စစ်တွေမြို့နယ်မှာ နေအိမ်မီးလောင်မှုကြောင့် လူဦးရေ ၅၀ နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်နေ

စစ်တွေ၊ မတ် ၁၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက ဒါးပိုင်မူဆလင်ကျေးရွာမှာ  မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၄၇ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီမီးလောင်မှုမှာ ဒါးပိုင်ကျေးရွာနေ ဦးရော်ဖီနေထိုင်တဲ့ ဆိုင်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထမင်းချက်ပြုဖို့အတွက် မီးမွေးထားတဲ့မီးဖိုကနေ ဝါးထရံကိုကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

“မီးလောင်တာက မနေ့က မနက် ၈ နာရီလောက်မှာ စလောင်တာပါ။ နေအိမ် ၇ လုံးဆုံးရှုံးသွားတယ်။ လူနေတဲ့ဈေးဆိုင်ခန်းကနေ ထမင်းချက်တဲ့မီးဖိုက စလောင်တာပါ။ ပေါ့ဆမီးဖြစ်ပါတယ်။”လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇ စုမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ယာယီတဲတွေနဲ့နေရာချထားမှုတွေ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ “မီးလောင်သွားတဲ့နေအိမ်တွေက မိသားစုတွေကတော့ လောလောဆယ်မှာ ယာယီတဲတွေနဲ့ နေကြပါတယ်။ ရွာမှာ ယာယီနေရချထားပေးထားတာဖြစ်ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ကျောက်တော်မြို့၊ ပြည်တောာ်သာရပ်ကွက်အတွင်းမှာ စိတ်မနှံသူတစ်ဦးကို နေအိမ်ဝါးထရံကိုမီးရှို့ရာကနေ နေအိမ်မီးလာင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ -ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့

#voiceofmyanmar #မီးလောင် #စစ်တွေ #ရခိုင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW