Boeing 737 Max လေယာဉ်အသုံးပြုမှု အီးယူနဲ့ နိုင်ငံအချို့ ယာယီရပ်ဆိုင်း

ဘရပ်ဆယ်၊ မတ် ၁၂-၂၀၁၉

မျိုးဆက်(VOM)

ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှု သေချာစေဖို့အတွက် ဗြိတိန်အပါအ၀င် ဥရောပသမဂ္ဂဟာ Boeing 737 Max ခရီးသည်တင်လေယာဉ်နဲ့ ပြေးဆွဲပျံသန်းတာတွေကို တားမြစ်လိုက်ပါတယ်။ မတ် ၁၀ ရက်က အီသီယိုပီးယားလေကြောင်းလိုင်း လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် လိုက်ပါလာသူ ၁၅၇ ဦးသေဆုံးပြီးနောက် ဥရောပသမဂ္ဂက ယခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒီမတော်တဆမှုဟာ Boeing 737 Max လေယာဉ်အမျိုးအစားတွေနဲ့ပတ်သက်ပြီး ငါးလအတွင်း ဒုတိယအကြိမ်မြောက် အသေအပျောက်ဖြစ်ခဲ့တဲ့ မတော်တဆမှုဖြစ်ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေကတော့ ဒီလေယာဉ်တွေဟု ပြေးဆွဲဖို့ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုထားပြီး အမေရိကန် လေကြောင်း အစည်းအရုံးကတော့ ပြေးဆွဲမှုတွေ ယာယီရပ်ဆိုင်းထားဖို့ တိုက်တွန်းထားပါတယ်။

အိန္ဒိယနိုင်ငံမြို့ပြလေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနကလည်း အဆိုပါလေယာဉ်အမျိုးအစားတွေနဲ့ ပျံသန်းပြေးဆွဲတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ကြေညာခဲ့သလို ဗြိတိန်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကလည်း ပျံသန်းမှုရပ်ဆိုင်းဖို့ ယမန်နေ့အစောပိုင်းကကြေညာခဲ့ပါတယ်။ အီသီယိုပီးယား လေယာဉ်မတော်တဆမှုဖြစ်ပြီးနောက် Boeing 737 Max လေယာဉ်အမျိုးအစားတွေ အသုံးပြုမှု ယာယီ ရပ်ဆိုင်းခဲ့တဲ့ နိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂ အပြင်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ စင်ကာမူ၊ တူရကီ၊ နော်ဝေ၊ အီသီယိုပီးယား၊ ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီ၊ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ဖြစ်ပါတယ်။

Ref : BBC Photo: Getty Images

 

#voiceofmyanmar #ဘိုးရင်း #737Max #ဘရပ်ဆယ်  #နိုင်ငံတကာသတင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW