မန္တ​လေးမြို့မှာ ဖုန်းအားသွင်းရာက​နေ အပူလွန်​ကဲပြီး မီး​လောင်​မှုဖြစ်​ပွား

မန္တ​လေး၊ ​မတ်​ ၁၃-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​၊ မဟာအ​နောက်ရပ်​ကွက်​၊ ၈၃လမ်း လမ်း၄၀ နဲ့ ၄၁ကြားက အာစီ ၃ထပ်​တိုက်​​နေအိမ်​ ဒုတိယထပ်​မှာ ဖုန်းအားသွင်းတဲ့ အိတ်​စတန်းရှင်းကြိုး​ခွေ နှစ်​ပင်​လိမ်​ရာကနေ အပူလွန်​ကဲပြီး မီး​လောင်​ကျွမ်းမှုတစ်​ခု ဒီက​နေ့ ညပိုင်းက ဖြစ်​ပွားခဲ့ပါတယ်​။ #voiceofmyanmar #မီးလောင် #မဟာအောင်မြေ #မဟာအနောက်

Read More

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်သာစခန်းမှာ ထိုင်ပြီးလုပ်နေကြရတယ်လို့ပြော

မတ် ၁၂-၂၀၁၉ သစ်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်သာစခန်းမှာထိုင်ပြီးလုပ်နေကြရတယ်လို့ ကြည့်မြင့်တိုင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပဲခူးတိုင်း ဝေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးတင်ထွေးတင်ပြသွားတဲ့ မြို့ပြတွေမှာတရားဥပဒေစိုးမိုးပြီး ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံမှုရှိစေဖို့ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေတာကိုကာကွယ်တားဆီးဖို့အတွက်ဦးစာပေးအဆင့်နဲ့ဆောင်ရွက်ပေးနိုင်ဖို့နိုင်ငံတော်အစိုးရကိုတိုက်တွန်းတဲ့ အဆိုကို ထောက်ခံဆွေးနွေးရာမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ”မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာပြည်သူလူထုရဲ့လူနေမှုဘဝလုံခြုံမှုရှိစေရေးကိုကြိုတင်ကာကွယ်မှုမပေးနိုင်ပဲ ခိုက်ရန်ဖြစ်ပွားပြီးသေမှအလောင်းကောက်ဆေးရုံပို့တဲ့အလုပ်နဲ့ ပြေးတဲ့တရားခံကိုရှာဖွေဖမ်းဆီးရတဲ့အလုပ်တွေကိုသာစခန်းမှာထိုင်ပြီး လုပ်နေကြရတယ်  လို့ကြည့်မြင့်တိုင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကထည့်သွင်းပြောဆိုသွားတာပါ။ ”ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းခွင်ကိုအသေအချာကြည့်ရင်ရဲစခန်းလာတိုင်ရင်အမှုဖွင့် တရားခံဖမ်းပြီးတရားရုံးပို့တဲ့အလုပ်ကလွဲပြီး မြို့ရွာလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကိုယ်ကျ ဆင်းပြီးကာကွယ်ပေးတဲ့ အလုပ်မျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘဲ ဟန်ပြယောင်ပြ အဆင့်လောက်သာဆောင်ရွက်ပေးနေတာကိုတွေ့မြင်ရပါတယ်”လို့သူကပြောပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်းမှာ လတိုင်းထောင်ချီပြီးမှုခင်း တွေဖြစ်ပွာနေတယ်လို့ ဆိုပါတယ်။ #voiceofmyanmar #ရဲတပ်ဖွဲ့ #ပြည်သူ့လွှတ်တော်

Read More

ဆီးရီးယားရှိ ရာနဲ့ချီတဲ့ အိုင်အက်စ်စစ်သွေးကြွ တွေ လက်နက်ချ

ဒမတ်စကတ် မတ်-၁၃ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံက အိုင်အက်စ် စစ်သွေးကြွတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ မတ် ၁၂ ရက်မှာ လက်နက်ချလိုက်ပြီး အိုင်အက်စ်စစ်သွေးကြွတွေရဲ့ နောက်ဆုံးခြေကုပ်ယူထားရာနေရာကို လက်လွှတ်ရလုနီးပါးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့က ပြောပါတယ်။ အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူထားရာ ဘက်ဟော့ဇ်ဒေသကို အရင်သီတင်းပတ်တွေ ၀ိုင်းရံထားပြီးနောက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာညွှန့်ပေါင်းတပ်ဖွဲ့မှာ လေကြောင်းပစ်ကူတွေပေးခြင်းနဲ့အတူ မတ် ၁၀ ရက်ကစပြီး ဘက်ဟော့ဇ်ဒေသကို သိမ်းပိုက်နိုင်ဖို့ အပြီးသတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ဆီမှာ ရာနဲ့ချီတဲ့ အိုင်အက်စ်တွေ လက်နက်ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနယ်မြေဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့မှ မောင်းထုတ်ခံလိုက်ရတဲ့ ပျမ်းမျှ သုံးပုံတစ်ပုံပမာဏရှိတဲ့ အိုင်အိုက်စ်တို့ ထိန်းချုပ်ထားရာပိုင်နက်ရဲ့ နောက်ဆုံးခြေမှုန်းခံရတဲ့ နေရာဖြစ်ပါတယ်။ လက်နက်ချခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဝင် အရေအတွက် ၃၀၀၀ အထိတိုးမြင့်လာပြီလို့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်သူ…

Read More

အရေးပေါ်လူနာသယ်ဆောင်လာသည့်ကားကို စစ်တပ်ကဖမ်းဆီး လူ ၁၀ ဦးပျောက်နေ မြောက်ဦး၊ မတ် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက လူနာတစ်ဦးကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ဖို့ မနေ့ကယူဆောင်လာချိန်မှာ ခလရ ၅၄၀ နယ်မြေခံတပ်ရင်းက မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာနားမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလူနာမှာ အသက် ၂၃ နှစ်အရွယ် မောင်လှမောင်ဝင်းဆိုသူ ဖြစ်ပြီး ငှက်ဖျားရောဂါအသည်းအသန်ဖြစ်ပွားနေပြီး သတိလစ်နေတဲ့အတွက် နီးစပ်ရာကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအသင်းကို အကူအညီတောင်းပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ “ငှက်ဖျားရောဂါဖြစ်နေတဲ့ လှမောင်ဝင်းဟာ စိုးရိမ်ရတဲ့အတွက် မနေ့ကညနေပိုင်းက သူနေတဲ့ သဘောက်စာ တဲစုကနေ သွားယူပြီးတော့ ကျောင်းတောင် လူမှုကူညီရေးသင်းက လိုက်ပို့ပေးတာပါ။ အဲ့ဒါကို ချောင်းသစ်ရွာအလွန်မှာ တပ်ကနေဖမ်းဆီးသွားတာဖြစ်ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းတောင်လူမှုကူညီရေးအသင်းက ဦးမောင်ထွန်း ဦးစိုးစိုးနိုင် ဦးမောင်စောထွန်း (၃၃) နှစ် ၊ ကိုဇော်မင်းထွန်း (၂၀)…

Read More

ဗီဇာကဒ်တွေကို လူတန်းစားမရွေးအသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အကြွေးဝယ်ကဒ်ရယူဖို့ အခက်အခဲတွေရှိနေ

ရန်ကုန် ၊ မတ် ၁၃ TGH (VOM) Visa card တွေကို လူတန်းစားမရွေးသုံးစွဲနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ချိတ်ဆက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့  Credit Card ရယူဖို့ ဘဏ်တွေကိုလျှောက်တဲ့အခါ အဆင်မပြေမှု အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားတွေ အသုံးမပြုနိုင်သေးဘူး လို့ ဗီဇာကဒ်လျှောက်ထားသူ အချို့ကပြောဆိုပါတယ်။ ဒီလို အကြွေးဝယ်ကဒ်လျှောက်ထားတဲ့အခါ  အဆင်မပြေတာတွေ ၊ အခက်အခဲတွေကြုံတွေ့ရတာဟာ အကြွေးဝယ်ကဒ်ဖြစ်တာအပြင် အကြွေးဝယ်ကဒ်ဖြစ်လို့  ဘဏ်အနေနဲ့ လိုအပ်တဲ့အချက် အလက်တွေကို တောင်းခံတာမျိုးရှိသလို နိုင်ငံရဲ့အခြေအနေ အရ ဥပဒေဘောင်အတွင်းကနေ ဗဟိုဘဏ်မှ ချမှတ်ထားတာတွေကို လိုက်နာရတာတွေရှိတာကြောင့် အကြွေးဝယ်ကဒ်လျှောက်ထားတဲ့ အခါ လတ်တလော အခက်အခဲရင်ဆိုင်နေရတာဖြစ်နိုင်ကြောင်းနဲ့ ၄င်းကဒ်အတွက် အခက်အခဲရှိပါက debit card ကို ရွေးချယ်သုံးစွဲနိုင်တယ်လို့  Visa Myanmar  ရဲ့ Country Manager ဖြစ်သူ Lilian…

Read More

သင်္ကြန်မှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်ဆိုတဲ့ ဇော်ဝင်းထွဋ်

ရန်ကုန် မတ် ၁၃-၂၀၁၉ သင်းသဒ္ဒါ ရော့ခ်ဂီတနဲ့ ပရိသတ်ကို ခုချိန်ထိဆွဲဆောင်နိုင်ခဲ့တဲ့ အဆိုရှင်ကြီး ဇော်ဝင်းထွဋ်ကတော့ ခုနောက်ပိုင်း သင်္ကြန်တွေမှာ ယဉ်ကျေးမှုထိန်းတာနည်းလာကြတယ်လို့ဆိုပါတယ်။ ”သင်္ကြန် သီချင်းတွေကို အဆင့်အတန်းတစ်ခုနဲ့ သီချင်းတွေ ထွက်ဖို့တော့ လိုတာပေါ့။သင်္ကြန်ကတော့ အပျော်ပဲကွာ။ စာသားတွေကလည်း ကိစ္စမရှိဘူး နောက်ပြောင်တာဖြစ်မယ်။ နောက် အဓိပ္ပါယ်အမျိုးမျိုး ထွက် တာတွေလည်း ရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်နောက်ပြောင်နဲ့ စာသားတွေလည်း ဖြစ်မယ်။ ဒီအပေါ်မူတည်ပြီးတော့ သီချင်းစာသားတွေ ဖန်တီးရင်တော့ မှားသွားမှာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၉ မဟာသင်္ကြန်အတွက် ရည်ရွယ်ပြီးတော့ နာမည်ကြီးအဆိုတော် ၅ ဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် ၊Rဇာနည်၊ ရင်ဂို၊ ဝေလ ၊ လင်းလင်း၊ စည်သူလွင်တို့က သီဆိုထားက ပါဝင်တဲ့” နွေနတ်သမီး ” Summer Angel သင်္ကြန်သီချင်းခွေကို မနေ့ကထွက်ရှိခဲ့ပါတယ်။   မြန်မာ့ရိုးရာသင်္ကြန် ပတ်သက်ပြီး…

Read More

ဗဟိုဘဏ်အနေနဲ့  ခေတ်နှင့်မလျော်ညီတော့တဲ့ ငွေအကြွေတချို့ကို တရားဝင်သုံးစွဲခွင့် ရုပ်သိမ်းသင့်

ရန်ကုန် ၊ မတ် ၁၃ TGH (VOM)   အခုခေတ်  လူမှုအသိုင်းအဝိုင်း ပြည်သူတွေအကြားမှာ ငွေကြေးသုံးစွဲတဲ့အခါ   ခေတ်နဲ့လျော်ညီမှုမရှိတော့တဲ့ ငွေစက္ကူအကြွေတွေကို ဗဟိုဘဏ်အနေနဲ့  တရားဝင်ဖျက်သိမ်းသင့်တယ်လို့ ပြည်သူတချို့က ဝေဖန်အကြံပြုပြောဆိုခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ သတင်းနဲ့လုံခြုံရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘဏ်အနေနဲ့ တရားဝင်သုံးစွဲခွင့်ဖျက်သိမ်းထားတဲ့ငွေအကြွေ ၇၅ ကျပ်တန် ၂၅ကျပ်တန် ၃၅ ကျပ်တန်တွေသာရှိကြောင်း၊ ကျန်တဲ့ ၁ ကျပ်တန်ကအစ အကြွေတွေဟာ ဗဟိုဘဏ်ရဲ့ တရားဝင်သုံးစွဲလျက်ရှိတဲ့ငွေစက္ကူထဲမှာပါဝင်တာကြောင့် နေရာတိုင်းမှာသုံးစွဲခွင့်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုတဲ့အပေါ် ပြည်သူတစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က “တရားဝင် သုံးစွဲခွင့်ရှိတယ်ဆိုတာ မှန်ပါတယ်။တကယ်တမ်းသုံးစွဲတဲ့အခါမှာကျ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ငွေနှစ်ရာပြည့်ဖို့တောင် ၅ကျပ်တန်ကို အရွက် ၄၀ ကိုင်ရမယ်။ ဒီနေ့ခေတ်အနေနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့အနေထားဖြစ်တယ်။ဒီတော့ ဒါတွေကို ဗဟိုဘဏ်အနေနဲ့ သုံးစွဲခွင့် ရပ်လိုက်သင့်တယ်။ပြီးရင် ငွေအကြွေလဲချင်တဲ့သူတွေကို ဘဏ်မှာ ရက်တခုသတ်မှတ်ပြီးပြန်လဲလှယ်ပေး၊ ဘယ်သူမှလည်း လဲမယ်မထင်ပါဘူး၊အားလုံးက ကိုယ်ငယ်ငယ်ထဲကသုံးတာ…

Read More

စစ်တွေမြို့နယ်မှာ နေအိမ်မီးလောင်မှုကြောင့် လူဦးရေ ၅၀ နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်နေ

စစ်တွေ၊ မတ် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက ဒါးပိုင်မူဆလင်ကျေးရွာမှာ  မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၄၇ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲ့ဒီမီးလောင်မှုမှာ ဒါးပိုင်ကျေးရွာနေ ဦးရော်ဖီနေထိုင်တဲ့ ဆိုင်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထမင်းချက်ပြုဖို့အတွက် မီးမွေးထားတဲ့မီးဖိုကနေ ဝါးထရံကိုကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ “မီးလောင်တာက မနေ့က မနက် ၈ နာရီလောက်မှာ စလောင်တာပါ။ နေအိမ် ၇ လုံးဆုံးရှုံးသွားတယ်။ လူနေတဲ့ဈေးဆိုင်ခန်းကနေ ထမင်းချက်တဲ့မီးဖိုက စလောင်တာပါ။ ပေါ့ဆမီးဖြစ်ပါတယ်။”လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇ စုမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ယာယီတဲတွေနဲ့နေရာချထားမှုတွေ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ “မီးလောင်သွားတဲ့နေအိမ်တွေက မိသားစုတွေကတော့…

Read More

Boeing 737 Max လေယာဉ်အသုံးပြုမှု အီးယူနဲ့ နိုင်ငံအချို့ ယာယီရပ်ဆိုင်း

ဘရပ်ဆယ်၊ မတ် ၁၂-၂၀၁၉ မျိုးဆက်(VOM) ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှု သေချာစေဖို့အတွက် ဗြိတိန်အပါအ၀င် ဥရောပသမဂ္ဂဟာ Boeing 737 Max ခရီးသည်တင်လေယာဉ်နဲ့ ပြေးဆွဲပျံသန်းတာတွေကို တားမြစ်လိုက်ပါတယ်။ မတ် ၁၀ ရက်က အီသီယိုပီးယားလေကြောင်းလိုင်း လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် လိုက်ပါလာသူ ၁၅၇ ဦးသေဆုံးပြီးနောက် ဥရောပသမဂ္ဂက ယခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။ ဒီမတော်တဆမှုဟာ Boeing 737 Max လေယာဉ်အမျိုးအစားတွေနဲ့ပတ်သက်ပြီး ငါးလအတွင်း ဒုတိယအကြိမ်မြောက် အသေအပျောက်ဖြစ်ခဲ့တဲ့ မတော်တဆမှုဖြစ်ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေကတော့ ဒီလေယာဉ်တွေဟု ပြေးဆွဲဖို့ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုထားပြီး အမေရိကန် လေကြောင်း အစည်းအရုံးကတော့ ပြေးဆွဲမှုတွေ ယာယီရပ်ဆိုင်းထားဖို့ တိုက်တွန်းထားပါတယ်။ အိန္ဒိယနိုင်ငံမြို့ပြလေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနကလည်း အဆိုပါလေယာဉ်အမျိုးအစားတွေနဲ့ ပျံသန်းပြေးဆွဲတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ကြေညာခဲ့သလို ဗြိတိန်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကလည်း ပျံသန်းမှုရပ်ဆိုင်းဖို့ ယမန်နေ့အစောပိုင်းကကြေညာခဲ့ပါတယ်။ အီသီယိုပီးယား လေယာဉ်မတော်တဆမှုဖြစ်ပြီးနောက်…

Read More

တိုင်းအစိုးရကနေ ​မြေ​နေရာ​ပေးရင် တန်​ဖိုးနည်းအိမ်​ရာတွေ ဆောက်​လုပ်​​ပေးမယ်

မတ် ၁၂-၂၀၁၉ သစ်တော် ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့က ​မြေ​နေရာစီစဉ်​​ပေးရင် ​ဆောက်​လုပ်​​ရေး လုပ်​ငန်းရှင်​တွေအ​နေနဲ့ တန်​ဖိုးနည်း အိမ်​ရာတွေကို ​ဆောက်​လုပ်​​ပေးမယ်လို့ လုပ်​​ရေးလုပ်​ငန်းရှင်​အချို့က​ပြောပါတယ်။တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ချပေးနိုင်တယ်လို့ (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁) နှင့် စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာရှိပါတယ်။ ၊ရန်​ကုန်​မြို့​တော်​ည်​ပင်​သာယာ​ရေး​ကော်​မတီ ၊ ​ကော်​မတီဝင်​​လောင်း ဦးစိုးမင်းဦးပြောပြတာကတော့ ​”အိုးမဲ့အိမ်​မဲ့ ၊ ကျုး​ကျော်​​တွေအတွက်​ဆို အစိုးရက ​မြေ​နေ ရာခွင့်​ပြု​ပေးဖို့ဘဲလိုတာ။ ကျွန်​​တော်​ကိုယ်​တိုင်​လဲ ကန်​ထ ရိုက်​ဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့လို အိမ်​ရာ​ဆောက်​လုပ်​ မယ့်​ ကန်​ထရိုက်​​တွေအများကြီးရှိတယ်​။ လုပ်​ချင်​တဲ့သူ ​တွေအများကြီး ၊အစိုးရက​မြေသာ​ပေးလိုက်​။ ကျွန်​​တော်​တို့ ကအိမ်​ယာ​ဖော်​​ဆောင်​ဖို့အလွယ်​တကူ ဖြစ်​သွားမယ်​။ ဒီလို ​ဖော်​​ဆောင်​လိုက်​ရင်​ အိုးမဲ့အိမ်​မဲ့ ​တွေကင်းသွားမယ်​။ အနည်းဆုံး​တော့​နေထိုင်​ဖို့ ကအဆင်​​ပြေမှာပါ။ ရန်​ကုန်​တိုင်း​ဝန်​ကြီးချုပ်​က​မြေ​နေရာကို ဇီးရိုး အထိ​တောင်​ချ​ပေး…

Read More
VOM News

FREE
VIEW