးရေးလုပ်ငန်းဟာ ယမန်နှစ်က ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း၃၆၀ ၀င်ငွေရရှိခဲ့ပါတယ်။   သူမအနေနဲ့  အသက်၂၃နှစ်အရွယ်မှာ ဘီလျံနာသူဌေးတစ်ဦးဖြစ်လာတဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်ထက်ပို ငယ်တဲ့ အသက်အရွယ်မှာ ဘီလျံနာသူဌေးဘဝသို့ ရောက်ရှိလာတာဖြစ်ပါတယ်။   အနာဂါတ်ကို့ ကြိုမမြင်နိုင်တဲ့အတွက် ဘယ်လိုအရာမျိုးကိုမှ ကြိုတင်မျှော်လင့်မထားဘူးလို့ ကိုင်လေဂျန်နာက ဆိုပါတယ်။ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ စာရင်းမှာတော့ အမေဇုန်အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းတည်ထောင်သူ  ဂျက်ဖ်ဘီဇော့စ်က ၁၃၁…

Read More
VOM News

FREE
VIEW